Thursday, April 25, 2024

မူဆယ်မြို့ ကိုဗစ်- ၁၉ လူနာ ၈ဦးကျန်ရှိနေဆဲ

Must read

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ဆေးရုံတွင် ကိုဗစ်- ၁၉ ပိုးတွေ့လူနာ ၈ဦး ဆေးကုသခံနေဆဲ ဟု စုံစမ်းသိရသည်။

မူဆယ်မြို့ ပြည်သူ့ဆေးရုံတွင် ယမန်( ဒီဇင်ဘာ ၂၁)ရက် အချိန်ထိ ကိုဗစ်-၁၉ စုစုပေါင်းလူနာ (၄၅)ဦးရှိပြီး၊ လက်ရှိမှာ လူနာ ၈ဦး ဆေးကုသခံယူနေဆဲ ဟု မူဆယ်မြို့ ဆေးရုံအုပ် ဒေါက်တာ ဟန်နိုင်စိုး က သျှမ်းသံတော်ဆင့် ကို ပြောသည်။

“ အစကနေခုထိတော့ ၄၅ ယောက်ရှိတယ်။ ဒီနေ့ပ ၄ ယောက်ဆေးရုံဆင်းမယ်။ အားလုံးက ကျန်းမားရေး အခြေနေကောင်းတယ်။ ဆေးရုံမှာက ၈ ယောက်ဘဲကျန်တော့မယ်” ဟု မူဆယ်ဆေးရုံအုပ် ဒေါက်တာဟန်နိုင်စိုးက ပြောသည်။

မူဆယ်မြို့ တွင် Quarantine စင်တာ ၃ ခုရှိပြီး Quarantine ဝင်နေသူ စုစုပေါင်း ခန့်မှန်းခြေအရ ၁၅၀ နှင့် ၂၀၀ ကြားရှိကြောင်း ဒေါက်တာဟန်နိုင်စိုး ကပြောသည်။

“Quarantine ဝင်နေတဲ့သူတွေက အများကအားဖြင့်ကတော့ တရုတ်ပြည်ကနေ ဝင်လာတဲ့သူတွေဖြစ်တယ်။ နောက်ပြီးတော့ ရန်ကုန်နဲ မန္တလေးကနေ ပြန်လာတဲ့သူ‌ တွေဖြစ်တယ်။ ရောဂါဖြစ်တဲ့ နေရာကနေ ပြန်လာကြတာ” ဟု ဒေါက်တာ ဟန်နိုင်စိုးက ဆိုသည်။

ကိုဗစ် -၁၉ ကို ဆက်လက်မပြန့်ပွားအောင် ဒေါက်တာ ဟန်နိုင်စိုးက “ ပြည်သူတွေအားလုံး အဓိကတော့ ကျန်းမားရေးနှင့် အားကစားဝန်းကြီးဌာန ကနေထုတ်ပြန်ထားတဲ့ စည်းကမ်းချက်တွေကိုပိုပြီး လိုက်နာဆောင်ရွက်ပေးကြပါဟု” ဒေါက်တာက ထက်လောင်းပြောသည်။

သျှမ်းပြည် တွင် ဒီဇင်ဘာ ၂၁ ရက်နေ့ထိ ကိုဗစ် ၁၉ အတည်ပြုလူနာ စုစုပေါင်း (၇၇၀) ဦးရှိပြီး ဆေးရုံတွင် ကုသနေသူ ၁၆၃ နှင့် သေဆုံးသူ ၃ ဦးရှိကြောင်း ပြည်နယ်ကုသရေးနှင့် ပြည်သူကျန်းမားရေးဦးစီးဌာန တောင်ကြီးမြို့ လူမှု စာမျက်နှာကွန်ယက် ထုတ်ပြန်ချက်အရသိရသည်။

Leave a Comments

- Advertisement -spot_img

Latest article