ကျောက်မဲမြို့နယ် အုမ္မငါးဘုန်းကြီးကျောင်း စစ်ရှောင်များ စားနပ်ရိက္ခာနှင့် အဝတ်များ လိုအပ်

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် တော့ဆန်တိုက်ပွဲကြောင့် စစ်ရှောင် (၁၀၀) ကျော် အတွက် စားနပ်ရိက္ခာနှင့် အဝတ်များ လိုအပ်နေကြောင်း စုံစမ်းသိရှိရသည်။

Photo by Tin Maung Thein/ Facebook

ထို စစ်ရှောင် (၁၀၉) ဦးသည် ဇန်နဝါရီ (၃)ရက် နေ့တွင် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA)နှင့် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော်(TNLA) တို့ ကြားကျောက်မဲမြို့နယ် တော့ဆန်အနီးတွင် တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံ (၁၀၉ )ဦး အုမ္မငါးဘုန်းကြီးကျောင်းတွင်း စစ်ပြေးရှောင်လာခဲ့ရပြီး လက်ရှိမှာ ထိုစစ်ဘေးရှောင်များ အတွက် စားနပ်ရိက္ခာနှင့် အဝတ်အစားများလိုအပ်နေကြောင်း ကျောက်မဲမြို့ စစ်ဘေးရှောင်များ ကူညီပေးနေသည့် ဦးတင်မောင်သိန်း က သျှမ်းသံတော်ဆင့် ကို ပြောသည်။

“ရွာက ဘုန်းကြီးပြောတာတော့ ကိုယ်လွှတ်ကြိုတင်ရှောင်လာရတဲ့အတွက် အဝတ်အစားတွေလည်း မပါဘူး။ အနွေးထည်လည်းမပါဘူး။ လိုအပ်နေတာကတော့ အဝတ်အစားတွေ အနွေးထည်တွေ လိုအပ်ပါတယ်။ ရောက်ရောက်ချင်း ရွာကတော့ ဝိုင်းပြီး ကျွေးမွေးထားတဲ့ အနေအထားဖြစ်တော့ ဒီထက် နည်းနည်းကြာမယ်ဆိုရင်တော့ ရိက္ခာလုံးဝ အခက်ခဲ ဖြစ်သွားနိုင်တယ်။ မကျွေးနိုင်တော့ဘူး” ဟု ဦးတင်မောင်သိန်း က ဆိုသည်။

ကျောက်မဲမြို့နယ် အတွင်း RCSS/SSA နှင့် TNLA တို့ တိုက်ပွဲပြင်းထန်မှုဖြစ်လာခဲ့သည်မှာ ၃ရက်ရှိလာပြီးဖြစ်ကြောင်း၊ နှစ်ဖက်စစ်အင်းအား ဖြည့်တင်းမှုကြောင့် ဒေသခံများအတွက် အခြေအနေမကောင်းကာ ထွက်ပြေးတိမ်းရှောင်လာကြခြင်းဖြစ်ကြောင်း ဦးတင်မောင်သိန်း က ပြောသည်။

“ဒီနေ့နဲ့ဆို ၃ ရက်ရှိပြီ။ တိုက်ပွဲဖြစ်တာက မနေ့က အကြီးအကျယ်ဖြစ်တာပေါ့နော်။ သို့သော်လည်း ရှေ့ကရက်တွေကလည်း အနည်းအကျဉ်းတော့ ခြောက်လှန့်ပစ်ခတ်တာမျိုးတော့ ရှိတာပေါ့။ စစ်အင်အားတွေ ဖြည့်တင်းထားတဲ့ အခြေနေလည်း ဒေသခံတွေ သိဟန်တူတယ်။ အခြေနေမကောင်းတော့ဘူးဆို ကြိုပြီးတော့ ထွက်လာကြတာ” ဟု ဦးတင်မောင်သိန်း က ပြောသည်။

ဒီဇင်ဘာ(၂၅)ရက်နေ့မှ စတင်ပြီး ယနေ့ထိ RCSS နှင့် TNLA တို့သည် တိုက်ပွဲအကြိမ်ရေ (၂၀) ထက်မနည်း ဖြစ်ပွားခဲ့ကြောင်း RCSS/SSA ၏ ပြောဆိုဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး အုမ်ခေး ကပြောသည်။

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် အတွင်း ဒီဇင်ဘာ (၂၅) ရက်မှ စတင်ကာ RCSS နှင့် TNLA တို့တိုက်ပွဲဖြစ်ပွားမှုကြောင့် စစ်ဘေးရှောင် (၁၀၀၀) ကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ္မတူတွင် စစ်တပ် Y-12 လေယာဉ် ကင်းထောက်ပျံသန်းခြင်းကြောင့် ဒေသခံထိတ်လန့်

0
သျှမ်းပြည် နမ္မတူမြို့နယ်တွင် စစ်တပ်ဘက်မှ Y-12 လေယာဉ်ဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ္မတူမြို့နယ်ထဲ ဇွန်လ ဒုတိယပတ်အတွင်း စစ်တပ်ဘက်မှ Y-12 လေယာဉ်တစ်စင်းဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခံရမည်ကို စိုးရိမ်ထိတ်လန့်နေရကြောင်း နမ္မတူ ဒေသခံများက...

မော်တာနိုင်ငံမှ မီးရှူးမီးပန်းစက်ရုံပေါက်ကွဲမှု ရုပ်သံဗီဒီယိုကို နမ့်ခမ်း TNLA ယမ်းသိုလှောင်ရုံပေါက်ကွဲမှုဗီဒီယိုဆိုပြီး ဖြန့်ဝေနေသည့် သတင်းအမှား

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုကြောင့် တရုတ်ကျွမ်းကျင်ပညာရှင် ၂၅ ဦးနှင့် လူ ၁၇၀ ဦး သေဆုံးသည်ဆိုသည့် ရုပ်သံဖိုင်တစ်ခု ပျံ့နှံ့နေပါသည်။ အဆိုပါရုပ်သံဖိုင်ကို NameisEmil Chan အမည်ရှိ လူမှုကွန်ရက်အကောင့်တစ်ခုမှ စတင်ဖြန့်ဝေခဲ့ခြင်း ဖြစ်သည်။ မူရင်းလင့်ခ် - https://archive.ph/0yLgJ ပျံ့နှံ့နေသော...

နမ့်ခမ်း ယမ်းဂိုဒေါင်ပေါက်ကွဲမှုတွင် TNLA နှင့်အတူ တရုတ်လည်း တာဝန်ရှိဟု ဒေသခံများ ပြော

0
သျှမ်းပြည် နမ့်ခမ်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ယမ်းဂို‌ဒေါင်ပေါက်ကွဲမှုအတွင်း တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့်အတူ တရုတ်နိုင်ငံလည်း တာဝန်ရှိကြောင်း ဒေသခံများက ပြောဆိုလိုက်သည်။ မေလ (၃၁) ရက် နေ့လယ်ပိုင်းတွင် နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA စီးပွားရေးဌာနမှ မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် သိုလှောင်ထားသော ယမ်းဂိုဒေါင်တစ်ခု...

နမ့်ခမ်းပေါက်ကွဲမှုအပြီး အကူအညီပေးဝေမှုအပေါ် TNLA ဝေဖန်ခံနေရ

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာရှိ လူနေရပ်ကွက်အတွင်း TNLA က သိုလှောင်ထားသည့် ယမ်းများပေါက်ကွဲမှုဖြစ်ပွားပြီးနောက် အကူအညီပေးဝေမှုနှင့် အလှူငွေ စီမံခန့်ခွဲမှု အပေါ် TNLA ကို ဒေသခံများက ဝေဖန်နေကြကြောင်း သတင်းရရှိသည်။  ပြီးခဲ့သည့် (မေလ ၃၁ ရက်)က နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် သိုလှောင်းထားသော ယမ်းများ...

နမ့်ခမ်းမြို့အနီး ပေါက်ကွဲမှုကြီး ဖြစ်ပွား၊ သေဆုံးသူ ၂၀ ကျော်အထိရှိလာ၊ ထိခိုက်ဒဏ်ရာရသူ (၇၀)ကျော်ရှိ

0
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာအနီးတွင် ယနေ့ နံနက်ပိုင်း၌ ပေါက်ကွဲမှုကြီး တစ်ခုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ အဆိုပါ ပေါက်ကွဲမှုအတွင်း ၂၀ ဦးကျော် သေဆုံးကြောင်း ကနဦး သိရှိရပြီး ထိခိုက်ဒဏ်ရာရသူ (၇၀)ကျော်နှင့် ပိတ်မိနေသူများကိုလည်း ဆက်လက် ကယ်ထုတ်နေဆဲ ဖြစ်ကြောင်း နမ့်ခမ်းမြို့ခံတစ်ဦးက ပြောသည်။ “သေတဲ့လူကတော့ ၂၀...