Thursday, April 18, 2024

သျှမ်းပြည်အတွင်း ဆေးရုံတက် ကိုဗစ်- ၁၉ လူနာ (၂၂၂) ဦးရှိ

Must read

သျှမ်းပြည် တဝှမ်း တွင် ဆေးရုံတက်ဆေးကုသနေသည့် ကိုဗစ်-၁၉ လူနာ (၂၂၂)ဦးရှိကြောင်းစုံစမ်းသိရသည်။

ဇန်နဝါရီ ၃ရက်အထိ သျှမ်းပြည်တွင် ကိုဗစ်-၁၉ လူနာ စုစုပေါင်း ၉၃၇ ဦးရှိပြီး၊ လက်ရှိဆေးရုံတက် ဆေးကုသနေသည့် လူနာ (၂၂၂) ဦးရှိကာ သေဆုံးသူပေါင်း ၃ ဦးရှိကြောင်း သျှမ်းပြည်နယ်၊တောင်ကြီး ပြန်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီဌာန ၏ ထုတ်ပြန်ချက်အရသိရသည်။

သျှမ်းပြည်နယ် တောင်ပိုင်းတွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာ စုစုပေါင်း (၅၇၃) ဦးနှင့် လက်ရှိဆေးကုနေသူ (၁၀၀) နှင့် သေဆုံးသူ ၁ ဦးရှိပြီး၊ သျှမ်းရှေ့ တွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာ စုစုပေါင်း ( ၁၅၀) ဦးနှင့် လက်ရှိဆေးကုနေသူ (၄) ဦးနှင့် သေဆုံးသူမရှိကြောင်း ထုတ်ပြန်ချက်တွင်ရေးသားထားသည်။

ထို့အပြင် သျှမ်းပြည်မြောက်ပိုင်းတွင် ကိုဗစ်- ၁၉ ပိုးတွေ့လူနာ စုစုပေါင်း (၂၁၄) ဦးနှင့် လက်ရှိဆေးကုသနေသူ (၁၁၈) နှင့် သေဆုံးသူ ၂ ဦးရှိကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုသို့သျှမ်းပြည်နယ်တွင် ပိုးတွေ့လူနာများရှိနေသည့် အပေါ်တွင် ဆရာဝန်များနှင့် ပရိဟိတ လုပ်ဆောင်နေသည့်သူများက ပြည့်သူများအနေဖြင့် အပြင်သွားတိုင်း mask( နှာခေါင်းစည်း)တပ်ရန်၊ မကြာခဏ လက်ဆေးရန်၊ ၆ ပေအကွာနေထိုင်ပေးရန်စသည့် ကိုဗစ် ၁၉ စည်းကမ်းချက်များ

Leave a Comments

- Advertisement -spot_img

Latest article