Wednesday, January 28, 2026

သျှမ်းပြည်တွင် ဆိုင်ထိုင်စားခွင့်ရ စားသောက်ဆိုင် ၁ ထောင်ကျော်ဖွင့်ခွင့်ရ

သျှမ်းပြည် တဝှမ်းတွင် ဆိုင်ထိုင်စားခွင့်ရသည့် စားသောက်ဆိုင် (၁၀၀၀) ကျော် ကို ယနေ့ (ဒီဇင်ဘာ ၂၃ )ရက် မှ စတင်ပြီး ပြန်လည်ဖွင့်လှစ်ခွင့်ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

ကိုဗစ်-၁၉ ကူးစက်မှု ဖြစ်ပွားနေသည့် အချိန်အတောအတွင်း စားသောက်ဆိုင်များကို အဆင့်(A)(B)(C)အဖြစ် သတ်မှတ် ထားပြီး၊ လက်ရှိမှာ အဆင့်(A) သတ်မှတ်ထားသည့်ဆိုင်များကိုသာ ဆိုင်ထိုင်စားအဖြစ် ဖွင့်ခွင့်ပေးထားကြောင်း သျှမ်းပြည်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးနေလင်း က သျှမ်းသံတော်ဆင့်ကိုပြောသည်။


“ အရင်တုန်းက လဲ A B C ဆိုင်ဆိုပြီး အဆင့်သတ်မှတ်ပြီးတော့ စစ်ဆေးထားပါဆိုတဲ့ညွှန်ကြားချက်ရှိတယ်လေ။ အခုက A အဆင့်ရှိတဲ့ဆိုင်တွေကို အရင်ဆုံးဖွင့်ခွင့်ပြုထားတယ် “ ဟု သျှမ်းပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးနေလင်း ကပြောသည်။


အဆိုပါ ဆိုင်ထိုင်စားဖွင့်ရထားသည့် ဆိုင်ပေါင်း (၁၀၀၀)ကျော်ကို ကိုဗစ် ၁၉ နှင့်အညီ မြို့နယ်လိုက် စောင့်ကြည်ဆောင်ရွက်နေမည်ဖြစ်ပြီး အချိန်ပြည့် စစ်ဆေးသွားမည် ဟုလည်း ဦးနေလင်းက ပြောသည်။


“ ကျနော်တို့ မြို့နယ်အလိုက် တာဝန်ရှိသူတွေမှ စောင့်ကြည့်နေမှာဖြစ်တယ်။ အချိန်ပြည့် စောင့်ကြည့်စစ်ဆေးရေး ဝင်နေမယ်။ စည်းကမ်းချိုးဖောက်တာရှိရင် ချက်ချင်းသတိပေး ဆုံးမတာရှိမယ်။ နောက်ဆုံးကြရင်တော့ အပြီးပိတ်ခိုင်းတဲ့ အဆင့်ထိသွားမယ်” ဟု ဦးနေလင်း ကဆိုသည်။


အသွားအလာကန့်သတ်ထားသည့် ကျေးရွာ၊ ရပ်ကွက်အတွင်းရှိ အဆင့်(A)သတ်မှတ်ထားသည့် ဆိုင်များမှာ လက်ရှိအချိန်ထိ ဖွင့်ခွင့်မရသေကြောင်းလည်း ဦးနေလင်းက ပြောသည်။


ဆိုင်များ ပြန်လည်ဖွင့်ခွင့်ရသည့်အပေါ် တောင်ကြီးမြို့နယ် ကိုဗစ်-၁၉ ကာကွယ်တားဆီးရေးတွင် ပရဟိတလုပ်နေသည့် ဝင်နိုင်းစိုးက “ ဆိုင်ဖွင့်လိုက်တာမှပိုကောင်းအုန်းမယ်။ အရင်ကတည်းက ၈၀ ရာခိုင်းနှုန်းလောက်က တံခါးပိတ်ပြီးတော့ ခိုးရောင်းနေကြတာဘဲ။ အခုဖွင့်ခိုင်းလိုက်တော့ လေဝင်လေထွက် ပိုကောင်းမွန်အောင်ရရှိသွားတာပေါ့” ဟု ပြောသည်။


ဆိုင်ထိုင်စားခွင့်ဖွင့်လိုက်သော်လည်း ပရဟိတ အဖွဲ့များမှ ကျန်းမားရေးဆိုင်ရာ နှင့် ပတ်သတ်၍ ပိုမို အသိပေးများ ကို ပြုလုပ်သွားရမည်ဖြစ်ကြောင်း၊ ပြည်သူများအနေဖြင့် mask များတပ်ဆင်ခြင်း၊ လက်ကို မကြာခဏ ဆေးကြောစေလိုကြောင်း ဝင်နိုင်စိုးက ထက်လောင်းပြောသည်။


မြန်မာနိုင်ငံတွင် ယနေ့အချိန်ထိ ကိုဗစ်-၁၉ ကူးစက်မှုနှုန်းမြင့်တက်နေပြီး၊ ဒီဇင်ဘာ (၂၂)ရက် ယနေ့ ၈နာရီတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ထုတ်ပြန်ချက်အရ ကိုဗစ်-၁၉ ကူးစက်သူ စုစုပေါင်း (၁၁၇,၉ ၄၆) ဦးရှိပြီး၊ သေဆုံးသူ စုစုပေါင်း (၂၄၈၄)ဦးရှိကြောင်း ထုတ်ပြန်ချက် အရသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ချင်းမိုင်ရှိ စားသောက်ဆိုင်နှင့် ကာရာအိုကေဆိုင်များကို ထိုင်းရဲတပ်ဖွဲ့ ဝင်ရောက်စစ်ဆေး ဖမ်းဆီးနေ

0
ထိုင်းနိုင်ငံ ချင်းမိုင်မြို့အတွင်း ရွှေ့ပြောင်းအလုပ်သမားများ ဖွင့်လှစ်ထားသည့် စားသောက်ဆိုင်၊ ကာရာအိုကေဆိုင်များကို ထိုင်းရဲတပ်ဖွဲ့မှ ဝင်ရောက်စစ်ဆေး ဖမ်းဆီးမှုများ ပြုလုပ်ခဲ့ရာ ၈ ဦး ဖမ်းဆီးခံရကြောင်း သတင်းသိရသည်။ ချင်းမိုင်မြို့တွင် ရွှေ့ပြောင်းအလုပ်သမားများမှ ဖွင့်လှစ်ထားသည့် စားသောက်ဆိုင်နှင့် တွဲဖွင့်ထားသော ကာရာအိုကေ ဆိုင်တစ်ခုကို ထိုင်းရဲတပ်ဖွဲ့က ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၈...

ထိုင်းနယ်စပ်သွားမည့်ကားများ စစ်ဆေးမှုတင်းကြပ် ခရီးသည်နည်းပါးလာ

0
သျှမ်းပြည် တောင်ပိုင်း မှ ထိုင်းနယ်စပ် တာချီလိတ်သို့ သွားသည့် လမ်းပိုင်းတွင် လက်နက်ကိုင်တပ်ဖွဲ့များ စစ်ဆေးမှု တင်းကြပ်လာပြီး ခရီးသည်များ နည်းပါးလာကြောင်း ကားသမားများထံ စုံစမ်းသိရသည်။ စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်း ဥပဒေ အကောင်အထည်ဖော်မှု၊ တိုင်းရင်းသားလက်နက်ကိုင်များ၏ တပ်သားသစ် စုဆောင်းမှုများကြောင့် ထိုင်းနယ်စပ် တာချီလိတ်မြို့ လမ်းကြောတလျောက်တွင် စစ်ဆေးမှုတင်းကြပ်လာပြီး၊...

မျှော်ပေမယ့် ဖြစ်မလာတဲ့ တာချီလိတ်နယ်စပ်ဂိတ်

0
“နယ်စပ်ဂိတ် ပြန်ဖွင့်တော့မယ်” ဆိုတဲ့ သတင်းတွေဟာ နယ်စပ်ကို အမှီပြုပြီး ရောင်းဝယ်ရေး လုပ်နေကြတဲ့ ပြည်သူတွေအနေနဲ့ မျှော်လင့်စောင့်စားနေကြရတာ ဖြစ်သလို မကြာခဏလည်း ကြားရတတ်တဲ့ သတင်းတွေလည်း ဖြစ်နေပါတယ်။ ဒါပေမယ့် မကြာခဏ သတင်းကြားရတဲ့ အတိုင်း မကြာခဏလည်း မျှော်လင့်ချက်တွေ ရိုက်ချိုးခံရတဲ့ နယ်စပ်သတင်းတွေ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ...

မြန်မာ-တရုတ် မန့်ဝိန်း-ကျယ်ဂေါင်နယ်စပ်ဂိတ် အကန့်အသတ်ဖြင့် ဖွင့်

0
ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် ၃နှစ်နီးပါး ပိတ်ထားသည့် မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ မန့်ဝိန်း-ဂျယ်ဂေါင်ဂိတ်ကို ယနေ့ (ဇန်နဝါရီ ၁၄)ရက် နံနက်ပိုင်းတွင် မြန်မာနိုင်ငံဘက်မှ ပြန်လည်ဖွင့်လှစ်လိုက်ကြောင်း သတင်းရရှိသည်။ မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ မန့်ဝိန်း- ဂျယ်ဂေါင် နယ်စပ်ဂိတ်ကို ယနေ့ (ဇန်နဝါရီ ၁၄)ရက် နံနက် ၇ နာရီတွင်...

ရွှေလီမြစ်ဝှမ်း ကြံစိုက်သူများ အခက်ကြုံနေ

0
ထုန့်မောဝ် (ရွှေလီမြစ်ဝှမ်း) ကြံစိုက်ခင်းပိုင်ရှင်များသည် တရုတ်နိုင်ငံတွင်းသို့ ကြံတင်ပို့ရောင်းချပေးပြီးသော်လည်း လက်ရှိအချိန်ထိ ငွေပြန်မရရှိသေးသည့်အတွက်ကြောင့် အခက်အခဲဖြစ်နေကြောင်း စုံစမ်းသိရှိရသည်။ ဒီဇင်ဘာ ပထမပတ်ကစပြီး သျှမ်းပြည်မြောက်ပိုင်း ရွှေလီမြစ်ဝှမ်းဒေသဖြစ်သည့် မူဆယ်မြို့နယ် နှင့် နမ့်ခမ်းမြို့နယ်တွင်း ကြံစိုက်ခင်းပိုင်ရှင်များက တရုတ်နိုင်ငံတွင်း တင်ပို့ပေးပြီးငွေပြန်မရရှိသေးသည့်အတွက်ကြောင့် ထပ်မံစိုက်ပျိုးရန်အတွက် အခက်ခဲဖြစ်နေကြောင်း သိရသည်။ “ အရမ်းခက်ခဲတယ်။ ကျနော်တို့လည်းစိုက်ပျိုးဖို့ ငွေအင်အား၊...