Friday, May 17, 2024

သျှမ်းပြည်နယ်တွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၈ ဦးတွေ့

Must read

သျှမ်းပြည်နယ်တွင် ယမန်နေ့ ဇန်နဝါရီ ၄ ရက်တွင် ကိုဗစ် ၁၉ ပိုးတွေ့လူနာ ၈ ဦး ထပ်မံတွေ့ရှိကြောင်း စုံစမ်းသိရှိရသည်။

Photo SHAN- တောင်ကြီးမြို့မင်္ဂလာဉီးရပ်ကွက်ရှိ ကွာရန်တင်းစင်တာ

ထိုပိုးတွေ့များသည် သျှမ်းတောင်တွင် ၇ ဦးတွေ့ရှိပြီး သျှမ်းရှေ့တွင် ၁ ဦးတွေ့ရှိထားကြောင်းသိရသည်။

သျှမ်းတောင် ပိုးတွေ့လူနာများမှာ ကလောမြို့နယ်တွင် ၄ ဦးနှင့် တောင်ကြီးမြို့နယ်တွင် ၃ ဦးတွေ့ရှိကြောင်းသိရသည်။

“တောင်ကြီးမှာက မနေ့က ၂ တွေ့တယ်။ အဆက်ပေါ့။ အဲကြောင့် ဒီနေ့လဲ ကျနော်တို့ အဆက်တွေကို လိုက်ပြီး စစ်ဆေးနေတယ်။ ဒီနေ့တော့ မတွေ့သေးဘူး။ ညနေပိုင်းလောက်မှ သိရမှာ” ဟု တောင်ကြီး မြို့ ပရိဟိတ ကိုဝင်နိုင်စိုး ကပြောသည်။

ထိုသို့တောင်ကြီးမြို့နယ်တွင်‌ တွေ့သည့်ပိုးတွေ့လူများသည် ခရီသွားဇရာဝင် မရှိထားကြောင်း၊ ကလောမြို့နယ်တွင် ယာဉ်နောက်လိုက်နှင့် ယာဉ်မောင်းများသာဖြစ်ကြောင်းသိရသည်။

သျှမ်းရှေ့ တာချီလိတ်တွင် တစ်ဦးပိုးတွေ့ပြီး ၎င်းသည် ခရီးသွားရာဇဝင် မရှိထားကြောင်းသိရသည်။

“ဒီနေ့တော့ ဘာမထူးသေးဘူး။ မနေ့ကတော့ တာချီလိတ်မှာ တဦးပိုးတွေ့တယ်။ ကျန်းမားရေးခြေနေက တော့ ကောင်းပါတယ်။ ခရီးသွားရာဇဝင်းမရှိဘဲ ပိုးတွေ့တာပါ” ဟု ဒေါက်တာ လင်းထွဋ်ဦး ကပြောသည်။

သျှမ်းပြည်နယ်တွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာ စုစုပေါင်း ( ၉၄၄) ဦးရှိပြီး လက်ရှိဆေးကုသခံယူနေသူ (၂၂၃) ဦးနှင့် သေဆုံးသူ ၃ ဦးရှိကြောင်း သျှမ်းပြည်နယ်၊တောင်ကြီးမြို့ ပြည်နယ်ကုသရေးနှင့် ပြည်သူကျန်းမာရေးဦးစီးဌာန လူမူစာမျက်နှာ မှ ထုတ်ပြန်ချက်အရသိရသည်။

Leave a Comments

- Advertisement -spot_img

Latest article