Wednesday, January 28, 2026

မူဆယ်မြို့ပြည်သူ့စစ်နေအိမ်များ ဗုံး၊ လက်နက်ငယ်များဖြင့် ပစ်ခံရ

သျှမ်းပြည်မြောက်ပိုင်းမူဆယ်မြို့ရှိ ပြည်သူ့စစ်နေအိမ်များနှင့် ခြံဝန်းများကို ယနေ့ (ဇန်နဝါရီ ၆)ရက် မနက် ၅နာရီဝန်းကျင် တွင် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အမည်မသိ လက်နက်ကိုင်တပ်ဖွဲ့က လာရောက်ပစ်သွားကြောင်း စုံစမ်းသိရသည်။

ဖြစ်စဉ်မှာ သျှမ်းပြည်မြောက်ပိုင်း ယနေ့ မနက် ၅နာရီခန့် တွင် ကောင်းမူတုံရပ်ကွက်ရှိ မြို့မ ပြည်သူ့စစ် အဖွဲ့ဝင်နေအိမ် ကို ၄၀ မမ ဗုံးသီး (၃)လုံး နှင့်လက်နက်ငယ် (၁၀ချက်)ခန့့်လာရောက်ပစ်ခတ်သွားကာ နေအိမ်မှန်တံခါး ပျက်စီးကာ လူထိခိုက်မှုမရှိခဲ့ကြောင်း မူဆယ်မြို့မ ရဲစခန်း မှ စုံးစမ်းသိရသည်။

အလားတူ ယနေ့ မနက် ၅နာရီခွဲတွင်လည်း မူဆယ်-နမ့်ခမ်း ပြည်ထောင်စုလမ်းမဘေးရှိ သံလွင်စက်သုံးဆီ နှင့် မုံးပေါ် စက်သုံးဆီ အရောင်းဆိုင် လမ်းကြားရှိ တာမိုးညဲပြည်သူ့စစ်နှင့် ပြိန်းဆာ ပြည်သူ့စစ်အဖွဲ့နေထိုင်သည့် ခြံဝန်းတွင် ပြောက်ကျားဝတ်ထားသည့် (၃)ဦးသည် Surf ခဲရောင်ယာဉ်ဖြင့် ၄၀ မမ ဗုံးသီး (၅)လုံးနှင့် လက်နက်ငယ်(၂၀) ချက်ခန့် လာရောက်ပစ်သွားကာ နေအိမ်ခြံတံခါးပျက်စီးပြီး လူထိခိုက်မှုမရှိကြောင်းသိရသည်။

“ မနက် ၅နာရီ ကျော်လောက်က ပြည်သူ့စစ်အဖွဲ့တွေနေတဲ့အိမ်တွေကို လက်နက်တွေလာပစ်သွားတာ။ တနေရာတောင်မဟုတ်ဘူး ၂နေရာတောင်မှ ဖြစ်တာ။ ခြံဝန်းတံခါး ပျက်စီးတယ်။ နေအိမ်မှန်တံခါး ပျက်စီးတယ်။ လူတော့ထိခိုက်မှုမရှိဘူး။ ” ဟု စွမ်စော်ရပ်ကွက်တွင် နေထိုင်သည့် အမျိုးသားတဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ ပြည်သူ့စစ်နေထိုင်သည့်နေအိမ်ခြံဝန်းကို ဗုံး၊ လက်နက်ဖြင့်လာရောက်ပစ်ခတ်မှုသည် စဉ်းစားစရာဖြစ်ကြောင်း၊ အချင်းချင်းကြား ဝေစုမတည့်ကာ ဖြစ်သည့်ကိစ္စလည်းဖြစ်နိုင်ကြောင်း ၎င်းအမျိုးသား က မှတ်ချက်ပြုသည်။

ပြည်သူ့စစ်များနေထိုင်သည့်နေအိမ်ကို လက်နက်ကြီး၊လက်နက်ငယ်များဖြင့်လာရောက်ပစ်ခတ်မှုနှင့် ပတ်သတ်ပြီး သက်ဆိုင်ရာ မှ စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ကြောင်း၊ အခင်းဖြစ်ပွားသည့်နေရာများကို သက်ဆိုင်ရာ ရဲတပ်ဖွဲ့၊ တပ်ဖွဲ့ က သွားရောက် ရှင်းလင်းပေးနေကြောင်းလည်း မူဆယ်မြို့မရဲစခန်းမှ စုံစမ်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကလောမြို့နယ် လိုင်စင်မဲ့ကား စီးနင်းခွင့် ပြုမည်ဟု PNO ပြည်သူ့စစ် မဲဆွယ်

0
သျှမ်းတောင်၊ ကလောမြို့နယ်၌ လာမည့် ဇန်နဝါရီ ၁၁ ရက် ကျင်းပမည့် စစ်ကောင်စီ ရွေးကောက်ပွဲတွင် မဲထည့်ပါက လိုင်စင်မဲ့ကား တရားဝင် စီးနင်းခွင့်ပြုမည်ဖြစ်ကြောင်း PNO- ပြည်သူ့စစ်ပါတီက မဲဆွယ် စည်းရုံးနေသည်ဟု ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။ ယင်းသို့ လိုင်စင်မဲ့ကား တရားဝင် စီးနင်းခွင့် ရမည်ဟု...
Pindaya_Polling_Station

ပင်းတယ မဲရုံများမှာ ပြည့်သူ့စစ် လုံခြုံရေးယူပေး၊ ပြည်သူများ စိုးရိမ်မှုဖြင့် မဲထည့်နေရ

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်းတယမြို့နယ်ရှိ မဲရုံများတွင် စစ်ကော်မရှင်တပ်နှင့် ၎င်းလက်အောက်ခံ ပြည်သူ့စစ်တို့က လုံခြုံရေးယူပေးနေပြီး ပြည်သူများက မဲမထည့်လျှင် ဖမ်းခံရမည်ကို စိုးရိမ်သောကြောင့် မဲထည့်နေရကြောင်း သတင်းရရှိသည်။ ယနေ့ (ဒီဇင်ဘာလ ၂၈ ရက်) တွင် စစ်ကော်မရှင်ဘက်မှ ရွေးကောက်ပွဲ ပထမပိုင်းကို ပင်းတယမြို့နယ် အပါအဝင် သျှမ်းပြည်မှ မြို့နယ်...
Namsang_Polling_Station

နမ့်စန်နှင့် လင်း‌ခေးမြို့နယ်တို့တွင် ရွေးကောက်ပွဲနေ့ စစ်တပ် လုံခြုံရေးတင်းကြပ်

0
သျှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့နယ်နှင့် လင်းခေးမြို့နယ်ရှိ မဲရုံများတွင် စစ်ကော်မရှင်တပ်နှင့် ၎င်းလက်အောက်ခံ ပြည်သူ့စစ်များ လုံခြုံရေး တင်းကြပ်ထားကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဒီဇင်ဘာလ ၂၈ ရက်) တွင် စစ်ကော်မရှင်ဘက်မှ ရွေးကောက်ပွဲ ပထမပိုင်းကို နမ့်စန်မြို့နယ်နှင့် လင်းခေးမြို့နယ် အပါအဝင် သျှမ်းပြည်မှ မြို့နယ် ၁၂ ခုတွင်...

ကျပ် ၅ သိန်းမပေးနိုင်သူ အင်းလေးဒေသခံများကို PNO စစ်မှုထမ်းခိုင်းပြီး ရှေ့တန်းပို့နေ

0
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသရှိ စစ်ကောင်စီလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO/PNA) က ဒေသခံများကို တစ်လလျှင် ငွေကျပ် ငါးသိန်း တောင်းခံနေပြီး မပေးနိုင်ပါက စစ်မှုထမ်းခိုင်း၍ ရှေ့တန်းသို့ ပို့ဆောင်နေကြောင်း သတင်းရရှိသည်။

အင်းလေးတွင် PNO တပ်ဖွဲ့ဝင်က ရွာသားတစ်ဦးကို သေဆုံးသည်အထိ ရိုက်နှက်

0
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသ မကျီးဆိပ်ကျေးရွာနေ ရွာသားတစ်ဦးကို စစ်ကော်မရှင်လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တပ်ဖွဲ့ဝင်များက အသက် သေဆုံးသည်အထိ ရိုက်နှက်ခဲ့ကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် စက်တင်ဘာလ ၂ ရက် ည ၁၁ နာရီအချိန်တွင် ညောင်ရွှေမြို့နယ် မကျီးဆိပ်ကျေးရွာမှ အသက် (၄၂)...