Thursday, January 29, 2026

လဲချားမြို့နယ်တွင် ကိုဗစ်- ၁၉ လူနာ စတင်တွေ့ရှိ

သျှမ်းပြည်တောင်ပိုင်း လဲချားမြို့ နယ်တွင် ကိုဗစ် -၁၉ အတည်ပြုလူနာ ၂ ဦး စတင်တွေ့ရှိကြောင်း စုံစမ်းသိရှိရသည်။

အဆိုပါ ကိုဗစ်-၁၉ လူနာ ၂ ဦးသည် ရန်ကုန်မှ ပြန်လာသူဖြစ်ပြီး၊ လဲချားမြို့တွင် Quarantine ဝင်ထားသူများဖြစ်ကြောင်း လဲချားမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းနိုင် က သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ သူတို့က ရန်ကုန်မှာ သင်တန်းသွားတက်ဖို့သွားတာ။ သင်တန်းကလဲ တက်လို့မရတော့ ပြန်လာတာပါ။ ပြန်လာတာက ကားစင်းလုံးငှားပြီးတော့ ပြန်လာတာပါ။ ကောင်းမလေး ၂ ယောက်ပါ ”ဟု လဲချားမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းနိုင်ကပြောသည်။

ထိုအမျိုးသမီး ၂ ဦးသည် တစ်ဦးမှာ ပင်လုံသူတစ်ဦး ဖြစ်ပြီ၊းကျန်တစ်ဦး လဲချားသူတစ်ဦး ဖြစ်ကြောင်းသိရသည်။

“ ပင်လုံကတစ်ယောက်ကသူအိမ်ထဲကိုမဝင်လိုက်ရဘူး။ လဲချားတန်းလာလိုက်တာ။ လဲချားကနေလည်း အိမ်ထဲမပေးဝင်ဘူး။ Quarantine တစ်ခါထဲဝင်ခိုင်းထားတယ်” ဟု ဦးသန်းနိုင်ကပြောသည်။

အဆိုပါ ၎င်း အမျိုးသမီး ၂ ဦးနှင့် ထိတွေ့သူ လဲချားသူ၏ မိဘများသာရှိကြောင်း ဦးသန်းနိုင်ကပြောသည်။

“ သူမိဘက ထမင်းလာပို့တာတော့ရှိတယ်။ သူတို့ မိဘတွေကိုလည်း အခု Quarantine ဝင်ထားခိုင်းလိုက်ပါပြီး” ဟု ဦးသန်းနိုင်က ထက်လောင်းပြောသည်။

အလားတူ လဲချားမြို့တွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၂ ဦးစတင်တွေ့ရှိလာသောကြောင့် ပြည်သူများအနေဖြင့် စိုးရိမ်မှုများရှိနေကြောင်း သိရသည်။

“ လဲချားမှာ ၂ ယောက်တွေ့တယ်လို့ သိလိုက်တာနဲ့ လဲချားမြို့ကလူတွေကလည်း သွားလာတာသိပ်မရှိတော့ဘူး။ ရပ်ကွပ်အုပ်ချုပ်ရေးမှူးတွေကလည်း မလိုအပ်ရင် အပြင်မထွက်ကြနဲ့လို့ဆိုပြီး ပြောထားတယ်” လဲချားဒေသခံ နန်းဖွေးဆိုင်က ပြောသည်။

မြန်မာနိုင်ငံတွင် ဒီဇင်ဘာ ၃ရက် ည ၈ နာရီထိ ကိုဗစ် -၁၉ အတည်ပြုလူနာ (၉၅၀၁၈)ရှိပြီး ဆေးရုံဆင်းခွင့်လူနာ (၇၃၇၄၈) နှင် သေဆုံးသူ (၂၀၂၈ ) ရှိကြောင်း ကျန်းမားရေးနှင့်အားကစားဝန်းကြီးဌာန ထုတ်ပြန်ချက်အရသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

လဲချားမြို့နယ် စစ်ကောင်စီ ညမထွက်ရအမိန့်ထုတ်၊ ဒေသခံများ သွားလာရေး အခက်အခဲဖြစ်

0
သျှမ်းပြည် လဲချားမြို့နယ် စစ်ကောင်စီမှ ညမထွက်ရ အမိန့်ထုတ်ပြန်ပြီး စစ်ဆေးရေးဂိတ်များတွင် ည (၆) နာရီနောက်ပိုင်း ဖြတ်သန်းသွားလာခွင့်ကို တားမြစ်ကန့်သတ်လိုက်ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဒီဇင်ဘာလ ၁၉ ရက်) ညနေပိုင်းတွင် လဲချားမြို့ရှိ စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးအဖွဲ့များမှ မြို့ပေါ် ရပ်ကွက်များတွင် ည (၆) နာရီမှ...

နွားစာ မြက်သွားရိတ်သည့် မိုင်းနောင်ဒေသခံ (၃)ဦး မိုင်းနင်းမိပြီး တစ်ဦးသေ၊ နှစ်ဦး ဒဏ်ရာပြင်းထန်

0
သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ် မိုင်းနောင်မြို့အနီး ဝမ်စိမ်းကျေးရွာတွင် နွားစာအတွက် ထော်လာဂျီဖြင့် မြက်သွားရိတ်သည့် အရပ်သား (၃) ဦး မိုင်းနင်းမိရာ တစ်ဦး ပွဲချင်းပြီး သေဆုံးပြီး၊ နှစ်ဦးဒဏ်ရာ ပြင်းထန်ကြောင်း စုံစမ်းသိရသည်။ စက်တင်ဘာလ (၂၁) ရက် နံနက် (၇) နာရီကျော်တွင် ကျေးသီးမြို့နယ် မိုင်းနောင်မြို့အနီး...

ထိုင်းနယ်စပ်သွားမည့်ကားများ စစ်ဆေးမှုတင်းကြပ် ခရီးသည်နည်းပါးလာ

0
သျှမ်းပြည် တောင်ပိုင်း မှ ထိုင်းနယ်စပ် တာချီလိတ်သို့ သွားသည့် လမ်းပိုင်းတွင် လက်နက်ကိုင်တပ်ဖွဲ့များ စစ်ဆေးမှု တင်းကြပ်လာပြီး ခရီးသည်များ နည်းပါးလာကြောင်း ကားသမားများထံ စုံစမ်းသိရသည်။ စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်း ဥပဒေ အကောင်အထည်ဖော်မှု၊ တိုင်းရင်းသားလက်နက်ကိုင်များ၏ တပ်သားသစ် စုဆောင်းမှုများကြောင့် ထိုင်းနယ်စပ် တာချီလိတ်မြို့ လမ်းကြောတလျောက်တွင် စစ်ဆေးမှုတင်းကြပ်လာပြီး၊...

တရုတ် လူမျိုး ကျားဖြန့်သမားများ လဲချားမြို့နယ်အတွင်း ရောက်ရှိနေ

0
သျှမ်းပြည် လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်အတွင်း တရုတ်လူမျိုး ကျားဖြန့်လုပ်ကိုင်သူများ များစွာ ရောက်ရှိနေကြကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် နိုဝင်ဘာလ အတွင်းမှ စတင်ကာ အွန်လိုင်းမှ တစ်ဆင့် ငွေကြေးလိမ်လည်မှု လုပ်ငန်း လုပ်ကိုင်ကြသည့် တရုတ်လူမျိုး ကျားဖြန့်သမားများသည် လဲချားမြို့အတွင်းသို့ စုစုပေါင်း ၅၀၀ ထက်မနည်း ရောက်ရှိလာကြောင်း အသက်...

စစ်ရေး ငြိမ်သက်သော်လည်း လဲချားမြို့နယ်အတွင်း ည ၆ နာရီ အပြင်မထွက်ရအမိန့် မရုတ်သိမ်းသေး

0
သျှမ်းပြည် လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်အတွင်း စစ်ကောင်စီ နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား စစ်ရေးငြိမ်သက်နေသော်လည်း နှစ်ဘက် ထုတ်ပြန်ထားသည့် အမိန့်များ ပြန်လည်ရုပ်သိမ်းပေးခြင်း မရှိသေးကြောင်း စုံစမ်းသိရသည်။ . ပြီးခဲ့သည့် သြဂုတ်လ ၆ ရက် နံနက်ပိုင်းတွင် အာဏာသိမ်း စစ်ကောင်စီတပ် နှင့် SSPP/SSA...