ကျိုင်းတုံစက်မှုဇုန်အတွက် မြေသိမ်းခံရမှုကို မကန့်ကွတ်ရန် ခြိမ်းခြောက်ခံရ

သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့နယ် နောင်ငင်းကျေးရွာ ဒေသခံပိုင်ဆိုင်သည့် မြေများကို သိမ်းဆည်းပြီး စက်မှုဇုန် တည်ဆောက်မည်ဖြစ်သဖြင့် ဒေသခံများကို မကန့်ကွတ်ရန် သက်ဆိုင်ရာ အာဏာပိုင် မှ လာရောက် ခြိမ်းခြောက်ခဲ့ကြောင်း ဟု စုံစမ်းသိရသည်။

ယခုလ ၁၄ရက်တွင် ကျိုင်းတုံမြိ့နယ် နောင်ငင်းကျေးရွာမှ ဒေသခံများကို အုပ်ချုပ်ရေးမှူးမှ ဆင့်ခေါ်ကာ အစိုးရမှသိမ်းမည့် မြေဧက (၅၅)ဧကပေါ် စက်မှုဇုန်တည်ဆောက်မည်ဖြစ်သဖြင့် ဒေသခံများမကန့်ကွက်ရန်နှင့် ကန့်ကွက်ပါက မည်သူမဆို ပြစ်ဒဏ်ပေးသွားမည် ဖြစ်ကြောင်း ခြိမ်းခြောက်စကားပြောဆိုခဲ့ကြောင်း ကျိုင်းတုံမြို့ ရှမ်းအမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) အတွင်းရေးမှူး လုံးစိုင်းကျောက် က သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိ အစိုးရမှ သိမ်းမည့်မြေပေါ်တွင် နောင်ငင်းကျေးရွာမှ ရွာသားများသည် လယ်ယာစိုက်ပျိုးမှု ပြုလုပ်နေသေးကြောင်း၊ သို့သော် သက်ဆိုင်ရာမှလာရောက်သိမ်းကာ ဆက်လက် စိုက်ပျိုးနေကြောင်း လည်း သိရသည်။

“ ဖြစ်စဉ်က ခရိုင်အုပ်ချုပ်ရေးမှူးကနေပြီးတော့ ကျေးရွာအုပ်ချုပ်ရေးမှူးကို ပြောလာတာပါ။ သူတို့လာသိမ်းရင် မကန့်ကွက်နဲ့၊ ကန့်ကွက်ရင်လဲ သူတို့က ကျနော်တို့ကို အရေးယူနိုင်တယ်” ဟု လုံးစိုင်းကျောက် ကပြောသည်။

မြေသိမ်းပြီး စက်မှုဇုန်ပြုလုပ်မည့် နေရာသည် နှစ်ရှည်သီးနှံစိုက်ပျိုးထားသည့်မြေများဖြစ်ပြီး၊ မြေပိုင်ရှင် ၂၃ဦးပိုင်ဆိုင်သည့် မြေကွက်များဖြစ်ကာ၊ သက်ဆိုင်ရာကို မြေပြန်လည်ရရှိရန် သက်ဆိုင်ရာတို့ အသနာစာတင် တောင်းဆိုထားကြောင်း ဖြစ်ကြောင် မြေသိမ်းခံရသည့်သူများက ပြောဆိုလိုက်သည်။

“ ကျနော်တို့ အသနားစာတင်ပြီးတော့ ရွာသားတွေကို ပြန်လုပ်စားနိုင်ဖို့တောင်းဆိုထားတယ်။ လုပ်စားလာတာ ခုချိန်ထိဘဲ။ အခုချိန်ခါကြတော့ သူတို့နေဖို့လိုတယ်” ဟု လုံးစိုင်းကျောက် ကပြောသည်။

ကျိုင်းတုံ နောင်ငင်းကျေးရွာ ဒေသခံပိုင် မြေများကို ၁၉၉၅ ခုနှစ်တွင်လည်း တြိဂံတိုင်းစစ်ဌာနချုပ်မှသိမ်းဆည်းခဲ့ပြီး ဒေသခံများ ပြန်လည် တောင်းဆိုမှုကြောင့်၂၀၁၆ခုနစ်တွင် ဒေသခံများကို ပြန်လည်ပေးခဲ့သည်။

သို့သော် ထိုပြန်ပေးသည့်မြေကွက်များစာရွက်စာတမ်း ပုံစံ(၇)များကို အုပ်ချုပ်ရေးမှူးရုံးတွင် သိမ်းဆည်းထားကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျိုင်းတုံ ဘုန်းကြီးကျောင်းအတွင်း အာဏာပိုင်၏ ခွင့်ပြုချက်ဖြင့် လောင်းကစားဖွင့်လှစ်နေ

0
သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့နယ် ဘုန်းကြီးကျောင်းအတွင်းတစ်ခုတွင် လောင်းကစားဝိုင်းမျိုးစုံကို အာဏာပိုင်များ၏ ခွင့်ပြုချက်ဖြင့် ဖွင့်လှစ်ခွင့်ပေးနေကြောင်း ဒေသခံများက ပြောသည်။ ကျိုင်းတုံမြို့နယ် မိုင်းဇင်းကျေးရွာအုပ်စု နောင်နွန်းကွက်သစ်ရှိ ဝိသုဒ္ဓါရုံစာသင်တိုက်အတွင်း၌ ဧပြီလ ၁ ရက်နေ့မှစတင်ကာ လောင်းကစားဝိုင်းများကို တစ်လကြာ ဖွင့်လှစ်ခွင့်ပေးထားခြင်း ဖြစ်သည်။ အဆိုပါ ဝိုင်းများတွင် ကြက်ဝိုင်း၊ ဂျင်ဝိုင်း၊ ပိုက်ကျူး၊ ငါးပစ်ဂိမ်း၊...

ကျိုင်းတုံမှာ စစ်ကော်မရှင်တပ်က လူငယ်များကိုပေါ်တာဆွဲ ကျပ်သိန်းတစ်ရာဖြင့် ပြန်ရွေးခိုင်း

0
သျှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့တွင် စစ်ကော်မရှင်တပ်က လူငယ်များကို ပေါ်တာဆွဲဖမ်းဆီးမှုများ လုပ်ဆောင်နေပြီး ဖမ်းဆီးခံရသူများကို ငွေကျပ်သိန်း တစ်ရာဖြင့် ပြန်ရွေးခိုင်းကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ နောက်ဆုံးပတ်မှစပြီး ကျိုင်းတုံမြို့တွင် စစ်ကော်မရှင်တပ်က လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးမှုများ ပေါ်ပေါ်ထင်ထင်လုပ်လာပြီး ညနေခင်းအချိန်တွင် စစ်ကော်မရှင်တပ်က အိမ်စီးကားများဖြင့် လူငယ်များကို ဖမ်းဆီးနေကာ...

စက်သုံးဆီ ကန့်သတ်ရောင်းချမှုကြောင့် မိုင်းလား-ကျိုင်းတုံ ကားခ ဈေးနှုန်းမြင့်တက်လာ

0
သျှမ်းပြည် အရှေ့ပိုင်းတွင် စက်သုံးဆီဈေးနှုန်းမြင့်တက်ပြီး အကန့်သတ်ဖြင့် ဝယ်နေရခြင်းကြောင့် မိုင်းလား - ကျိုင်းတုံ ကားခများ ဈေးနှုန်းမြင့်တက်လာကြောင်း စုံစမ်းသိရသည်။ လက်ရှိ အရှေ့အလယ်ပိုင်း စစ်ရေးပဋိပက္ခကြောင့် စက်သုံးဆီစျေး ပြဿနာဖြစ်လာပြီး စျေးနှုန်းမြင့်တက်လာသည့်အပြင် စက်သုံးဆီ ရှားပါးမှု ဖြစ်လာသည့်အတွက် မိုင်းလား-ကျိုင်းတုံ ပြေးဆွဲနေသည့် ကားများသည် တနေ့လျှင့်...

ကျိုင်းတုံ ဆိုင်ကယ်သူခိုးသောင်းကျန်းနေ

0
သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့တွင် ဆိုင်ကယ်များ ခိုးယူခံရခြင်း၊ လုယက်ခြင်းများ မကြာခဏ ဖြစ်ပွားနေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်မှစပြီး ကျိုင်းတုံမြို့သည် ပြည်သူများ အတွက် လုံခြုံမှုကင်းမဲ့နေသည့်အပြင် စစ်ကော်မရှင် လက်အောက်ခံတာဝန်ရှိသူများမှ ဆိုင်ကယ်သူခိုးများ၊ လုယက်သူများကို ဖမ်းဆီး အ‌ရေးယူးဆောက်ရွက်မှုကြောင်း လည်း ကျိုင်းတုံမြို့ ဒေသခံ...

အိန္ဒိယသံအမတ်ကြီး ကျိုင်းတုံနှင့် တာချီလိတ်မြို့သို့ လာရောက်လေ့လာ

0
သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့နှင့် တာချီလိတ်မြို့သို့ အိန္ဒိယနိုင်ငံ သံအမတ်ကြီး လာရောက်ပြီး မြန်မာ-ထိုင်း-လာအို နယ်စပ်ကုန်သွယ်ရေးဂိတ်များကို လေ့လာခဲ့ကြောင်း သတင်းသိရသည်။ ဇန်နဝါရီလ (၃၁) ရက်တွင် ကျိုင်းတုံမြို့ရှိ ဗုဒ္ဓဂါယာ ပုံစံတူ ဆောက်လုပ်ထားသည့် ဗုဒ္ဓဥယျာဉ်တွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ကိုးကွယ်သည့် ဝစီပိတ်ဆရာတော်ကို အိန္ဒိယသံအမတ်ကြီး Mr. Abhay...