Wednesday, January 28, 2026

သျှမ်းပြည်နယ်တွင် အဂတိလိုက်စားမှုဖြင့် အရေးယူမှုမရှိသေး သျှမ်းပြည်နယ်ရဲတပ်ဖွဲ့ပြော

အစိုးရသစ်လက်ထက်တွင် သျှမ်းပြည်နယ်တွင်း အဂတိလိုက်စားမှုဖြင့် အရေး ယူဆောင်ရွက်ထားရလောက် သည့်ကိစ္စမရှိ သေးဟု သျှမ်းပြည်နယ် အစိုးရ ကိုယ်စားသျှမ်းပြည်နယ်ရဲတပ်ဖွဲ့မှ ရဲမှူးခင်ဇော်ကပြောသည် ။

သျှမ်းပြည်နယ်အစိုးရအဖွဲ့ ၏ ပြည်သူ့အတွက်ဒုတိယ တစ်နှစ်တာပြုပြင်ပြောင်း လဲရေး ဆောင်ရွက်ချက်များ နှင့်ပတ်သက်၍ သတင်းမီဒီယာများအား အသိပေးရှင်းလင်းခြင်း အခမ်းအနား

“ လက်ရှိအနေအထားမှာ ကျနော်တို့သျှမ်းပြည်နယ်အတွင်းမှာ အဂတိလိုက် စားမှုအထိကို ရောက်တဲ့ဟာတော့မရှိသေးဘူး ၊ ကျတော့ သက်ဆိုင်ရာ ဌာနဆိုင်ရာအနေနဲ့အရေးယူထားတာမျိုးပဲရှိပါတယ် ။ ဥပမာ မြန်မာနိုင်ငံ ရဲတပ် ဖွဲ့အနေနဲ့ဆိုရင် ရဲစည်းကမ်းဥပဒေနဲ့အရေးယူ ထားတာတော့ (၆) ယောက်ရှိပါတယ် ” ဟု ရဲမှူးခင်ဇော် ကပြောသည် ။

သျှမ်းပြည်နယ်တွင်း အဂတိလိုက်စားမှုဖြင့် အရေးယူဆောင်ရွက်ထားခြင်း မရှိသော်လည်း သက်ဆိုင်ရာ ဌာနဆိုင်ရာအဖွဲ့အစည်းဥပဒေဖြင့် အရေးယူ ဆောင်ရွက်ထားလျှက်ရှိကြောင်း ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှလည်း ရဲဥပဒေဖြင့် အရေးယူ ထားပြီး အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန မှလည်းယင်းဥပဒေ စည်းမျဉ်းများဖြင့် အရေးယူ ထားခြင်းမျိုးသာရှိကြောင်း ၄င်းက ဆက်လက် ရှင်းပြသည် ။

သျှမ်းပြည်နယ်အစိုးရအတွင်းရေးမှူး ဦးစိုးစိုးဇော် မှလည်း “ ဒီမေးခွန်းနဲ့ပတ် သက်လို့ကျနော့်ဌာနနဲ့ ပတ်သက်ပြီး ကျနော်သိတာ ရှင်းပြချင်တယ်။ ဒီအ ဂတိလိုက်စားမှုနဲ့ပတ်သက်လို့ ကွန်ဟိန်း ၊ မိုင်းဆန် ဘက်မှာသစ်မှောင်ခို ဖမ်းတဲ့ကိစ္စနဲ့ပတ်သက်ပြီး ကျနော်တို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ၀န်ထမ်း (၂) ဦးအရေးယူထားတာရှိပါတယ်” ဟု ဆိုသည် ။

မေလ (၂၅) ရက်နေ့က သျှမ်းပြည်နယ်အစိုးရအဖွဲ့၏ ပြည်သူ့အတွက်ဒုတိယ တစ်နှစ်တာပြုပြင်ပြောင်း လဲရေး ဆောင်ရွက်ချက်များ နှင့်ပတ်သက်၍ သတင်းမီဒီယာများအား အသိပေးရှင်းလင်းခြင်း အခမ်းအနားတွင် သျှမ်းသံတော်ဆင့်မှ သျှမ်းပြည်နယ်တွင် အဂတိလိုက်စား မှုနှင့်ပတ်သက်အရေးယူ ဆောင်ရွက် ထားမှု အခြေအနေအားမေးမြန်းရာ သျှမ်းပြည်နယ်အစိုးရအ ဖွဲ့အတွင်းရေးမှူး နှင့် သျှမ်းပြည်နယ်ရဲ တပ်ဖွဲ့မှူးမှထိုသို့ ပြန်လည်ဖြေကြား ခဲ့ခြင်းဖြစ်သည် ။

လေးကြိမ်မြောက် ပြင်ဆင်သည့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေကြမ်းကို မတ်လ ၅ ရက်နေ့က အမျိုးသား လွှတ်တော်တွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် အတွင်းရေးမှူး ဦးစန်းဝင်းက တင်သွင်းလိုက်သည်။
အဆိုပါဥပဒေကြမ်းတွင် – အရေးယူနိုင်တဲ့ ပြစ်မှုတစ်ခုခုကို မည်သူမဆို ပြည်တွင်းမှာ ဒါမှမဟုတ် မြန်မာနိုင်ငံရဲ့ တည်ဆဲ ဥပဒေအရ မှတ်ပုံတင်ထားတဲ့ ရေယာဉ် ဒါမှမဟုတ် လေယာဉ်တစ်ခုခုပေါ်မှာ ကျူးလွန်ရင်ဖြစ်စေ၊ မြန်မာနိုင်ငံသား မြန်မာနိုင်ငံမှာ အမြဲနေတဲ့ ဒါမှမဟုတ် နေထိုင်ခွင့်ပြုတဲ့ နိုင်ငံခြားသားက ပြည်ပမှာကျူးလွန်ရင်လည်း စီရင်ခွင့်ရှိ ရမယ် – ဟုပါရှိပါသည်။

မူလဥပဒေတွင်မူ – အမိန့်ချမှတ်ခြင်းခံရသူဟာ ခြောက်လထက်မပိုသော ထောင်ဒဏ် ဟုပါရှိပြီး ဥပဒေကြမ်းတွင် သုံးနှစ်ထက်မပိုသော ထောင်ဒဏ် ကျခံရမည်ဟု ပါရှိပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တရုတ် အမေရိကန်

တောင်ပိုင်းထိုးစစ် ပြဿနာပေါင်းစုံ ပြည့်နှက်နေတဲ့ သျှမ်းပြည်နယ်အတွက် တရုတ်ရဲ့ဩဇာက ဘယ်လို အကျိုး သက်ရောက်မှု ဖြစ်စေမလဲ

0
တရုတ်ပြည်နယ်စပ် သျှမ်းတောင်တန်းတွေမှာ ကမ္ဘာ့မဟာအင်အားကြီး နိုင်ငံတွေ ဘယ်လောက်ခြေရှုပ် နေကြသလဲ။ မြန်မာနိုင်ငံရဲ့ ပိုမိုဆိုးဝါးလာတဲ့ အခက်အခဲကို တကမ္ဘာလုံးက အာရုံစိုက်နေချိန်မှာ   စစ်အုပ်စုရဲ့ စစ်တပ်နဲ့ ပြည်သူ တွေကြားက ပဋိပက္ခကို အဓိကအာရုံစိုက်နေခြင်းဖြစ်တယ် သျှမ်းပြည်နယ်ရဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ အစည်းတွေကြားမှာ ကြမ်းတမ်းတဲ့ ရန်လိုမှုတွေဖြစ်နေတာ မယုံနိုင်စရာပါဘဲ။ SSPP /...

သျှမ်းပြည်တွင် Stay at home (၉)မြို့နယ် ကိုဗစ်လူနာ (၁)သောင်းကျော်၊ သေဆုံးသူ (၂၀၀)ကျော်ရှိ

0
သျှမ်ပြည်နယ်တွင် ကိုဗစ်ကူးစက်ပျံ့နှံ့မှု မြင့်တက်နေပြီး သေဆုံးလူနာများလည်း နေ့စဉ် ရှိနေသည်။ ပြီးခဲ့သည့် ဇူလိုင် (၂၅)ရက်တွင် စစ်ကောင်စီလက်အောက် ကျန်းမာရေးဝန်ကြီးဌာနမှ သျှမ်းပြည်တောင်ပိုင်းရှိ မြို့နယ် (၃)ခုကို Stay at home မြို့နယ်အဖြစ် သတ်မှတ်လိုက်သည့်အတွက် သျှမ်းပြည်တွင် Stay at home သတ်မှတ်ထားသည့်မြို့နယ် (၉)မြို့နယ်အထိ...

NLD အစိုးရထိပ်ပိုင်း ခေါင်းဆောင်တချို့ တပ်မတော်ဖမ်းဆီး – ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း ဉီးမြင့်ဆွေကို ယာယီသမ္မတ တင်ထား

0
လက်ရှိ ပြည်ထောင်စုမြန်မာနိုင်ငံတော် အစိုးရ ထိပ်ပိုင်းခေါင်းဆောင် များဖြစ်ကြသော နိုင်ငံတော် အတိုင်အပင်ခံ ဒေါ် အောင်ဆန်းစုကြည် ၊ နိုင်ငံတော်သမ္မတ ဉီးဝင်းမြင့် အပါအဝင် ပြည်နယ် နှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ် တချို့ကို ဖမ်းဆီးလိုက်လိုက် ပြီး ဒုတိယ သမ္မတ ၁ ...

ကိုယ်လိုချင်တဲ့ လူကိုပဲခေါ် ရင် အမျိုးသားညီညွတ်ရေးအစိုးရဆိုတာ အမည်ခံသက်သက်ပဲ

တတိယအကြိမ် လွှတ်တော်အသီးသီး၏ ပထမပုံမှန်အစည်းအဝေးများကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်၌ စတင်ကျင်းပရန် လျာထားပြီး ယင်းအစည်းအဝေးများတွင် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများ ရွေးချယ်တင်မြှောက်ခြင်း၊ လွှတ်တော်ရေးရာကော်မတီများဖွဲ့စည်းခြင်း၊ နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ ရွေးချယ်တင်မြှောက်ခြင်း၊ ပြည်ထောင်စုအစိုးရအဖွဲ့, ဖွဲ့စည်းခြင်းနှင့် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းဝင်များ ခန့်အပ်တာဝန်ပေးခြင်းတို့နှင့်စပ်လျဉ်းပြီး...

သျှမ်းလွှတ်တော် သတင်းယူခွင့် ကန့်သတ်ချက်များ ဖြေလျော့ပေးရန် မီဒီယာများ တောင်းဆို

လာမည့်လွှတ်တော်သက်တမ်းတွင် သျှမ်းပြည်နယ်လွှတ်တော်၌ သတင်းယူခွင့်နှင့်ပတ်သက်၍ ကန့်သတ်ထားသော စည်းကမ်းချက်များ ဖြေလျော့ပေးရန် သတင်းမီဒီယာသမားက တောင်းဆိုထားကြောင်းသိရသည်။ သျှမ်းပြည်နယ်လွှတ်တော်သည် လွှတ်တော်သက်တမ်းနှစ်ခုစလုံးတွင် သတင်းမီဒီယာများ သတင်းရယူပိုင်ခွင့်နှင့် ပတ်သက်၍ ပွင့်လင်းမြင်သာ မှုအားနည်းခဲ့ပြီး မီဒီယာများအားခွဲခြားဆက်ဆံမှုများရှိနေခြင်းဖြစ်သည်။ ထို့ကြောင့် လာမည့်လွှတ်တော်သက်တမ်းတွင် သျှမ်းပြည်နယ်လွှတ်တော်အနေဖြင့် မီဒီယာများအားလုံးခွဲခြားမှုမရှိဘဲ သတင်းယူခွင့်ပြုရန်၊ လွှတ်တော်ဝင်ခွင့်ကဒ်များအား သက်တမ်းတစ်ခုသတ်မှတ်၍ စမတ်ကဒ်များထုတ် ပေးရန်၊ ယခင်လွှတ်တော်သက်တမ်းများမှ...