Saturday, May 4, 2024

တောင်ကြီး စဝ်စံထွန်းဆေးရုံတွင် ကိုဗစ်-၁၉ အတည်ပြုလူနာ (၄၀)ဦးရှိ

Must read

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ရှိ စဝ်စံထွန်းဆေးရုံမှာ ကိုဗစ်-၁၉ အတည်ပြု လူနာ (၄၀) ဦး တက်ရောက် ဆေးကုသမှု ခံယူထားကြောင်း စုံစမ်းသိရှိရသည်။

စ၀်စံထွန်းဆေးရုံကြီး တောင်ကြီးမြို့

ဇန်နဝါရီ (၄) ရက် နေ့လည် (၂) နာရီ အတည်ပြု လူနာ (၄၀) ဦးရှိပြီး တောင်ကြီး ယာဉ်ထိန်းရဲ နှင့် ဆက်စပ်လူနာ (၁၉) ဦးပါကြောင်း စဝ်စံထွန်းဆေးရုံမှ ဒေါက်တာဝေဝေမွန် က သျှမ်းသံတော်ဆင့် ကိုပြောသည်။

“လက်ရှိချိန်ထိ ဆေးရုံမှာ ဆေးကုသမှု ခံယူသူ (၄၀) ဦးရှိပါတယ်။ အဲ့ (၄၀) ဦးထဲက ယာဉ်ထိန်းရဲ နဲ့ ထိတွေ့ဆက်စပ်သူ (၁၉) ယောက်ပါပါတယ်” ဒေါက်တာဝေဝေမွန် ကပြောသည်။

ဒီဇင်ဘာ (၃၀) ရက်တွင် တောင်ကြီးမြို့ရှိ အမှတ် (၁၈) ယာဉ်ထိန်းရဲတပ်ဖွဲ့ ဒုတိယတပ်ဖွဲ့ခွဲမှူးရုံး (သျှမ်းတောင်) မှ ယာဉ်ထိန်းရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် သုံးဦး အနံ့မရသဖြင့် သျှမ်းပြည်နယ် ကျန်းမာရေး ဌာနမှ RDT Test Kit ဖြင့် စစ်ဆေးရာမှာ ပိုးတွေ့လူနာ များ တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

သျှမ်းပြည်တဝှမ်းတွင် ဆေးရုံတက်ဆေးကုသနေသည့် ကိုဗစ်-၁၉ အတည်ပြု လူနာ (၂၂၂) ဦးရှိကြောင်း စုံစမ်းသိရှိရသည်။

ဇန်နဝါရီ (၃) ရက်နေ့အထိ သျှမ်းပြည်တွင် ကိုဗစ်-၁၉ လူနာ စုစုပေါင်း (၉၃၇) ဦး၊ လက်ရှိဆေးရုံတက် ဆေးကုသနေသည့် လူနာ (၂၂၂) ဦး၊ သေဆုံးသူ (၃) ဦး ရှိကြောင်း သျှမ်းပြည်နယ် ပြည်နယ်ကုသရေး နှင့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန (တောင်ကြီး) ထုတ်ပြန်ချက်အရ သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article