Thursday, April 25, 2024

သျှမ်းပြည်တွင် ကိုဗစ်- ၁၉ ပိုးတွေ့လူနာ(၉၅၆) ဦးရှိ

Must read

သျှမ်းပြည်နယ်တွင် ကိုဗစ်-၁၉ ရောဂါ စတင်ဝင်ရောက်နေ့မှစပြီး ဇန်နဝါရီ ၅ ရက်နေ့ထိ (၉၅၆) ဦးရှိကြောင်း စုံစမ်းသိရှိရသည်။

ထိုပိုးတွေလူများသည် သျှမ်းပြည် တောင်ပိုင်းတွင် (၅၉၂) ဦးနှင့် သျှမ်းရှေ့တွင် (၁၅၀) ဦးရှိပြီး သျှမ်းမြောက်တွင် (၂၁၄) ရှိကြောင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန ထုတ်ပြန်ချက် အရ သိရသည်။

အဆိုပါ သျှမ်းတောင်ပိုင်းတွင် ပိုးတွေ့လူနာ (၅၉၂) ထဲတွင် လက်ရှိဆေးကုသခံယူနေသူ (၁၀၄) ရှိပြီး သေဆုံးသူ ၁ ဦးရှိပြီး သျှမ်းမြောက် တွင် လက်ရှိဆေးရုံတက်လူနာ (၁၁၈) ဦးရှိပြီး ဆေးရုံဆင်းခွင့်ရသူ ၉၄ ဦးနှင့် သေဆုံးသူ ၂ ဦးရှိကြောင်းသိရသည်။

အလားတူ သျှမ်းရှေ့တွင်လည်း လက်ရှိ ဆေးရုံတွင် ကုသနေသူ ၄ ဦး နှင့်ဆေးရုံဆင်းခွင့်ရသူ ၁၄၆ ရှိပြီး သေဆုံးသူ မရှိသေးကြောင်း သိရသည်။

အဆိုပါ သျှမ်းပြည်တစ်ဝှမ်းလုံးတွင် လက်ရှိဆေးကုသနေသူ ၂၂၆ နှင့် ဆေးရုံဆင်းခွင့်ရသူ (၇၂၇) ဦးနှင့် သေဆုံးသူ စုစုပေါင်း ၃ ဦးရှိကြောင်း လည်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

သျှမ်းပြည်နယ်တွင် ပိုးတွေ့လူနာများရှိနေသည့် အပေါ်တွင် ဆရာဝန်များနှင့် ပရိဟိတ လုပ်ဆောင်နေသည့်သူများက ပြည့်သူများအနေဖြင့် အပြင်သွားတိုင်း mask( နှာခေါင်းစည်း)တပ်ရန်၊ မကြာခဏ လက်ဆေးရန်၊ ၆ ပေအကွာနေထိုင်ပေးရန်စသည့် ကိုဗစ် ၁၉ စည်းကမ်းချက်များကို ပိုလိုက်နာစေလိုကြောင်း မှာကြာထားသည်။

Leave a Comments

- Advertisement -spot_img

Latest article