ကျောက်မဲမြို့နယ်တွင် အမျိုးသမီးတဦး တူမီးသေနတ် ပစ်ခံရ

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် မိုင်းငေါ့မြို့နယ်ခွဲရှိ လက်ဖက်ခြံတွင် ပေါင်းရှင်းနေသည့် အသက် (၅၅) အရွယ် အမျိုးသမီးတဦး တူးမီးသေနတ် ပစ်ခံရကြောင်း စုံစမ်းသိရှိရသည်။

ဖြစ်စဉ်မှာ ယမန်နေ့ (ဇန်နဝါရီ ၇) ရက် နံနက် ၁၀ နာရီခွဲအချိန်တွင် ကျောက်မဲမြို့နယ် မိုင်းငေါ့မြို့နယ်ခွဲ အောက်ဈေးရပ်ကွက်နေ အသက် (၅၅) နှစ်အရွယ်ရှိ ဒေါ်အေးယွမ်း သည် လက်ဖက်ခြံထဲတွင် တယောက်တည်း လက်ဖက်ခြံပေါင်းရှင်းနေချိန် အမည်မသိ သူမှ တူးမီးသေနတ်ဖြင့် ပစ်ခံရပြီး၊ ဝမ်းဗိုက်တွင် ဒဏ်ရာတချက်ရကာ လက်ရှိမှာ ကျောက်မဲဆေးရုံတွင် ဆေးကုသခံယူနေကြောင်း သတင်းရရှိသည်။

“ဝမ်းဗိုက်မှာထိတာပါ။ တမင်လုပ်ကြံတာတော့ မဖြစ်နိုင်ဘူး။ သူတို့မိသားစုမှာ ရန်ငြိုးရန်စ လည်းမရှိထားဘူး။ တောလည်ရင်း တောမှားပြီး အပစ်ခံရတာဖြစ်နိုင်တယ်လို့ ယူဆရတယ်။” ဟု ကျောက်မဲမြို့နယ် ဇီဝိတ လူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးတင်မောင်သိန်း က သျှမ်းသံတော်ဆင့် ကိုပြောသည်။

ထို အမျိုးသမီးကို ကျောက်မဲပြည်သူ့ဆေးရုံမှာ ဆေးကုသမှု ခံယူထားကြောင်းလည်း ဦးတင်မောင်သိန်းက ပြောသည်။ သ

“ပစ်သူကိုတော့ မသိပါဘူး။ မနေ့ က နေလည် နှစ်နာရီမှာပဲ ကျောက်မဲဆေးရုံကို ရောက်လာပါတယ်” ဟု ဦးတင်မောင်သိန်း ကပြောသည်။

ကျောက်မဲမြို့နယ်အတွင်း တိုင်းရင်းသားလက်နက်ကိုင်များ၊ အစိုးရတပ်မတော်များ လှုပ်ရှားသည့်နေရာတစ်ခုဖြစ်ပြီး၊ ၂၀၁၅ ခုနှစ်နောက်ပိုင်း စစ်ရေး ပဋိပက္ခ မကြာမဏဖြစ်ပွားသည့် နေရာဖြစ်သကဲ့သို့ အရပ်သားမကြာခဏ သေနတ်ပစ်သတ်ခံရပြီး သေဆုံးခဲ့သည့် နေရာဖြစ်ကာ တရားခံကို တကြိမ်တခါမျှ ဖမ်းဆီးရရှိခြင်း မရှိခဲ့ပေ။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

လားရှိုးမြို့ပေါ် ကားသမားတစ်ဉီး သေနတ်ဖြင့် ပစ်ခတ်ခံရ

0
သျှမ်းပြည် လားရှိုးမြို့ပေါ်တွင် ကားသမား အမျိုးသားတစ်ဦးကို အမည်မသိ လက်နက်ကိုင်မှ သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဧပြီလ ၂ ရက်) မနက်ပိုင်း လားရှိုးမြို့ ရပ်ကွက် (၃) တွင် ကားသမား အမျိုးသားတစ်ဦးကို အမည်မသိ လက်နက်ကိုင်မှ သေနတ်ဖြင့်ပစ်ခတ်ခဲ့ကြောင်း လားရှိုးမြို့ ဒေသခံအမျိုးသားတစ်ဦးက...

စစ်ရေးပဋိပက္ခကြားနေထိုင်သူများ လွှတ်တော်ကို အယုံအကြည်မဲ့နေ

0
စစ်ရေးပဋိပက္ခကြား နေထိုင်သည့် ပြည်သူများသည် လက်ရှိ စစ်ကော်မရှင် ဦးဆောင်ကျင်းပသော လွှတ်တော်နှင့် ပတ်သက်ပြီး ယုံကြည်မှု မရှိသကဲ့သို့ မျှော်လင့်ချက်လည်း မရှိကြောင်း စုံစမ်းသိရသည်။ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းပြီးနောက် ၃ လကျော်အကြာ မေလ ၂၃ ရက်နေ့မှာ မိုးဗြဲ PDF...

လယ်ကွင်းများထဲ ရွှေတူးဖော်နေသော ညီနောင်တပ်ဖွဲ့များ

0
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် မိုင်းငေါ့မြို့အတွင်းရှိ နမ့်စင်ချောင်းဘေးတစ်လျှောက်တွင် ဘက်ဖိုး စက်ယန္တရားကြီးများဖြင့် ရွှေတူးဖော်မှုများ ပြုလုပ်နေကြောင်း သတင်းရရှိသည်။ မိုင်းငေါ့မြို့အတွင်းရှိ နမ့်စင်ချောင်းဘေးတစ်လျှောက်တွင် ယခင်က စိမ်းလန်းခဲ့သည့် လယ်ကွင်းများသည် လက်ရှိတွင် တောင်တန်းကဲ့သို့ မြင့်မားသည့် မြေစာပုံကြီးများအဖြစ် ပြောင်းလဲနေပြီး ဘက်ဖိုးစက်ယန္တရားများဖြင့် နေ့ညမပြတ် ရွှေတူးဖော်နေကြောင်း မိုင်းငေါ့ဒေသခံ နန်းခမ်း (အမည်လွဲ)...

ကျောက်မဲတွင် စစ်ကော်မရှင်တပ်နှင့် SSPP ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို လာရောက်ရှာဖွေသည့် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) နံနက် ၁၁ နာရီကျော်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို ရှာဖွေရန်...

ရွာငံမြို့နယ်လင်မယားနှစ်ဉီး သေနတ်ပစ်ခံရပြီး အမျိုးသမီးသေဆုံး၊ အမျိုးသားဒဏ်ရာပြင်းထန်

0
သျှမ်းပြည်တောင်ပိုင်း၊ရွာငံမြို့နယ် နွားဘန်းကြီး ကျေးရွာအုပ်စုတွင် နေထိုင်သည့် လင်မယားနှစ်ဉီးကို အမည်မသိလက်နက်ကိုင်တပ်ဖွဲ့က သေနတ်ဖြင့်လာရောက်ပစ်သဖြင့် အမျိုးသမီးသေဆုံးပြီး အမျိုးသား ဒဏ်ရာပြင်းထန်ကြောင်း သတင်းရရှိသည်။ အဆိုပါ နွားဘန်းကြီး ကျေးရွာအုပ်စုတွင် နေထိုင်သည့် လင်မယားနှစ်ဉီးကို ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၁ရက်တွင် အမည်မသိလက်နက်ကိုင်တပ်ဖွဲ့က ၎င်းတို့၏ နေအိမ်ကို ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခဲ့ကာ...