အတိုးအလျှော့မရှိရင် အလုပ်မဖြစ်တော့ပါ

တိုးတက်မှု လို့ပြောရင် ပထမ ၃ လ၊ ဒုတိယ ၃ လ၊ ပထမ ၆ လ ဒုတိယ ၆ လ၊ ပထမ တနှစ်၊ ဒုတိယ တနှစ် အတွင်း လုပ်ဆောင်ချက်တွေရဲ့ လုပ်ငန်းတိုးတက်မှုတွေကို တိုင်းထွာတာဖြစ်ပါတယ်။ ဒီ့အတွက် လက်ရှိ အာဏာရ အစိုးရ ရဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှု၊ ငြိမ်းချမ်းရေးဖွံ့ဖြိုးတိုးတက်မှု တွေရဲ့ လုပ်ဆောင်ချက်တွေကို ဒီကာလ လေးတွေနဲ့ တိုင်းထွာကြည့်မယ် ဆိုရင် …..

နိုင်ငံတော်အတိုင်အပင်ခံ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့လက်ရှိ အာဏာရ NLD အစိုးရ ကနေ ဦးဆောင်ပြီး ၂၁ ရာစု ပင်လုံညီလာခံ ပထမ အကြိမ် လုပ်ဆောင်နိုင်တာတွေဟာ ဖွံ့ဖြိုးတိုး တက်မှု လို့ပြောလို့ရ မလား။ ပင်လုံ ဆိုတဲ့ စကားလုံးကို ပြန်လည်အသုံးပြုလာတာ တိုင်းရင်းသားတွေ ကျေနပ်ပုံတော့ရပါတယ်။ အမှန်တော့ ပြီးဆုံးသွားတဲ့ ပထမ အကြိမ်ဟာ ဦးသိန်းစိန်အစိုးရ ဦးဆောင် လာတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကြီး ရဲ့ အဆက်ပါဘဲ။ ဒါ့ကြောင့် ဖွံ့ဖြိုးတိုးတက်မှု ရှိမရှိ မကြာမီထပ်မံကျင်းပမယ့် ဒုတိယ အကြိမ် က ညီလာခံ က အဆုံးအဖြတ်ပေးလိမ့်မယ်လို့ ပြောရ ပါမယ်။

လာမယ့်လ အတွင်းမှာ ကျင်းပမယ့် ၂၁ ရာစု ပင်လုံညီလာခံ ဒုတိယ အကြိမ်ခံမှာ တက်ရောက်လာ တဲ့ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေက တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် NCA လက်မှတ် ထပ်မံရေးထိုးတဲ့အဖွဲ့တွေ ပိုမိုပါဝင်လာမယ်ဆိုရင် ဒေါ်စုအစိုးရအတွက် မျက်နှာပန်းလှ စေပါတယ်။ မများလာတဲ့အပြင် ပါဝင်လာတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေပိုလျှော့ နည်းသွားမလား …. ပိုနည်းသွားရင်တော့ ခေါင်းဆောင်တွေကြား ယုံကြည်မှု ပိုအားနည်းလာတယ်။ အမျိုးသားပြန်လည် ရင်ကြားစေ့ရေးအတွက် အားမကောင်းသေးဘူး …. နှစ်ဘက်လုံးက ပြည်ထောင်စုကြီးကို ရှေ့ရှုပြီး အလျှော့အတင်းပြုလုပ်မှ အလုပ်ဖြစ်တော့မယ်၊ ဆုပ်ကိုင်ထားတဲ့လမ်းစဉ်က အလုပ်မဖြစ်တော့ဘူး ဆိုတာ ထည့်သွင်းစဉ်းစားသင့်ပါတယ်။

အထူးသဖြင့် နိုင်ငံတော်အစိုးရ နှင့် တပ်မတော် တို့ဘက် က တိုင်းရင်းသား ခေါင်းဆောင်တွေဘက် အမှန်တကယ်ဘာလိုအပ်လဲ ဘာတွေပေးနိုင်မယ်၊ ဘာတွေမပေးနိုင်ဘူး၊ အပြတ်ပြောဖို့ လိုပါတယ်။ မင်းတို့ကိုယ့်ကိုကိုယ်ယုံကြည်မှုအပြည့်နဲ့လာပြီးလက်မှတ်ထိုးကြပါလို့ပြောပြီး တဘက်ကလဲ စစ်ရေးပြင် ဆင်လှုပ်ရှားနေတာ၊ စစ်ရေးခြိမ်းခြောက်မှုပြုနေတာ၊ တပ်မတော်ကပေးတဲ့ မူ ၆ ရပ်ကိုဘဲ အတင်းချပြ နေတာတွေဟာ လက်နက်ကိုင်တော်လှန်ရေးလုပ်နေတဲ့ တပ်ဖွဲ့တွေကို တွဲခေါ်ရာမရောက်ပါဘူး။

ဖေဖေါ်ဝါရီ ၂၂ – ၂၄ ရက်နေ့ က ဝ ဌာနချုပ် ပန်ဆန်းမြို့မှာ ကျင်းပတဲ့ လက်နက်ကိုင်တပ်ဖွဲ့ ထိပ်သီး ညီလာခံ တတိယ အကြိမ်အစည်းဝေးကို ကြည့်ရင် NCA လုပ်ငန်း အလုပ်မဖြစ်တော့ တဲ့အကြောင်း ၎င်းတို့က ရဲရဲဝင့်ဝင့် ထောက်ပြလာနေပါတယ်။ ဒါဟာ NCA ခရီး မပေါက်စေတာ၊ NCA ကို NLD က ဦးဆောင်လုပ်လာတာ အလုပ်မဖြစ်တာ စတာတွေ ပြသနေပါတယ်။

ဒီ့အတွက် UNFC တောင်းဆိုထားတဲ့ ၈ ချက်ကို နိုင်ငံတော်အစိုးရက လိုက်လျောရင် UNFC အဖွဲ့ဝင် တွေ NCA လက်မှတ်ထိုးလာမယ်။ NCA လက်မှတ်ထိုးတဲ့ အဖွဲ့တွေ ၈ ဖွဲ့ကနေ တဆင့် ပိုမိုများပြား လာမယ်။

ဒီ့အတွက် မတ်ခ်ျလဆန်းပိုင်းမှာ နိုင်ငံတော် အတိုင်အပင်ခံ ဒေါ်ဆောင်ဆန်းစုကြည် နဲ့ ညီညွတ်သော တိုင်းရင်းသား လူမျိုးများဖက်ဒရယ်ကောင်စီ ခေါင်းဆောင်ပိုင်းများ နှင့်တွေ့ရင် ဒေါ်ဆောင်ဆန်းစုကြည် အနေနဲ့ ‘မိမိကိုယ်မိမိ ယုံကြည်မှုအပြည့်နဲ့ လက်မှတ်လာထိုးကြပါ’ လို့ပြောနေမယ့်အစား ‘သူတို့ဘာလို့ ငါ့ကိုမယုံကြည်တာလဲ ယုံကြည်အောင်ငါဘာလုပ်ပြရမှာလဲ၊ သူတို့ဘက်ကကော အလျှော့အတင်းလေး ဘာလျှော့ပေးနိုင်မှာလဲ၊ ငါ့ဘက်ကကောဘာတွေ လျှော့ပြီး စဉ်းစားပေးမလဲ’ ဆိုတာ စဉ်းစားသင့်ပါတယ်။

နိုင်ငံတော်အတိုင်အပင်ခံ၊ တပ်မတော် အပါအဝင် တိုင်းရင်းသားခေါင်းဆောင်တွေ အလျှော့အတင်း လေးများပြုလုပ်ပြီး နိုင်ငံတော်ကောင်းစားရေး၊ တိုင်းသူပြည်သားကောင်းစားရေးအတွက် ထိုက်တန်တဲ့ ပြည်သူ့ခေါင်းဆောင်ကောင်းတွေဖြစ်ကြပါစေ။

(အယ်ဒီတာ)
သျှမ်းသံတော်ဆင့်

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ထိုင်းရောက် အာဏာသိမ်းသမ္မတနှင့် စစ်ရာဇဝတ်မှု စွပ်စွဲချက်များ

0
အာဏာသိမ်း သမ္မတ၏ ထိုင်းနိုင်ငံခရီးစဉ်အတွင်း ထိုင်းအစိုးရက လက်ခံတွေ့ဆုံမှုကို ထိုင်းအရပ်ဘက်အဖွဲ့အစည်းများက ပြင်းပြင်းထန်ထန်ကန့်ကွက်ရှုတ်ချကြောင်း ထိုင်းသတင်းများတွင် ဖော်ပြသည်။ ၂၀၂၁ ခုနှစ် မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက် စစ်ခေါင်းဆောင်ဖြစ်ခဲ့ပြီး ၎င်းကိုယ်တိုင် စီစဉ်ကျင်းပခဲ့သည့် ရွေးကောက်ပွဲများမှ သမ္မတဖြစ်လာသူ ဦးမင်းအောင်လှိုင်၏ ထိုတွေ့ဆုံမှုသည် စစ်အာဏာသိမ်းမှုကို နိုင်ငံရေးအရ တရားဝင်မှု ပေးအပ်ရာရောက်ပြီး မြန်မာပြည်သူများ...

အောင်ပန်းတွင် အသက် (၆) နှစ်အရွယ်ကလေး နားကပ်လုခံရပြီး ရေထဲပစ်ချခံရ

0
သျှမ်းပြည်တောင်ပိုင်း၊ အောင်ပန်းမြို့ နောင်ရဲကျေးရွာနေ အသက် (၆)နှစ်အရွယ် ကလေးတဉီးသည် နားကပ် လုခံရပြီး ရေတွင်းထဲ ပစ်ချခံရကာ သေဆုံးသွားကြောင်း သတင်းရရှိသည်။   ဖြစ်စဉ်မှာ ယမန်နေ့ ဩဂုတ်လ (၆) ရက်နေ့ ညနေ ၅ နာရီခွဲ တွင် အောင်ပန်းမြို့ နောင်ရဲကျေးရွာရှိ အသက် (၆)...

လားရှိုး ရေကြီး၊ နေအိမ်နှင့် လယ်များ ရေနစ်မြှုပ်

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့နယ်တွင် မိုးဆက်တိုက် ရွာသွန်းမှုကြောင့် နမ့်ယောင်ချောင်းရေ မြင့်တက်ကာ နေအိမ်များ နှင့် လယ်ကွက်များ ရေနစ်မြှုပ်နေကြောင်း သတင်းရရှိသည်။ ယခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် လားရှိုးမြို့နယ် နမ့်ယောင်ချောင်းရေ မြင့်တက်လာကာ လားရှိုးမြို့ရှိ ရပ်ကွက် (၁၂)၊ ရပ်ကွက် (၅) နှင့် ခေးခမ်းကျေးရွာဘက်ရှိ...

မြန်မာ အာဏာသိမ်း သမ္မတ ထိုင်းလွှတ်တော်သို့ ရောက်ရှိစဉ် ထိုင်းလွှတ်တော်အမတ်တစ်ဦး အော်ဟစ် ဆန္ဒပြ

0
ထိုင်းနိုင်ငံသို့ ရောက်ရှိနေသည့် အာဏာသိမ်း သမ္မတ ဦးမင်းအောင်လှိုင် ယနေ့ ဩဂုတ်လ ၇ ရက် (သောကြာနေ့) က ထိုင်းလွှတ်တော်သို့ ရောက်ရှိလာစဉ် ထိုင်းလွှတ်တော်အမတ်တစ်ဦးက "ငြိမ်းချမ်းရေးအတွက်၊ လူသားချင်းစာနာမှုအတွက်" (For peace, for humanity) ဟု ကျယ်လောင်စွာ ကြွေးကြော်၍ ပြင်းပြင်းထန်ထန်...

ချင်းမိုင်တွင် ကာယလုပ်သားအဖြစ် မှတ်ပုံတင်ထားပြီး သန့်ရှင်းရေးအလုပ်လုပ်ကိုင်သည့် မြန်မာအမျိုးသမီးတစ်ဦး ထိုင်းလဝကဖမ်းဆီး

0
ထိုင်းနိုင်ငံ၊ ချင်းမိုင်ခရိုင်၊ ချင်းဒေါင်မြို့နယ်ရှိ Resort တစ်ခုတွင် တရားဝင် ခွင့်ပြုထားသည့် အလုပ်အကိုင်အား‌ ကျော်လွန်လုပ်ကိုင်ပြီး အလုပ်ရှင်နှင့် အလုပ်နေရာ ပြောင်းလဲမှုကို အလုပ်သမားရုံးထဲ အကြောင်းကြားရန် ပျက်ကွက်ခဲ့သည့် မြန်မာရွှေ့ပြောင်း အလုပ်သမား အမျိုးသမီးတစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း ချင်းမိုင်သတင်းတွင်ဖော်ပြသည်။ ချင်းမိုင် လူဝင်မှုကြီးကြပ်ရေးဌာနနှင့် စုံစမ်းစစ်ဆေးရေးဌာနခွဲတို့မှ ပူးပေါင်းတပ်ဖွဲ့များ ဝင်ရောက်...