၂၀၂၀ ရွေးကောက်ပွဲ သောင်ပြိုကမ်းပြို အောင်နိုင်သည့် NLD အစိုးရထံ သျှမ်းသမိုင်းပညာရှင် အကြံပြုစာပေးပို့

ဒေါ်အောင်ဆန်းစုကြည် သို့အိတ်ဖွင့်ပေးစာ

တောင်ပေါ်စစ်ပွဲများရပ်ပေးပါရန်

Big Congratulations to DASSK+ NLD  သို့ ဂုဏ်ပြုပါ၏။ တောင်ပေါ်၌ သေနတ်သံကင်းစင်သည့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ကို ဗမာ့တပ်မတော်ရော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များရော ၇၀% သဘောတူညီနိုင်သောငြိမ်းချမ်းရေး ၊ နောက် ၅ နှစ်သက်တမ်းမှာရအောင်ကြိုးစားပေးပါရန်။

၉၀% အလေးချိန်ပိခဲ့သော ၂၀၀၈ တပ်မတော်ခြေဉသည်ယခု NLD မှ မဲ ၈၀% ကျော်ရရှိ၍အလေးချိန် ၁၀% သာကျန်တော့သည်။ ၈၀ % သောလူထုအတွက် လူထု ခြေဉသစ်တစ်ခု လုပ်ပေးချိန်တန်ပါပြီ။ တပ်မတော်နှင့် Media များပါ၀င်ပံ့ပိုးရန်အရေးကြီးလှပါ၏။ မြေပြန့်လူထုသည် တောင်ပေါ်လူထု၏ ဘ၀နှင့် ဒုက္ခကိုနားလည်မှုအားနည်းနေ၏။

လွတ်လပ်ရေးပူးတွဲယူ၍ ဖက်ဒရယ်ပြည်ထောင်စုစစ်စစ်ဖွဲ့စည်းပုံ ယုံကြည်မှုတည်ဆောက်ပေးနိုင်ခဲ့သော ‘ပန်င်လုံ’ စာချုပ်နှင့်အတူ (ဗိုလ်ချုပ်၏ စေတနာ+ဂတိဂ၀တ်) ကိုဆက်လက်ဂုဏ်ပြုရပါမည်။ စုပေါင်းသော ကုမ္ပဏီစာချုပ်ကြီးဖြစ်စေ၊ လက်ထပ်စာချုပ်ဖြစ်စေ (တိုင်းရင်းသားများ၏ သဘောတူခေါင်းငြိမ့်ခဲ့ခြင်းသည် ခွဲထွက်ရန် မဟုတ်ကြောင်း၊ တန်ဖိုးထားခဲ့ရမည့်အစား တစ်နှစ်အတွင်းမှာ လူမျိုးရေး အသာစီးရလိုသော မြေပြန့်ခေါင်းဆောင်အချို့ကြောင့် ‘ခွဲထွက်ရင်ကော မိုးမပြို ပြိုခဲ့သော် စိုးရိမ်မှုကို ရှေ့တန်းတင် လွန်းပြီး’ ဗဟိုဉီးစီးပြည်ထောင်စုအတု ၁၉၄၇ ခြေဉလုပ်ချခဲ့ပြီ။

ဗမာ့တပ်မတော်၏လက်ကိုင် (အမျိုးဘာသာ သာသနာကို ကာကွယ်စောင့်ရှောက်ရမည်) မူသည် လူမျိုး ရေး စစ်ပွဲ၊ လက်နက်ကိုင်အဖွဲ့များ လျော့မသွားပဲ ပို၍များလာခဲ့ပြီ။ ကုသမဂ္ဂမှာ ခြေဉအားလုံးမှာ ပြည်ထောင်စု စာလုံး ဆက်သုံးထားသော်လည်း ပြည်ထောင်စု (အနှစ်သာရ) မပြိုကွဲရေး အနှစ်သာရ မပေါ်လွင်ပဲရှိခဲ့ပြီ။

National League For Democracy NLD မှာ  (League:= a group of people/ လူစု ) National:=(q) adj= of a whole country /နိုင်ငံလုံးဆိုင်ရာ / အမျိုးသား ။ National: =(b)n. = လူမျိုး/ အမျိုးသား  French national ပြင်သစ်လူမျိုး/အမျိုးသား ။ ဗမာနှင့်တိုင်းရင်းသားများက “noun national ကို လူမျိုး/အမျိုးသား ” အဖြစ် ခံယူထားဟန်တူ၏။ DASSK က သူမ၏ “National” ကို ‘နိုင်ငံလုံးဆိုင်ရာ’ ညွှန်းခဲ့ဟန်တူ၏။ NLD ၏ ‘အမျိုးသား’ နှင့် တပ်မတော်၏ ‘အမျိုးသား’  တူ-မတူ ကိစ္စကို ကမ္ဘာနှင့် တိုင်းရင်းသားများသို့ ရှင်းလင်း ပေးသင့်၏။  အမျိုးသားရေး  Nationalism သည် တန်းတူမှုနှင့်  ဒီမိုကရေစီကိုခွင့်မပြုသည့်အပြင် ဗဟို ဉီးစီးနှင့်အာဏာရှင်ကိုသာအားပေးကြောင်း လူထုသတိမမူမိပဲရှိတတ်၏။ ထို့ကြောင့် ပြည်နယ်နှင့် အထူးဒေသများ၌ လူမျိုးတမျိုးတည်းသာ ထိုပြည်နယ်/အထူးဒေသကို ပိုင်သည့်မူ ဖော်ဆောင်နေသည် ကို မြင်တွေ့နေရ၏။ အန္တရာယ်သို့ ဉီးတည်နေကြသည်။

‘ဗဟို’  မှ ဗမာ့အမျိုးသားရေးကို နှစ် ၅၀ ကျော် မှိုင်းတိုက်လာခဲ့ ၍ အချို့  Media နှင့်လူထုသည် ‘အမျိုးသားရေး’ ကိုသာမြင်တော့၏။  NLD အစိုးရမှ ‘ပန်င်လုံစာချုပ်၏ တန်းတူပူးပေါင်းရေးမှသည် ငြိမ်းချမ်းရေးသို့’ ဉီးဆောင်၍ ဖောင်ဆောင်နိုင်ပါစေ။

စေတနာဖြင့် ဒေါက်တာစိုင်းစံအိုက်
၄/၁၂/၂၀၂၀

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နောင်ချို-မန္တလေးလမ်းတွင် ဂိတ်ကြေး ကျပ်သိန်း (၁,၀၀၀) ကျော်အထိ ပေးဆောင်ရ

0
သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့မှ မန္တလေးသို့ သွားသည့် လမ်းတလျှောက်ရှိ စစ်ကော်မရှင် စစ်ဆေးရေးဂိတ်များတွင် ဂိတ်ကြေးနှင့် လမ်းရှင်းခ တောင်ခံမှုသည် အဆမတန် မြင့်မားနေပြီး ကုန်သည်များနှင့် ယာဉ်မောင်းများထံမှ သိရသည်။ ပြီးခဲ့သည့် ဧပြီလမှစတင်ကာ စစ်ကော်မရှင်၏ "ရက် ၁၀၀ စီမံချက်" ဖြင့် ကုန်သွယ်ရေးလမ်းကြောင်းများကို တင်းကျပ်လိုက်ပြီးနောက် နယ်စပ်မှဝင်လာသည့်...

စက်သုံးဆီပြဿနာကြောင့် တာချီလိတ်-မိုင်းရှူး လိုင်းကားများ ရပ်နားထားရ

0
တာချီလတ်-မိုင်းရှူးပြေးဆွဲနေသည့် လိုင်းကားများသည် ယခုနှစ်အတွင်း စက်သုံးဆီ စျေးနှုန်းမြင့်တက်မှု၊ ဝယ်ယူရန်ခက်ခဲမှုနှင့် စစ်ကော်မရှင်၏ စစ်ဆေးရေးဂိတ်များ တင်းကြပ်မှုတို့ကြောင့် ရပ်နားလိုက်ရကြောင်း သတင်းရရှိသည်။ လက်ရှိ တာချီလိတ်မြို့တွင် ဓာတ်ဆီ ၉၁ တစ်လီတာလျှင် ၆၅ ဘတ်ခန့် ရှိသော်လည်း တရားမဝင်ဈေးကွက်တွင် ၈၀ ဘတ်မှ ၁၀၀ ဘတ်ဝန်းကျင်အထိ ပေးဝယ်ရသည့်အခြေအနေရှိပြီး...

လဲချားမြို့နယ်တွင် သုံးနှစ်ခန့် လည်ပတ်ခဲ့သည့် ကျားဖြန့်များထဲမှ ၃၄ ဦးသာ ဖမ်းမိ

0
သျှမ်းပြည်တောင်ပိုင်း လဲချားမြို့နယ်တွင် ၂၀၂၄ ခုနှစ်ဝန်းကျင်ကတည်းက လည်ပတ်နေသည့် အွန်လိုင်းလိမ်လည်လောင်းကစား ကျားဖြန့်လုပ်ငန်းမှ တရုတ်နိုင်ငံသား ၃၄ ဦးကို (ဩဂုတ်လ ၁၀ ရက်)တွင် စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ကြောင်း ထုတ်ပြန်ထားသည်။ လဲချားမြို့နယ် ဆီးဆောကျေးရွာအနီး တောတွင်းရှိ မိုးကာတဲများအတွင်း ကျားဖြန့်လုပ်ငန်း လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား အမျိုးသား ၃၄...

နေပြည်တော်တွင် SSPP နှင့် NSPNC တွေ့ဆုံစဉ် မိုးမိတ်ရှိ SSPP ဆက်နွှယ်သူဟု စွပ်စွဲခံရပြီး နေအိမ်ဖျက်ဆီးခံရ

0
သျှမ်းပြည် မိုးမိတ်မြို့နယ် မိုးဟောက်ကျေးရွာအုပ်စုရှိ ပြည်သူနေအိမ်(၂) လုံးကို SSPP နှင့် ဆက်နွှယ်သည်ဟု စွပ်စွဲကာ စစ်တပ်ဘက်က လာရောက်ဖျက်ဆီးသွားခဲ့ကြောင်း စုံစမ်းသိရသည်။ ဩဂုတ်လ ၇ ရက် နံနက်ပိုင်း ၉ နာရီခန့်တွင် မိုးမိတ်မြို့နယ် မိုးဟောက်ကျေးရွာအုပ်စုရှိ ပြည်သူများ၏ နေအိမ်ကို SSPP နှင့် ပတ်သက်ဆက်နွယ်သည်ဟု...

သက်ကြီးရွယ်အိုများလာသည့် ထိုင်းနိုင်ငံနှင့် ရွှေ့ပြောင်းလုပ်သား လိုအပ်ချက်

0
ထိုင်းနိုင်ငံ၏ အဓိက စက်မှုလုပ်ငန်းများနှင့် စိုက်ပျိုးရေး ကဏ္ဍများတွင် သက်ကြီးရွယ်အိုအုပ်စုများ ပိုမိုများပြားလာပြီး မြန်မာနိုင်ငံအပါအဝင် ပြည်ပရွှေ့ပြောင်း အလုပ်သများလိုအပ်ချက်ပိုမိုမြင့်မား လာနေကြောင်း ဘန်ကောက်ပို့စ်၏ ဆောင်းပါးတစ်ခုတွင် ဖော်ပြထားသည်။ ထိုင်နိုင်ငံအတွင်း စက်မှုကုန်ထုတ်လုပ်ငန်းများ နှေးကွေးလာမှုနှင့်အတူ အလုပ်ထုတ်ပယ်ခံရနိုင်သည့်သူ ၅ သိန်းအထိ ရှိလာနေသည့် အခြေအနေနှင့် ရင်ဆိုင်နေရာသော်လည်း၊ တဖက်တွင် ပြည်ပရွှေ့ပြောင်းလုပ်သား...