Saturday, April 20, 2024

လွိုင်လင်မြို့ တွင် မူးယစ်ဆေး ကျပ်သိန်း ၄ ဘီလီယံဖမ်းဆီးရမိ

Must read

သျှမ်းပြည် တောင်ပိုင်း လွိုင်လင်မြို့နယ်တွင် ငွေကျပ်သိန်း ၄ ဘီလီယံ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား များကို ဖမ်းဆီးရမိကြောင်း စုံစမ်းသိရှိရသည်။

ဖြစ်စဉ်မှာ ဒီဇင်ဘာ ၂၁ ရက်တွင် လွိုင်လင်မြို့နယ်၊ ဟိုတင့်ကျေးရွာအနီး စောင့်ဆိုင်းနေစဉ် လွိုင်လင်မြို့ဘက်မှ တောင်ကြီးမြို့ဘက်သို့ မောင်းနှင်းလာသည့် ကာကို ရပ်တန့်စစ်ဆေးရာ ထွက်ပြေးတိမ်းရှောင်ခဲ့ပြီး၊ အဆိုပါ ကားကို မိုမိုင်းပွန်မြို့၊ သချိုင်းအနီး မော်တော်ယာဉ်အား ပိတ်ဆို့ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ရဲ ထုတ်ပြန်ချက် အရ သိရသည်။

အဆိုပါ ဖမ်းဆီးရမိသည့် မော်တော်ယာဉ်ပေါ်တွင် စိတ်ကြွရူးသွပ်ဆေးပြား ၈ သန်း( ကာလပေါက်ဈေး ကျပ်သိန်း ၄ ဘီလီယံ) သိမ်းဆည်းရမိခဲ့ကြောင်းသိရဥည်။

ထို သိမ်းဆည်းရမိသည့် မူးယစ်ဆေးဝါးများ နှင့် အတူ သယ်ဆောင်လာသူ အသက် (၅၀) နှစ် ရဲလှိုင်းဝင်း အား မူးယစ်ဆေးဝါးဆိုင်ရာ ဥပဒေအရ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article