Friday, April 26, 2024

သျှမ်ပြည်တွင် ကိုဗစ်-၁၉ အတည်ပြုလူနာ (၄၂၅)ဦးရှိ

Must read

သျှမ်းပြည်တွင် ကိုဗစ်-၁၉ အတည်ပြု လူနာ (၄၂၅) ဦး ရှိကြောင်း စုံစမ်းသိရှိရသည်။

Photo by SHAN

သျှမ်းပြည်မြောက်ပိုင်းတွင် အတည်ပြု လူနာ (၁၀၈) ဦးရှိပြီး ဆေးရုံဆင်းလူနာ (၃၉) ဦး နှင့် ဆေးကုသသူ (၃၉) ဦး ရှိပြီး၊ သျှမ်းပြည်အရှေ့ပိုင်းတွင် အတည်ပြု လူနာ (၃၈) ဦးရှိပြီး ဆေးရုံဆင်းခွင့်ရသူ (၁၃) ဦး နှင့် ကုသမှု ခံယူနေသူ (၂၅) ဦးရှိကြောင်းသိရသည်။

ယမန်နေ့ (နိုဝင်ဘာ ၃၀) ရက် ထိ သျှမ်းပြည်တွင် ကိုဗစ်-၁၉ အတည်ပြု လူနာ (၄၂၅) ဦးရှိပြီး ဆေးရုံဆင်းခွင့်ရသူ (၂၇၃) ဦး ၊ သေဆုံးသူ (၁) ဦး နှင့် လက်ရှိ ဆေးရုံမှာ ဆေးကုသမှု ခံယူနေသူ (၁၅၁) ဦး ရှိကြောင်း သျှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် စီမံကိန်း နှင့် ဘဏ္ဍရေးဝန်ကြီး ဦးစိုးညွန့်လွင် က ၎င်း၏ လူမှုကွန်ရက် စာမျက်နှာပေါ်မှာ ရေးသားထားသည်။

သျှမ်းပြည်တောင်ပိုင်းတွင် ကိုဗစ်-၁၉ အတည်ပြု လူနာ (၂၇၉)ဦး ရှိပြီး ဆေးရုံဆင်းလူနာ (၁၉၂) ဦး နှင့် ဆေးကုသသူ (၈၇) ဦး ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ အတည်ပြု လူနာ (၉၀,၇၁၃) ဦး၊ ဆေးရုံဆင်းခွင့်ရသူ စုစုပေါင်း ( ၇၀,၁၅၆) ဦး နှင့် သေဆုံးလူနာ စုစုပေါင်း (၁၉,၄၁) ဦး ရှိကြောင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

Leave a Comments

- Advertisement -spot_img

Latest article