Tuesday, January 27, 2026

မူစယ်တရုတ်နယ်စပ်ဂိတ်တွင် တင်းကြပ်စစ်ဆေးရေး

သျှမ်းပြည် မြောက်ပိုင်း မူစယ် တရုတ်နယ်စပ်တွင် အဝင်အထွက်ဂိတ်များ၌ တင်းကြပ်စစ်ဆေးမှု ရှိနေကြောင်း သတင်းရရှိသည်။

မေ ၁၂ ရက်နေ့ တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် ( TNLA ) နှင့် မြန်မာတပ်မတော်၊ ပြည်သူ့စစ် တို့ကြား တိုက်ပွဲ ဖြစ်ပွားပြီးနောက်ပိုင်း မူစယ် တရုတ်နယ်စပ် ဂိတ် ဝင်၊ ထွက် သွားလာခွင့် များအား တင်းကြပ်စစ်ဆေးသဖြင့် တရုတ်ဘက်ခြမ်းသို့သွားရောက်အလုပ်လုပ်သူများ ၊ ကုန်သည်များ ခရီးသွားများ အခက်အခဲဖြစ်နေရကြောင်း သိရသည်။

“ တိုက်ပွဲ ဖြစ်ပြီးနောက်ပိုင်းမှာ တရုတ်ဘက်က တင်းကြပ်လိုက်တာပဲ။ တရုတ် နယ်စပ် ဝင်ဂိတ်တွေ အားလုံး ပဲ လူတွေပြည့်ကြပ်နေတာ။ ဝင်၊ထွက် တွေ မှာ လက်ဗွေလည်း ယူ၊ တံဆိပ်လည်း ထုတော့ အချိန်တွေက ကြာသွားတာပါ ”- ဟု မူဆယ်မြို့ သျှမ်းစာပေ နှင့် ယဉ်ကျေးမှု တွဲဖက် အတွင်းရေးမှူး စိုင်းလောဝ်လျန်းပန် က ပြောသည်။

လက်ရှိမှာ တရုတ်ပြည် ဘက် သို့ ပစ္စည်းသွားရောက်ဝယ်သည့် သူများ၊ အလုပ်သွားလုပ်မည့် သူများအတွက် အခက်အခဲကြုံနေကြကြောင်း လည်း စိုင်းလောဝ်လျန်းပန် က ပြောသည်။

“ အလုပ်သွားမယ့်သူကတော့ မနက် ဂိတ်မဖွင့်ခင် ကတည်းက တန်းသွားစီကြတယ်။ မနက် ၆နာရီ ကတည်းက သွားတန်းစီနေကြပြီ” ဟု စိုင်းလောဝ်လျန်းပန် က ဆိုသည်။

ဆက်လက်ပြီး မူဆယ်မြို့နေ စိုင်းမြတ်က “ တရုတ်ပြည်သွားတဲ သူ တွေရဲ့ လက်ချောင်းတွေ အားလုံးကို လက်ဗွေ နှိပ်ရတယ်။ ပြသာနာ တခုခု ဖြစ်ရင် သူတို့ ရှာလို့လွယ်အောင်ပါ။ အရင်တခါကလည်း လူပ်ဖူးတယ်။ Scan ဖတ်တယ်။ မအောင်မြင်ခဲ့ဘူး” ဟု ပြောပြသည်။

မူဆယ် တရုတ်နယ်စပ် မေ ၁၂ ရက်နေ့တွင် ဖြစ်ပွားသည့် တိုက်ပွဲတွင် တရုတ်နိုင်ငံသား ၃ ဦး သေဆုံးခဲ့ကြောင်း မေ ၁၉ ရက် တရုတ်ကာကွယ်ရေး ဝန်ကြီးဌာ၏ ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။

နယ်စပ် တွင် တိုက်ပွဲ ဖြစ်ပွားမှုကြောင့် တရုတ်နယ်မြေ အတွင်း လက်နက်ကြီးကျည် ၃ လုံး နှင့် ကျည်ဆံ အများအပြား ကျခဲ့ကြောင်း၊ မြန်မာ နယ်စပ် တွင် ဖြစ်နေသည့် တိုက်ပွဲများကို အနီးကပ် စောင့်ကြည့်ပြီး တရုတ် မြန်မာ နယ်စပ် ရှိ လုံခြံုရေး ကို တိုးမြှင့်ထားကြောင်းလည်း ထုတ်ပြန်ကြေညာခဲ့သည်။

ဆက်လက်ပြီး တရုတ်ပြည်သို့ ပစ္စည်းသွားဝယ်သည့် နန်းအေဟန် က “ တရုတ်တွေဘက်က ပစ္စည်းသွားဝယ်ရင် နယ်စပ် ဂိတ်ဖြတ်ဖို့ အကြာကြီးရပ်စောင့်ရတယ်။ နောက် လက်ဗွေတွေလည်း အားလုံးယူတယ်။ ဒီလို ဖြစ်နေတာ တပတ်လောက်ရှိပြီ။ အချိန်အကြာကြီး ရပ်စောင့်ရတယ်” ဟု ပြောသည်။

တရုတ်ပြည်သို့ ဝင်ရန် မူဆယ်မြို့တွင် မန့်ဝိန်းဂိတ်၊ ရွှေနန်းတော် ဂိတ် နှင့် ဆင်ဖြူ ဂိတ်ရှိပြီး မန့်ဝိန်း ဂိတ်တွင် ကုန်သည်ကားများ အတွက် အသုံးပြုကာ ကျန် ၂ဂိတ်တွင် လူဝင်၊ထွက်သွားလာခွင့်ပြုထားကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မူစယ်ဆင်ဖြူဂိတ်ဖြတ်သန်းမယ့် လူထုတွေရဲ့ အခက်အခဲကို အာဏာပိုင်များ ကူညီဖြေရှင်းပေးပါ

0
သို့- သျှမ်းသံတော်ဆင့်သတင်းဌာနမှတဆင့် လူထုအခက်အခဲကို သက်ဆိုင်ရာ အာဏာပိုင်များမြင်တွေ့နားလည်အောင် ဖော်ပြပေးစေလို ………. တရုတ်-မြန်မာ အဝင်အထွက် ဂိတ်ပေါက်တစ်ပေါက်ဖြစ်တဲ့ ဆင်ဖြူပေါက်မှာ နေရာဦးပြီး ပြန်လည်ရောင်းစား နေတာတွေကြောင့် ခရီးသွားပြည်သူလူထုတွေ အခက်အခဲဖြစ်နေပါတယ်။ အရင်က နယ်စပ်ဖြတ်ပြီး အလုပ်ကိစ္စ ၊လူမှုရေး၊ စီးပွါးရေး ၊ ပညာရေးအတွက် ၀င်ထွက်သွားလာရင် လွယ်ကူ ပေမယ့် အခုတော့...

မင်းမဲ့စရိုက်ဆန်သည့် မူစယ် တွင် သေနတ်ဖောက်မှု သက်ဆိုင်ရာမှ အမြန်ဆုံး တာဝန်ယူ စိစစ်ပေးရန် မူစယ် ဒေသခံများက တောင်းဆို

1
အများပြည်သူ လည်ပတ် သည့်နေရာ တခုတွင် အရပ်သားဝတ်စုံ ဝတ်ဆင်ထားသည့် လူတစု က သေနတ်ကို မိုးပေါ် ထောင်ဖောက် သည့် ရုပ်သံသည် လူမှု ကွန်ရက် စာမျက်နှာတွင် ပျံ့နှံ့ခဲ့သည်။ ထိုဖြစ်စဉ်သည် တရုတ်နယ်စပ် မူစယ်မြို့ ဖြစ်သည့် ရွှေလီမြစ် (နမ့်မောဝ်) နဘေး တွင်...

တရုတ်နယ်စပ် မူစယ်တွင် တလလျှင် ပိုင်ရှင်မဲ့ မူးယစ်ဆေးသုံးပြီး သေဆုံးသူ ၅ ဦးရှိ

0
သျှမ်းပြည် မူစယ်မြို့ နယ်တွင် ပိုင်ရှင်မဲ့ မူးယစ်ဆေးဝါး သုံးစွဲပြီး သေဆုံးသူ တလ လျှင် ၅ ဦး ခန့်ရှိသည် သတင်းရရှိသည်။ “ မူစယ်မြို့မှာ မူးယစ်ဆေးဝါးသုံးစွဲပြီး သေဆုံးသူတလ ၅ ဦး ရှိသလို ဆေးရုံမှာလည်း ပိုင်ရှင်ရှိ မူးယစ်ဆေးဝါးကြောင့် သေဆုံးသူတလ ရ...

မူစယ် ကွတ်ခိုင် ကြားယာဉ်မောင်း နှစ်ဦးပစ်ခတ်ခံရ

0
သျှမ်းပြည်နယ် မြောက်ပိုင်း မူစယ် ကွတ်ခိုင် ကြား မန်လွယ်ကျေးရွာ ရှုခင်းသာ အတက် တွင် ယမန်နေ့ ( သြဂုတ် ၁၅) ညနေ ၄နာရီကျော် တွင် အရပ်သား ယာဉ်မောင်း ၂ ဦး သေနတ်ပစ်ခံရပြီး ဒဏ်ရာ ရရှိသွားကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ...

တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသား ဘဏ် အကောင့် မကြာခဏ ပိတ်ခံနေရ  

0
သျှမ်းပြည် မြောက်ပိုင်း တရုတ် နယ်စပ် မူစယ်မြို့တွင် တရုတ်နိုင်ငံရှိ ဘဏ်များ၌ အပ်နှံထားသည့် မြန်မာနိုင်ငံသား ကုန်သည်များ၏ ဘဏ်စာရင်းများ မကြာခဏ ဆိုင်းင့ံပိတ်သိမ်းခြင်းခံနေရကြောင်း မူစယ်မြို့ ကုန်သည်များက ဆိုကြသည်။ “ တရုတ် အစိုးရ က မူစယ် ကုန်သည်တွေရဲ့ တရုတ် ဘဏ် အကောင့်...