တောင်ကြီးမြို့တွင် Quarantine ဝင်နေသူ ကလေးတယောက်သေဆုံး

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် Quarantine ဝင်နေသည့်  ကလေးတစ်ယောက်သေဆုံး ကြောင်း စုံစမ်းသိရှိရသည်။

တောင်ကြီး စ၀်စံထွန်းဆေးရုံကြီး

တောင်ကြီးမြို့ အ.ထ.က ၅  တွင် Quarantine ၀င်နေသည့် အဆိုပါကလေးမှာ ယမန်နေ့ ဒီဇင်ဘာ ၁၅ ရက်က စဝ်စံထွန်းဆေးရုံတွင်  သေဆုံးသွားခြင်းဖြစ်ကြောင်းသိရသည်။

“ မိန်းခလေးလေးပါ။ သူက နဂိုကတည်းက ကင်ဆာရောဂါအခံရှိတယ်။ မန္တလေးမှာ ဆေးသွားကုပြီး  ပြန်လာတာ။ ပြန်ရောက်တော့လဲ အခြေနေကတော့ သိပ်တော့မကောင်းဘူးပေါ့။ ဒီနေ့ Quarantine ဝင်တာ က ၁၄ ရက်ပြည့်တာ” ဟု မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန ဒေါက်တာ မိုးထွန်းက ပြောသည်။

အဆိုပါအသက် ၆ နှစ်အရွယ်ရှိ ကလေးမလေးသည်  တောင်ကြီးဒေသခံသာဖြစ်ကြောင်း၊ နှာခေါင်း လည်ချောင်းကင်ဆာရောဂါဖြင့် မန္တလေးတွင်  ဆေးသွားကုပြီး ယခုလ  ၂ ရက်နေ့   တောင်ကြီးသို့ပြန်ရောက်လာပြီး ကွာရန်တင်း၀င်ခြင်းဖြစ်ကြောင်းသိရသည်။ Quarantine ၀င်ပြီး ၁၃ ရက်အကြာ  ယမန်နေ့ ည ၁၀ နာရီကျော်အချိန်တွင် စ၀်စံထွန်းဆေးရုံတွင် သေဆုံးသွားခြင်းဖြစ်ကြောင်းသိရသည်။

“   စဝ်စံထွန်းဆေးရုံကို လွှဲလိုက်တဲ့အချိန်မှာ ဆုံးသွားတယ်။ ၁၀ နာရီ ကျော်လောက်ဖြစ်မယ်။ သူ့မှာအသက် ၆ နှစ်ဘဲရှိသေးတယ်” ဟု ဒေါက်တာမိုးထွန်းက ပြောသည်။

အဆိုပါကလေးမလေးတွင် ကိုဗစ်ရောဂါလက္ခဏာတော့မရှိကြောင်း၊ ၄င်းအတွက်လည်း ထပ်မံစစ်ဆေးထားကြောင်း သိရသည်။

အလားတူ စက်တင်ဘာ ၂၀ ရက်နေ့ကလည်း တောင်ကြီးမြို့အမှတ် ၂ အထက်တန်း ကျောင်းတွင် Quarantine ဝင်နေသည့် အမျိုးသားတစ်ဦးသေဆုံးခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီး လိုင်စင်မဲ့ယာဉ် ရှောင်တခင်ဖမ်းဆီးမှုကြမ်းနေ

0
သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့တွင် ယခုရက်ပိုင်း လိုင်စင်မဲ့ယာဉ်များကို ရှောင်တခင် ဖမ်းဆီးစစ်ဆေးမှုများ ပိုလုပ်လာကြောင်း သတင်းရရှိသည်။ ထို လိုင်စင်မဲ့ယာဉ်များကို ဖမ်းဆီးမှုကြောင့် မြို့နှင့်အနီးတဝိုက်ရှိ ကျေးရွာဒေသခံများအနေဖြင့် မြို့ပေါ်သို့ အခါကြီးရက်ကြီးများ နှင့် ဈေးနေ့များတွင် မြို့ပေါ်သို့ သွားလာခြင်း၊ အခြေခံစားသောက်ကုန်၊လူသုံးကုန်ပစ္စည်းများ ဝယ်ယူရာသူ အခက်အခဲများရှိနေကြောင်း ဟိုပုံးမြို့နယ် အမျိုးသားတစ်ဦးက...

တောင်ကြီးတွင် အချင်းချင်း စကားများရန် ဖြစ်ရာမှ ဓားဖြင့် ထိုးသတ် အမျိုးသားတစ်ဦး သေဆုံး

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ စိန်ပန်းရပ်ကွက်တွင် သက်လတ်ပိုင်းအရွယ် အမျိုးသားနှစ်ဦး အချင်းချင်းစကားများ ရန်ဖြစ်ရာမှ ဓားဖြင့်ထိုးသတ်မှုဖြစ်ပြီး အမျိုးသားတစ်ဦး သေဆုံးသွားကြောင်း သိရသည်။ ဖြစ်စဉ်မှာ ယမန်နေ့ ဇူလိုင်လ (၉)ရက်နေ့တွင် စိန်ပန်းရပ်ကွက် နှင်းဆီလမ်းထိပ် အရက်ဆိုင်တွင် သက်လတ်ပိုင်းအရွယ် ကိုထွန်းထွန်းနိုင်နှင့် ကိုထက်ပိုင်မှူး တို့ စကားများရန်ဖြစ်ကြပြီး ဓားဖြင့်ထိုးမှုကြောင့် ကိုထက်ပိုင်မှူး...

တောင်ကြီးတွင် Kpay ပြေစာအတုပြပြီး ငွေလိမ်လည်ထုတ်ယူမှုရှိနေ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် Kpay ပြေစာအတုပြပြီး ‌ငွေလိမ်လည်ထုတ်ယူသူ များလာသဖြင့် ဈေးဆိုင်အချို့ အခက်တွေ့နေရကြောင်း သိရသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇူလိုင်လ ၇ရက်တွင် တောင်ကြီးမြို့ ဘုရားဖြူရပ်ကွက်မှ ဈေးဆိုင်တွင် လူရှုပ်နေချိန်ကို အခွင့်ကောင်းယူကာ ငွေသွင်းပြေစာအတုများကို ဆိုင်ရှင်အားပြ၍ ငွေကျပ် သိန်း(၃၀) ထုတ်ယူသွားခဲ့ကြောင်းကိုယ်တိုင်ကြုံတွေ့ရသည့် ကုန်စုံဆိုင်ပိုင်ရှင်တစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ ထိုသို့...

တောင်ကြီးတွင် အီးစီးကရက် မှောင်ခိုရောင်းဝယ်မှု ကြီးထွားနေဆဲ ၊ ဈေးနှုန်းနှစ်ဆမြင့်တက်

0
သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့တွင် အီးစီးကရက် (E- cigarette) နှင့် ပတ်သက်ပြီး အာဏာပိုင်များက ဖမ်းဆီးအရေးယူမှုများ ဆက်တိုက်ပြုလုပ်နေသော်လည်း မှောင်ခိုရောင်းဝယ်မှုများ ဆက်လက်ရှိနေပြီး ဈေးနှုန်းများလည်း ယခင်ထက် နှစ်ဆနီးပါး မြင့်တက်လာကြောင်း ဒေသခံများထံမှ သိရသည်။ တောင်ကြီးမြို့တွင် အီးစီးကရက် ရောင်းချသူများနှင့် သုံးစွဲသူများကိုပါ ဖမ်းဆီးအရေးယူမှုများ ရှိနေခြင်းကြောင့်...

မိန်းကလေးငယ်ကို ကျပ်တစ်သိန်းဖြင့် လူကုန်ကူးခဲ့သည့် ပွဲစားများ

0
“အဓိက အလုပ်ရှာရင်းနဲ့ ရောင်းစားခံရတာပေါ့ကွာ။ သူတို့ကို အလုပ်ရှာပေးမယ်၊ လစာကောင်းကောင်းပေးမယ် ပြောပြီး ရောင်းစားလိုက်တာ”ဟု တောင်ကြီးမြို့ အုပ်ချုပ်ရေးမှူးတစ်ဉီးက ပြောသည်။ ပြီးခဲ့သည့် ဇွန် ၁၃ရက် တွင် တောင်ကြီးမြို့နေ အသက် (၁၆)နှစ် အရွယ်နှင့် အသက် (၁၇)နှစ်အရွယ် မိန်းကလေး နှစ်ဉီးသည် အလုပ်ရှာဖွေရန် ရွှေညောင်မြို့သို့...