Wednesday, January 28, 2026

ထိုင်းတွင် ဖမ်းဆီးခံရ မြန်မာအမျိုးသမီး တဦးကို ရဲအရာတဦးက မုဒိမ်းကျင့်

ထိုင်းနိုင်ငံ ဆူရတ်ဌာနီ ခရိုင်ရှိ ရဲစခန်းတခုတွင် ဖမ်းဆီးခံထားရသည့် မြန်မာအမျိုးသမီး တဦးကို ရဲအရာရှိ တဦး က မုဒိမ်းကျင့်ခဲ့ကြောင်း ထိုင်းနိုင်ငံ မီဒီယာများ ဖော်ပြချက် အရသိရသည်။

ထိုင်းနိုင်ငံ ဆူရတ်ဌာနီ ခရိုင်ရှိ ရဲစခန်း တခုတွင် မူးယစ်ဆေးဝါး သံသယဖြင့် ဖမ်းဆီးခံရသည့် အသက် ၂၁ နှစ်အရွယ် မြန်မာအမျိုးသမီးတစ်ဦးကို ရဲအရာရှိ တဦးက ဇန်နဝါရီ ၁၃ ရက် မနက် ၁နာရီ ၅၀မိနစ်မှ ၂နာရီခွဲထိ မုဒိမ်းကျင့်ခဲ့ကြောင်း ထိုင်းနိုင်ငံ The Nation သတင်းစာ ရေးသားချက် အရသိရသည်။

မြန်မာအမျိုးသမီးကို မုဒိမ်းကျင့်သည့် ရဲအရာရှိသည် ဆူရတ်ဌာနီရှိ နယ်မြေရဲစခန်းမှ စခန်းမှူးဖြစ်ပြီး၊ လက်ရှိမှာ အဆိုပါ အရာရှိကို ရာထူးမှ ဆိုင်းငံ့ရန်နှင့် စုံစမ်းစစ်ဆေးရေး အတွက် အခင်းဖြစ်သည့်နေ့မှ(၇)ရက်အတွင်း စစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းပြီး စစ်ဆေးသွာူရန် ဆူရတ်ဌာနီ ရဲတပ်ဖွဲ့ အကြီးအကဲက ဇန်နဝါရီ ၁၃ ရက်က အမိန့်ထုတ်ခဲ့ကြောင်း The Nation သတင်းစာတွင် ဖော်ပြထားသည်။

အဆိုပါကိစ္စနှင့် ပတ်သက်ပြီး မြန်မာသံရုံးကို အကြောင်းကြားခဲ့ပြီးဖြစ်ကြောင်း၊ မြန်မာသံရုံးက ဘိုဖတ်ရဲစခန်းတွင် အမှုဖွင့်တိုင်ကြားခဲ့ကြောင်း သိရသည်။

ကျူးလွန်ခံရသည့် မြန်မာအမျိုးသမီးကို ကော့စွမီဆေးရုံတွင် ဆေးစစ်မှု များပြုလုပ်ခဲ့ကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

အဖမ်းအဆီးကြမ်းနေသည့် ထိုင်းနိုင်ငံတွင် မြန်မာရွှေ့ပြောင်းလုပ်သားများ သတိထားရန်လို

0
ထိုင်းနိုင်ငံအတွင်း တရားမဝင် အလုပ်လုပ်ကိုင်နေသော နိုင်ငံခြားသားများကို ဖမ်းဆီးနှိမ်နှင်းရေး အရှိန်တိုးမြှင့် လုပ်ဆောင်မည်ဟု ထိုင်းအလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ပြီးနောက် ယခုရက်ပိုင်းအတွင်း မြန်မာရွှေ့ပြောင်းအလုပ်သမားများ ဆက်တိုက်ဖမ်းဆီးခံနေရကြောင်း သိရသည်။ ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ခွင့်လက်မှတ်မရှိဘဲ အလုပ်လုပ်ကိုင်နေသူများနှင့် ထိုင်းနိုင်ငံသားများသာ လုပ်ပိုင်ခွင့်ရှိပြီး နိုင်ငံခြားသားများကို တားမြစ်ထားသော လုပ်ငန်းအမျိုးအစားများတွင် လုပ်ကိုင်နေသူများအား တစ်နိုင်ငံလုံးအနေဖြင့် ရှာဖွေဖမ်းဆီးရန် ထိုင်းအလုပ်သမားဝန်ကြီးဌာနက...

ထိုင်းရောက် မြန်မာများ ဥပဒေနှင့် စည်းမျဉ်း၊ စည်းကမ်းများ လိုက်နာရန် NUG အသိပေး

0
ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ အုပ်စုဖွဲ့ခိုက်ရန်ဖြစ်ပွားမှုများ ဆက်တိုက်ဖြစ်ပေါ်လာပြီးနောက် ထိုင်းနိုင်ငံ၏ ဥပဒေနှင့် စည်းမျဉ်းများ၊ စည်းကမ်းများအပါအဝင် မြန်မာနိုင်ငံသားများ လိုက်နာနိုင်ရန် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က အချက် ၄ ချက်ကို ဇန်နဝါရီလ ၁၄ ရက်တွင် ထုတ်ပြန်အသိပေး လိုက်သည်။ အဆိုပါထုတ်ပြန်ချက်ထဲတွင် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအနေဖြင့် ထိုင်းနိုင်ငံ၏...

ဘတ်ရိုက်ခြင်း (သို့မဟုတ်) ရေကြည်ရာ မြက်နုရာ ရွှေ့ပြောင်းကြသူများ

0
ထိုင်းနိုင်ငံအတွင်း ရောက်ရှိနေသည့် အထောက်အထားမဲ့ မြန်မာနိုင်ငံသားများ အပါအဝင် ရွှေ့ပြောင်းအလုပ်သမားများအတွက် ဒီဇင်ဘာလ ၁၂ ရက်မှစ၍ အလုပ်လုပ်ခွင့်လက်မှတ် Work Permit (ဝေါ့ခ်ပါမစ်) အသစ်ပြုလုပ်ပေးရန် အမည်စာရင်း တင်သွင်းနိုင်ပြီဖြစ်ကြောင်း ထိုင်းအလုပ်သမားဝန်ကြီးဌာနက ဒီဇင်ဘာလ ၉ ရက်နေ့တွင် ထုတ်ပြန်ကြေညာသည်။ ယခုအခါ အလုပ်လုပ်ခွင့်လက်မှတ် (ဝေါ့ခ်ပါမစ်) ပြုလုပ်ရန်...

ထိုင်းနိုင်ငံကို တရားမဝင် ဝင်ရောက်လာသော မြန်မာ ၁၆၂ ဦး ဖမ်းခံရ

0
ထိုင်းနိုင်ငံကို တရားမဝင် ဝင်ရောက်လာသော မြန်မာနိုင်ငံသား ၁၆၂ ဦးကို ကန်ချနပူရီခရိုင် ဖမ်းဆီးရမိကြောင်း ထိုင်းသတင်းဌာနက ဖော်ပြသည်။ ယမန်နေ့ (အောက်တိုဘာလ ၁၉) ရက် နံနက် ၉ နာရီခွဲတွင် ကန်ချနပူရီခရိုင် ဘန်ဟင်လမ် ကျေးရွာအုပ်စု အမှတ် ၅ အတွင်းရှိ တောထဲတွင် တရားမဝင်...

မဲခေါင်မြစ်မှတဆင့် ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင်သို့ တင်ပို့မည့် စိတ်ကြွဆေးပြား ခြောက်သန်းဖမ်းမိ

0
ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်ခရိုင် Wiang Kaen မြို့နယ်နှင့် Chiang Khong မြို့နယ်ရှိ မဲခေါင်မြစ်မှတစ်ဆင့် ချင်းမိုင်ခရိုင်သို့ တင်ပို့မည့် စိတ်ကြွဆေးပြား ခြောက်သန်းကို ထိုင်းအာဏာပိုင်များက ဖမ်းဆီးရမိကြောင်း ထိုင်းသတင်းဌာနက ဖော်ပြသည်။ အဆိုပါမူးယစ်ဆေးဝါးများကို (စက်တင်ဘာလ ၁၂ ရက်)က ချင်းရိုင်ခရိုင် Chiang Khong မြို့နယ်တွင်...