Saturday, April 27, 2024

မိုင်းရယ်တွင် စိတ်ကြွဆေးပြားများဖမ်းဆီးရမိ

Must read

သျှမ်းပြည်မြောက်ပိုင်း မိုင်းရယ်မြို့နယ်တွင် စိတ်ကြွဆေးပြား ၅၀၀၀၀ နှင့် ကွင်းဆက်တရားခံအား ဖမ်းဆီးရမိကြောင်း စုံစမ်းသိရှိရသည်။

ဖြစ်စဉ်မှာ ဒီဇင်ဘာ ၆ ရက် ၁၂ နာရီအချိန်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ မိုင်းရယ်မြို့ဘက်မှ လားရှိုးမြို့သို့ ဒေါ်အေးခမ်း မောင်းနှင်းပြီး အိုက်ကပ် လိုက်ပါလာသော Honda fit ယာဉ် ကို ရပ်တန့်စစ်ဆေးရာတွင် စိတ်ကြွရှုးသွပ်ဆေးပြား ၅၀၀၀၀ ပြား (ဒေသကာလပေါက်ဈေး ကျပ်သိန်း ၅၀၀  ) နှင့် လက်ကိုင်ဖုန်း ၁လုံးအားဖမ်းဆီးရမိကြောင်း သိရသည်။

ဆေးပြားများ သယ်ဆောင်လာသည့် ဒေါ်အေးခမ်း ၄၄ နှစ်နှင့် အိုက်ကပ် ၁၄ နှစ် တို့သည် တန့်ယန်းမြို့ ရပ်ကွက် ၁၀ တွင်နေထိုင်ကြသည်ဟုသိရသည်။

စိတ်ကြွရူးသွပ်ဆေးပြား၏ပိုင်ရှင်ဖြစ်သူ  နန်းစိန်ဥ  ၏ နေအိမ်အား ထပ်မံစစ်ဆေးရာ လက်ကိုင်ဖုန်း ၁ လုံးနှင့်ဆက်လက်ဖမ်းဆီးရမိကြောင်းသိရသည်။

 နန်းစိန်ဥသည် တန့်ယန်းမြို့၊ ရပ်ကွက်(၅) တွင်နေထိုင်သူဖြစ်သည်။

အဆိုပါ ဖမ်းဆီးရမိသူ ၃ ဦးကို မိုင်းရယ်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေဖြင့် အမှူဖွင့်အရေးယူထားကြောင်းသိရသည်။

Leave a Comments

- Advertisement -spot_img

Latest article