Saturday, September 30, 2023

လဲချားမြို့နယ်တွင် မူးယစ်ဆေးဝါးနှင့် လက်နက် များဖမ်းဆီးရမိ

Must read

သျှမ်းပြည်နယ်တောင်ပိုင်း လဲချားမြို့ ဟိုနောင်လုံကျေးရွာတွင် မူးယစ်ဆေးဝါးများ နှင့် လက်နက်ခဲယမ်းများကိုဖမ်းဆီးရမိကြောင်း စုံစမ်းသိရှိရသည်။

Photo IPRD Laikha -လက်ရှိတွင် မူးယစ်ဆေး၀ါး လက်၀ယ်ဖမ်းမိသော ဦးအိုက်အောင်

ဖြစ်စဉ်မှာ ဒီဇင်ဘာ ၉ ခေတ္တစခန်းမှူး ရဲအုပ်ဇော်ဇော်နှင့် တပ်ဖွဲ့ဝင်များ၊ တာဝန်ရှိသူများ မူးယစ်ဆေးဝါးသတင်းရရှိမှုအရ ဟိုနောင်လုံကျေးရွာနေ နန်းရွှေအိမ်(ဘ) ဦးအိုက်အောင် တို့အိမ်ကို ဝင်ရောက်စစ်ဆေးရာ  မူးယစ်ဆေးဝါးများ နှင့် လက်နက် များဖမ်းဆီးရမိကြောင်းသိရသည်။

နေအိမ်တွင် မူး  WY စာတမ်းပါ ပန်းရောင်ဆေးပြား(၁၂၅)ပြားပါ(၁)ထုပ် နှင့် (၁၃၅)ပြား ပါ(၁)ထုပ်၊ဘိန်းစိမ်းဟု ယူဆရသော အမဲရောင်သန်းသော အစေး (၃၂၆.၆) ဂရမ်ခန့်၊ Beretta USA စားတမ်းပါ ၉ မမ ပစ္စတိုသေနတ်(၁) လက်၊ (သေနတ် နံပါတ်- BER 589716) ကျည်အိတ်(၁)ခု၊ ၎င်း ကျည်(၃)တောင့်၊ M 22 ကျည်(၂၆) တောင့် စစ်ဆေးသိမ်းဆည်းခဲ့ရမိကြောင်းသိရသည်။

 ထို့ပြင် ငွေကျပ် သိန်း( ၁၀၄၁၇၀၀၀) ကျပ်နှင့် ရွှေထည်ပစ္စည်း (၂၃) မျိုးတို့ကိုပါ သိမ်းဆည်းခဲ့ရမိကြောင်းသိရသည်။

လက်ရှိတွင် မူးယစ်ဆေး၀ါး လက်၀ယ်ဖမ်းမိသော ဦးအိုက်အောင်၊ နန်းရွှေအိမ်၊ စိုင်းနောင့်တို့ ၃ ဦးကို လဲချားမြို့မရဲစခန်းတွင် မယ(ပ)၈/၂၀၂၀၊ မူး/စိတ်ပုဒ်မ ၁၉(က)/၂၀(က)/၂၂(ခ)/၂၁ ဖြင့် အမှုဖွင့် အရေးယူထားကြောင်းသိရသည်။

အဆိုပါ ၃ ဦးတွင် နန်းရွှေအိမ်နှင့် စိုင်းနောင့် တို့သည် ထွက်ပြေးတိမ်းရှောင်လျှက် ရှိကြောင်း IPRD laikha လူမှု ကွန်ယက်စာမျက်နှာထုတ်ပြန်ချက်အရသိရသည်။

Leave a Comments

- Advertisement -spot_img

Latest article