Tuesday, January 27, 2026

ကျောက်မဲစစ်ရှောင် အမျိုးသမီးများအတွက် လစဉ်သုံးပစ္စည်း လိုအပ်နေ

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင်လာသည့် စစ်ရှောင် အမျိုးသမီးများ အတွက် အရေးပေါ် လစဉ်သုံး လိုအပ်နေကြောင်း စုံစမ်းသိရှိရသည်။

ကျောက်မဲမြို့ပေါ်တွင်စစ်ဘေးရှောင် (၁၄၀၀) ကျော်ရှိသည့်အနက် အမျိုးသမီး (၅၀၀) ကျော် တို့အတွက် အရေးပေါ် အမျိုးသမီး လစဉ်သုံး လိုအပ်နေကြောင်း စစ်ဘေးရှောင်များကို ကူညီပေးနေသူများ က ပြောဆိုလိုက်သည်။

“အမျိုးသမီးလစဉ်သုံးက ရန်ပုံငွေထဲကပဲ ဝယ်ပေးရတယ်။ အများကြီးတော့ မရှိဘူး။ ဘယ်အဖွဲ့မှ မလာလှူသေးဘူး။ အလှူရှင်တွေ သီးသန့်လာလှူထားတာတွေ မရှိသေးတော့ ခုက အမျိုးသမီး လစဉ်သုံးတွေ လိုအပ်တယ်” ဟု ကျောက်မဲမြို့ပေါ်က စစ်ဘေးရှောင်များကို ကူညီပေးနေသည့် အမျိုးသမီး တစ်ဦးက သျှမ်းသံတော်ဆင့် ကိုပြောသည်။

စစ်ဘေးရှောင်ကလေးငယ်များအတွက် ကစားစရာ အရုပ်များ လာရောက်လှူဒါန်း သည့်အဖွဲ့ရှိ သော်လည်း အမျိုးသမီးလစဉ်သုံးလာလှူသည့်သူ မရှိသေးကြောင်း ၎င်းအမျိုးသမီးက ပြောဆိုသည်။

“လတ်တလော လိုနေတာက အမျိုးသမီးလစဉ်သုံးလိုနေပါတယ်။အနေအထားကြည့်ရတာကတော့ တည်ငြိမ်အေးချမ်းရေးက ရက်ရှည်မယ်လို့ ယူဆပါတယ်။ အဲ့တော့ နည်းနည်းလေးကြာမယ်ဆိုရင် တော့ ဒီမှာ ရိက္ခာပြဿနာတက်လာနိုင်တယ်” ဟု ကျောက်မဲမြို့ ဇီဝိတ လူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးတင်မောင်သိန်း က သျှမ်းသံတော်ဆင့် ကိုပြောသည်။

လက်ရှိမှာ တိုက်ပွဲမဖြစ်ပွားသော်လည်း နှစ်ဘက်စစ်တပ် စစ်အင်းအားဖြည့်တင်းမှု များဆက်လက်ပြုလုပ်နေသေးကာ စစ်ရေးတင်းမာနေသေးသည့်အတွက် ရက်ရှည်လျှင် စားနပ်ရိက္ခာလည်း ပြဿနာ ရှိလာနိုင်ကြောင်း စေတနာ့ဝန်ထမ်းများက ပြောဆိုကြသည်။

ဒီဇင်ဘာ (၂၅) ရက်နေ့ကတည်းက ကျောက်မဲမြို့နယ် လွယ်အံကျေးရွာအုပ်စုအနီးတစ်ဝိုက် RCSS/SSA နှင့် TNLA တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ဘေးရှောင်များ ကျောက်မဲမြို့ပေါ်သို့ (၁၀၀၀) ကျော် ရောက်ရှိခဲ့ကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“၁၀၂၇ စစ်ဆင်ရေး”အောက်က အမျိုးသမီးများ၏ အိပ်မက်ဆိုး

0
“အဲ့နေ့က ကျမတို့ ကျည်ထိပြီး သေပြီထင်ခဲ့တာ။ အိမ်ရှေ့မှာ လက်နက်ကြီး တစ်လုံးကျတယ်၊ ပြီးတော့ မိုးကလည်းရွာ။ လက်နက်ကြီးသံကြား သမီးက တစ်ဖက်၊ ၇ လအရွယ် သားငယ်လေးက တစ်ဖက်နဲ့ အရဲစွန့်ပြီး ထွက်ပြေးရတာ”ဟု *နန်းလောဝ်ခမ်းတစ်ယောက် စစ်ဘေးရှောင်ခဲ့ရသည့် အကြောင်းအား ပြန်ပြောနေသည်။ *နန်းလောဝ်ခမ်း ရင်ဆိုင်ကြုံတွေ့ခဲ့ရသည့် ထိုအဖြစ်အပျက်သည်...

ကျောက်မဲ အမျိုးသမီးတစ်ဦး မိုင်းနင်းမိပြီး ခြေထောက်တစ်ဖက်ပြတ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ် နောင်ပြစ်ကျေးရွာတွင် အမျိုးသမီးတစ်ဦး မြေမြှုပ်မိုင်းနင်းမိပြီး ခြေထောက်တစ်ဖက် ပြတ်သွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (အောက်တိုဘာလ ၁၀ ရက်) နံနက် ၁၀ နာရီခွဲခန့်တွင် စစ်ကော်မရှင်တပ် ပြန်လည်ထိန်းချုပ်ထားသည့် ကျောက်မဲမြို့နယ်အတွင်းရှိ နောင်ပြစ်ကျေးရွာတွင် အသက် (၄၀) နှစ်အရွယ်ရှိ နန်းဟွမ်သည် မုံညင်းစိုက်ပျိုးရန် နေအိမ်ခြံဝင်းထဲ...

မိုးကုတ်ကို စစ်ကော်မရှင် လေကြောင်းဗုံးကြဲ၊ ကိုယ်ဝန်အမျိုးသမီးအပါအဝင် အရပ်သား ၂၁ဉီး သေဆုံး

0
TNLA ထိန်းချုပ်ထားသည့် မိုးကုတ်မြို့ တွင် စစ်ကော်မရှင်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီးအပါအဝင် အမျိုးသမီး ၁၆ဦး နှင့် အမျိုးသား ၅ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ (သြဂုတ် ၁၄) ရက် ည၈နာရီတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်သည့်...

ထိုင်းနိုင်ငံတွင် ပြည့်တန်ဆာလုပ်ကိုင်သူ မြန်မာအပါအဝင် ဝန်ထမ်းအမျိုးသမီး ၁၇ ဦး ဖမ်းဆီးခံရ

0
ထိုင်းနိုင်ငံ ချင်းရိုင်းမြို့ Chet Yot လမ်းပေါ်ရှိ တရားမဝင်အနှိပ်ခန်းတွင် ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင်နေသည့် မြန်မာ ၁ ဦးအပါအဝင် ဆိုင်ဝန်ထမ်း အမျိုးသမီး ၁၇ ဦးကို ထိုင်းရဲက ဖမ်းဆီးလိုက်ကြောင်း သိရသည်။ အသက်မပြည့်သေးသည့် အမျိုးသမီးငယ်အပါအဝင် အမျိုးသမီးများ ပြည့်တန်ဆာလုပ်ငန်း၌ လုပ်ကိုင်နေကြောင်း သတင်းရရှိသည့်အတွက် ထိုင်းလူဝင်မှု...

ဖယ်ခုံမြို့နယ်ရောက် စစ်ရှောင်များ ရာသီအကူးအပြောင်း ဖျားနာမှုဖြစ် ဆေးကုသရန်ခက်ခဲနေ

0
သျှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ် လအိ ကျေးရွာဖက်ရှိ ဘန်ကောက်စစ်ရှောင်စခန်းတွင် စစ်ရှောင်အများစု အအေးမိခြင်းကြောင်း ဖျားနာမှုရှိနေကြောင်း စစ်ရှောင်ကူညီနေသူ ထံမှ သိရသည်။ လက်ရှိအချိန်သည် ရာသီအကူးပြောင်းကာလဖြစ်သဖြင့် အအေးမိဖျားနာခြင်း၊ ငှက်ဖျားရောဂါနှင့် အရေပြားရောဂါများ အဖြစ်များနေပြီး စစ်ကောင်စီဘက်မှ ဆေးဝါးများနှင့် စားသောက်ကုန် တင်သွင်းခွင့် ပိတ်ထားတာကြောင့် ဆေးကုသရန်ခက်ခဲနေကြောင်း စစ်ရှောင် ကူညီနေသည့်...