ထိုင်းတွင် ဖမ်းဆီးခံရ မြန်မာအမျိုးသမီး တဦးကို ရဲအရာတဦးက မုဒိမ်းကျင့်

ထိုင်းနိုင်ငံ ဆူရတ်ဌာနီ ခရိုင်ရှိ ရဲစခန်းတခုတွင် ဖမ်းဆီးခံထားရသည့် မြန်မာအမျိုးသမီး တဦးကို ရဲအရာရှိ တဦး က မုဒိမ်းကျင့်ခဲ့ကြောင်း ထိုင်းနိုင်ငံ မီဒီယာများ ဖော်ပြချက် အရသိရသည်။

ထိုင်းနိုင်ငံ ဆူရတ်ဌာနီ ခရိုင်ရှိ ရဲစခန်း တခုတွင် မူးယစ်ဆေးဝါး သံသယဖြင့် ဖမ်းဆီးခံရသည့် အသက် ၂၁ နှစ်အရွယ် မြန်မာအမျိုးသမီးတစ်ဦးကို ရဲအရာရှိ တဦးက ဇန်နဝါရီ ၁၃ ရက် မနက် ၁နာရီ ၅၀မိနစ်မှ ၂နာရီခွဲထိ မုဒိမ်းကျင့်ခဲ့ကြောင်း ထိုင်းနိုင်ငံ The Nation သတင်းစာ ရေးသားချက် အရသိရသည်။

မြန်မာအမျိုးသမီးကို မုဒိမ်းကျင့်သည့် ရဲအရာရှိသည် ဆူရတ်ဌာနီရှိ နယ်မြေရဲစခန်းမှ စခန်းမှူးဖြစ်ပြီး၊ လက်ရှိမှာ အဆိုပါ အရာရှိကို ရာထူးမှ ဆိုင်းငံ့ရန်နှင့် စုံစမ်းစစ်ဆေးရေး အတွက် အခင်းဖြစ်သည့်နေ့မှ(၇)ရက်အတွင်း စစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းပြီး စစ်ဆေးသွာူရန် ဆူရတ်ဌာနီ ရဲတပ်ဖွဲ့ အကြီးအကဲက ဇန်နဝါရီ ၁၃ ရက်က အမိန့်ထုတ်ခဲ့ကြောင်း The Nation သတင်းစာတွင် ဖော်ပြထားသည်။

အဆိုပါကိစ္စနှင့် ပတ်သက်ပြီး မြန်မာသံရုံးကို အကြောင်းကြားခဲ့ပြီးဖြစ်ကြောင်း၊ မြန်မာသံရုံးက ဘိုဖတ်ရဲစခန်းတွင် အမှုဖွင့်တိုင်ကြားခဲ့ကြောင်း သိရသည်။

ကျူးလွန်ခံရသည့် မြန်မာအမျိုးသမီးကို ကော့စွမီဆေးရုံတွင် ဆေးစစ်မှု များပြုလုပ်ခဲ့ကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင် ထိုင်းနိုင်ငံသို့ သွားရောက်

0
မြန်မာနိုင်ငံတွင် အာဏာသိမ်းပြီးနောက်ပိုင်း သံတမန်ရေးအရ အပယ်ခံထားရသည့် အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ (သြဂုတ် ၆ ရက်) နံနက်ပိုင်းတွင် ထိုင်းနိုင်ငံသို့ ထွက်ခွာသွားသည်။ ယခုခရီးစဉ်အတွင်း ထိုင်းဝန်ကြီးချုပ်နှင့် တွေ့ဆုံမည်ဖြစ်ပြီး နိုင်ငံတော်အဆင့် ဂုဏ်ပြုအခမ်းအနားဖြင့် ကြိုဆိုရန် စီစဉ်ထားပြီး နှစ်နိုင်ငံခေါင်းဆောင်များသည် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု၊ ချစ်ကြည်ရေးနှင့် ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကို...

မဲဆောက် တရားမဝင် “၁၀ နှစ်ကတ်” နှိမ်နင်းရေး စီမံချက် စတင်၊ စည်ပင်အရာရှိများနှင့် နိုင်ငံခြားသားများအား ဖမ်းဆီး

0
ထိုင်း-မြန်မာနယ်စပ် တက်ခ်ခရိုင်၊ မဲဆောက်မြို့နယ်အတွင်း တရားမဝင် ကိုယ်ရေးအချက်အလက် မှတ်ပုံတင်မှုများနှင့် စာရွက်စာတမ်း အတုပြုလုပ်သည့် အဂတိလိုက်စားမှုများအား ထိုင်းအာဏာပိုင် ပူးပေါင်းအဖွဲ့များမှ နှိမ်နင်းရေးစီမံချက် စတင်ကြောင်း ထိုင်းသတင်းများတွင်ဖော်ပြသည်။ ယနေ့ (ဩဂုတ် ၄ ရက်) နံနက် ၆ နာရီတွင် "တရားမဝင် ၁၀ နှစ်သက်တမ်းကတ်များ နှိမ်နင်းရေး...

အာဏာသိမ်းသမ္မတ သြဂုတ်လဆန်း ဘန်ကောက်လာမည်

0
မြန်မာ့ အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်သည် လာမည့် သြဂုတ်လ ၆ ရက်နှင့် ၇ ရက်နေ့များတွင် ထိုင်းနိုင်ငံဘန်ကောက်မြို့သို့ လာရောက်ပြီး ထိုင်းဝန်ကြီးချုပ် အနုတင် သျှာန်ဗီရကူးလ် (Anutin Charnvirakul) နှင့် တွေ့ဆုံဆွေးနွေးရန်ရှိကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက AFP သတင်းဌာနသို့ ပြောကြားသည်။ ယမန်နေ့ (ဇူလိုင်လ ၂၁...

တာချီလိတ်နယ်စပ် ပတ်စပိုစ့် ရှိသော်လည်း ဘတ်ထောင်ချီပေးမှ ဖြတ်သန်းခွင့်ရနေ

0
စစ်မှုထမ်းဥပဒေကြောင့် တာချီလိတ်မှတစ်ဆင့် ပြည်ပထွက်ခွာသူ များပြားလာပြီး တရားဝင် ပတ်စပိုစ့်ရှိသူများပင် စစ်ကော်မရှင်လက်အောက်ခံ လူဝင်မှုကြီးကြပ်ရေးအဖွဲ့က ထိုင်းငွေ ဘတ်ထောင်ချီ တောင်းခံမှုများရှိနေကြောင်း သတင်းရရှိသည်။ လက်ရှိ မြေပြင်ပေါက်ဈေးအရ အလည်အပတ် ပတ်စပိုစ့် (PV) ကိုင်ဆောင်သူများသည် တရားဝင်ဟု ဆိုသော်လည်း နယ်စပ်ဖြတ်ကျော်ရန် တံတားဖြတ်ခအဖြစ် ထိုင်းဘတ်ငွေ ၃,၀၀၀ ခန့်...

မြန်မာအမျိုးသမီး ၄၂ ရာခိုင်နှုန်းခန့် ဝင်ငွေမရှိကြောင်း UNDP နှင့် UN Women ထုတ်ပြန်

0
မြန်မာနိုင်ငံတဝှမ်း ဖြစ်ပွားနေသည့် ပဋိပက္ခများ၊ စီးပွားရေးပြိုလဲမှုများနှင့် နေရပ်စွန့်ခွာ ထွက်ပြေးရမှုများကြောင့် မြန်မာအမျိုးသမီး ၄၂ ရာခိုင်နှုန်းသည် မည်သည့်ဝင်ငွေမျှ မရှိကြောင်း UNDP နှင့် UN Women တို့၏ ပူးတွဲ အစီရင်ခံစာတွင် ထုတ်ပြန်လိုက်သည်။ ဇူလိုင်လ (၁၃) ရက်တွင် ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာအရ မြန်မာနိုင်ငံရှိ...