မိုင်းရယ်တွင် စိတ်ကြွဆေးပြားများဖမ်းဆီးရမိ

သျှမ်းပြည်မြောက်ပိုင်း မိုင်းရယ်မြို့နယ်တွင် စိတ်ကြွဆေးပြား ၅၀၀၀၀ နှင့် ကွင်းဆက်တရားခံအား ဖမ်းဆီးရမိကြောင်း စုံစမ်းသိရှိရသည်။

ဖြစ်စဉ်မှာ ဒီဇင်ဘာ ၆ ရက် ၁၂ နာရီအချိန်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ မိုင်းရယ်မြို့ဘက်မှ လားရှိုးမြို့သို့ ဒေါ်အေးခမ်း မောင်းနှင်းပြီး အိုက်ကပ် လိုက်ပါလာသော Honda fit ယာဉ် ကို ရပ်တန့်စစ်ဆေးရာတွင် စိတ်ကြွရှုးသွပ်ဆေးပြား ၅၀၀၀၀ ပြား (ဒေသကာလပေါက်ဈေး ကျပ်သိန်း ၅၀၀  ) နှင့် လက်ကိုင်ဖုန်း ၁လုံးအားဖမ်းဆီးရမိကြောင်း သိရသည်။

ဆေးပြားများ သယ်ဆောင်လာသည့် ဒေါ်အေးခမ်း ၄၄ နှစ်နှင့် အိုက်ကပ် ၁၄ နှစ် တို့သည် တန့်ယန်းမြို့ ရပ်ကွက် ၁၀ တွင်နေထိုင်ကြသည်ဟုသိရသည်။

စိတ်ကြွရူးသွပ်ဆေးပြား၏ပိုင်ရှင်ဖြစ်သူ  နန်းစိန်ဥ  ၏ နေအိမ်အား ထပ်မံစစ်ဆေးရာ လက်ကိုင်ဖုန်း ၁ လုံးနှင့်ဆက်လက်ဖမ်းဆီးရမိကြောင်းသိရသည်။

 နန်းစိန်ဥသည် တန့်ယန်းမြို့၊ ရပ်ကွက်(၅) တွင်နေထိုင်သူဖြစ်သည်။

အဆိုပါ ဖမ်းဆီးရမိသူ ၃ ဦးကို မိုင်းရယ်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေဖြင့် အမှူဖွင့်အရေးယူထားကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ချင်းရိုင် ကျောင်းထိုင်ဆရာတော်တစ်ပါး ဘတ် ၉ သန်းနီးပါး အွန်လိုင်းငွေလိမ်ခံရ

0
ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်းခရိုင်တွင် နာမည်ကျော်ကြားသော ကျောင်းထိုင်ဆရာတော်တစ်ပါးထံ Call Center ငွေလိမ်ဂိုဏ်းတခုက ငွေ ဘတ် ၉သန်း နီးပါး လိမ်လည်သွားကြောင်း ချင်းရိုင်းသတင်းတွင် ဖော်ပြထားသည်။ ထိုငွေများသည့် ကျောင်းတိုက်၏ ဘဏ်အကောင့်ရှိ ငွေကြေးများဖြစ်ပြီး၊ ကျောင်းတိုက်၏ ဘဏ်အကောင့်များအတွင်းရှိ ငွေကြေးအားလုံးနီးပါး ဆုံးရှုံးခဲ့ရသဖြင့် ကျောင်းထိုင်ဆရာတော်အဖြစ်မှ နုတ်ထွက်ရကြောင်း သိရသည်။ ယခုဖြစ်စဉ်သည်...

ဟိုပုံးမြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေနိမ့်ပိုင်းရပ်ကွက်များ၌ ရေကြီးရေလျှံမှုများဖြစ်ပွား

0
သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့တွင် မိုးသည်းထန်စွာ ဆက်တိုက်ရွာသွန်းမှုကြောင့် ယနေ့ (ဩဂုတ်လ ၁၀ ရက်) နံနက်ပိုင်းမှစတင်ကာ မြို့ပေါ်ရှိ မြေနိမ့်ပိုင်းရပ်ကွက်များအတွင်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ (၉) ရက်နေ့ ညပိုင်းမှစတင်ကာ မိုးအဆက်မပြတ် ရွာသွန်းခဲ့ခြင်းကြောင့် ယခုကဲ့သို့ ရေဝင်ရောက်မှုများ ဖြစ်ပေါ်လာခြင်းဖြစ်ပြီး၊ မြို့ပေါ်ရပ်ကွက်အချို့ရှိ...

အောင်ပန်းမြို့ အသက် (၆) နှစ်အရွယ် ကလေးထံ နားကပ်လုပြီး သတ်ခဲ့သူကို ဖမ်းမိ

0
သျှမ်းပြည်တောင်ပိုင်း၊ အောင်ပန်းမြို့အနီး နောင်ရဲကျေးရွာမှ အသက် (၆) နှစ် ကလေးငယ်ထံမှ နားကပ်လုပြီး သတ်ဖြတ်ခဲ့သူကို ဖမ်းဆီးမိကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ (၆) ရက် ညနေ ၅ နာရီခွဲ တွင် အောင်ပန်းမြို့ နောင်ရဲကျေးရွာရှိ အသက် (၆) နှစ်အရွယ် မဆောင်းနှင်းကို...

မူကြမ်းကို ကျော်လွန်၍ – စစ်မှန်သောညီညွတ်ရေးကို သင်ယူရမည့် ဗမာခေါင်းဆောင်ပိုင်း

0
မကြာသေးမီက အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC)၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) နှင့် စစ်ကိုင်း၊ မကွေး အပါအဝင် တိုင်းဒေသကြီး အကောင်အထည် ဖော်ရေး ကောင်စီများက “ဘုံနိုင်ငံရေး သဘောတူညီချက်” (CPA) ကို ထုတ်ပြန်ကြေညာခဲ့ခြင်း သည်...

တာချီလိတ်မြို့နယ်အတွင်း တရားမဝင် နယ်စပ်ဖြတ်ကျော် တရုတ်နိုင်ငံသားများ ဖမ်းဆီးရမိ

0
စိုင်းဆိုင်အိုက်၊ ၂၀၂၆ ဩဂုတ်လ ၈ ရက် ရွှေတြိဂံဟု နာမည်ကြီးသည် မြန်မာ-ထိုင်း-လာအိုနယ်စပ် သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့နယ်အတွင်း တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်နေထိုင်သည့် တရုတ်နိုင်ငံသားများကို ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။ သြဂုတ် ၆ရက် မနက်ပိုင်းတွင် တာချီလိတ်မြို့နယ် မိုင်းဖုန်း(ခ)အုပ်စု၊ဝှေလေလန် ပူးပေါင်းစစ်ဆေးရေးဂိတ်အနီးရှိ ရှောင်ကွင်းလမ်းတွင် မြန်မာနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာသည့်...