Wednesday, January 28, 2026

မိုင်းဖုန်းဆရာတော် တရားကျင့်ကြံသည့် မိုင်းကျက်ဂူသို့ သွားသူများ ကျန်းမာရေးဌာနသို့ အမြန်ဆက်သွယ်ရန် အသိပေး

သျှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်ခရိုင်အတွင်း မိုင်းဖုန်းဆရာတော် တရားကျင့်ကြံနေသည့် မိုင်းကျက်ဂူ သို့ သွားခဲ့သည့်သူများ နီးစပ်ရာ ကျန်းမာရေး ဌာနသို့ အမြန်ဆုံး ဆက်သွယ်အကြောင်းကြားရန် အသိပေးထားသည်။

ဓာတ်ပုံ San Thein/မိုင်းဆတ်မြို့နယ် မိုင်းကျက်ဂူသို့ သွားရောက်ဖူးမျှော်နေကြသည့် သူများ

မိုင်းကျက်ဂူသို့ တာချီလိတ်မှ သွားခဲ့သူ တဦး တွင် ကိုဗစ်-၁၉ ပိုးတွေ့ရှိပြီး၊ထို့ကြောင့် နိုဝင်ဘာ (၂၆) မှ (၂၈) ရက်အတွင်း မိုင်းကျတ်ဂူသို့ သွားရောက်ခဲ့သူများ နီးစပ်သူများ ကျန်းမာရေး ဌာနထံ အမြန်ဆုံး ဆက်သွယ်ရန် အသိပေးထားကြောင်း သိရသည်။

“မိုင်းကျက်ဂူကို အတည်ပြု လူနာ တစ်ဦးသွားတယ်ဆိုတာ ဟုတ်ပါတယ်ခင်ဗျာ။ မြို့နယ်တွေကို အကြောင်းကြားထားပါတယ်။ သက်ဆိုင်ရာ မြို့နယ်တွေ မြို့နယ်အတွင်းမှာရှိတဲ့လူတွေ ဒီရက်ပိုင်း ရက်ပိုင်းအတွင်း တရားပွဲကို သွားထားတဲ့သူရှိရင် သတင်းပို့ဖို့ ရှာဖွေဖော်ထုတ်ဖို့ Quarantine ထားဖို့ စစ်ဆေးဖို့ ကျနော်တို့ စီစဉ်ဆောင်ရွက်နေပါတယ် ” ဟု တာချီလိတ် ဆေးရုံအုပ် ဒေါက်တာလင်းထွဋ်ဦး က သျှမ်းသံတော်ဆင့် ကိုပြောသည်။

မိုင်းကျက်သို့ သွားခဲ့သည့် တာချီလိတ်မှ အမျိုးသားတစ်ဦးသည် ကိုဗစ်-၁၉ ကူးစက်ခံထားရသည်ကို ယနေ့ နိုဝင်ဘာ (၃၀ )ရက်မှာ စစ်ဆေးတွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“တရားပွဲ စတဲ့နေ့က နိုဝင်ဘာ (၂၆) ရက်နေ့ တရားပွဲက ၃ ရက်လို့ ကနဦး သိထားပါတယ်။ ၂၆ ကနေ ၂၈ ဖြစ်မှာပေါ့။ သွားတဲ့သူများတဲ့နေ့က ၂၆ နဲ့ ၂၇ (၂၈) ရက်နေ့တော့ ပြန်ကြတယ် ” ဒေါက်တာ လင်းထွဋ်ဦး ကပြောသည်။

မိုင်းကျက်ဂူသို့ ဘုရားပင့်ဆောင်သွားခြင်း ကထိန်သင်္ကန်းကပ်လှူခြင်းများ ပြုလုပ်ခဲ့ပြီး သွားရောက်ဖူးမျှော်သူ များပြားကြောင်းလည်း သိရသည်။

ယနေ့ နိုဝင်ဘာ (၃၀) တွင် တာချီလိတ်မြို့မှာ ကိုဗစ်(၁၉ ) အတည်ပြု လူနာ (၁၂) ဦး တွေ့ရှိထားကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ထိုင်းနယ်စပ်သွားမည့်ကားများ စစ်ဆေးမှုတင်းကြပ် ခရီးသည်နည်းပါးလာ

0
သျှမ်းပြည် တောင်ပိုင်း မှ ထိုင်းနယ်စပ် တာချီလိတ်သို့ သွားသည့် လမ်းပိုင်းတွင် လက်နက်ကိုင်တပ်ဖွဲ့များ စစ်ဆေးမှု တင်းကြပ်လာပြီး ခရီးသည်များ နည်းပါးလာကြောင်း ကားသမားများထံ စုံစမ်းသိရသည်။ စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်း ဥပဒေ အကောင်အထည်ဖော်မှု၊ တိုင်းရင်းသားလက်နက်ကိုင်များ၏ တပ်သားသစ် စုဆောင်းမှုများကြောင့် ထိုင်းနယ်စပ် တာချီလိတ်မြို့ လမ်းကြောတလျောက်တွင် စစ်ဆေးမှုတင်းကြပ်လာပြီး၊...

မျှော်ပေမယ့် ဖြစ်မလာတဲ့ တာချီလိတ်နယ်စပ်ဂိတ်

0
“နယ်စပ်ဂိတ် ပြန်ဖွင့်တော့မယ်” ဆိုတဲ့ သတင်းတွေဟာ နယ်စပ်ကို အမှီပြုပြီး ရောင်းဝယ်ရေး လုပ်နေကြတဲ့ ပြည်သူတွေအနေနဲ့ မျှော်လင့်စောင့်စားနေကြရတာ ဖြစ်သလို မကြာခဏလည်း ကြားရတတ်တဲ့ သတင်းတွေလည်း ဖြစ်နေပါတယ်။ ဒါပေမယ့် မကြာခဏ သတင်းကြားရတဲ့ အတိုင်း မကြာခဏလည်း မျှော်လင့်ချက်တွေ ရိုက်ချိုးခံရတဲ့ နယ်စပ်သတင်းတွေ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ...

မြန်မာ-တရုတ် မန့်ဝိန်း-ကျယ်ဂေါင်နယ်စပ်ဂိတ် အကန့်အသတ်ဖြင့် ဖွင့်

0
ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် ၃နှစ်နီးပါး ပိတ်ထားသည့် မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ မန့်ဝိန်း-ဂျယ်ဂေါင်ဂိတ်ကို ယနေ့ (ဇန်နဝါရီ ၁၄)ရက် နံနက်ပိုင်းတွင် မြန်မာနိုင်ငံဘက်မှ ပြန်လည်ဖွင့်လှစ်လိုက်ကြောင်း သတင်းရရှိသည်။ မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ မန့်ဝိန်း- ဂျယ်ဂေါင် နယ်စပ်ဂိတ်ကို ယနေ့ (ဇန်နဝါရီ ၁၄)ရက် နံနက် ၇ နာရီတွင်...

ရွှေလီမြစ်ဝှမ်း ကြံစိုက်သူများ အခက်ကြုံနေ

0
ထုန့်မောဝ် (ရွှေလီမြစ်ဝှမ်း) ကြံစိုက်ခင်းပိုင်ရှင်များသည် တရုတ်နိုင်ငံတွင်းသို့ ကြံတင်ပို့ရောင်းချပေးပြီးသော်လည်း လက်ရှိအချိန်ထိ ငွေပြန်မရရှိသေးသည့်အတွက်ကြောင့် အခက်အခဲဖြစ်နေကြောင်း စုံစမ်းသိရှိရသည်။ ဒီဇင်ဘာ ပထမပတ်ကစပြီး သျှမ်းပြည်မြောက်ပိုင်း ရွှေလီမြစ်ဝှမ်းဒေသဖြစ်သည့် မူဆယ်မြို့နယ် နှင့် နမ့်ခမ်းမြို့နယ်တွင်း ကြံစိုက်ခင်းပိုင်ရှင်များက တရုတ်နိုင်ငံတွင်း တင်ပို့ပေးပြီးငွေပြန်မရရှိသေးသည့်အတွက်ကြောင့် ထပ်မံစိုက်ပျိုးရန်အတွက် အခက်ခဲဖြစ်နေကြောင်း သိရသည်။ “ အရမ်းခက်ခဲတယ်။ ကျနော်တို့လည်းစိုက်ပျိုးဖို့ ငွေအင်အား၊...

အင်းလေး စက်လှေသမားများ စားဝတ်နေရေး ခက်ခဲနေဆဲ

0
သျှမ်းပြည်တောင်းပိုင်း ညောင်ရွေမြို့နယ် အင်းလေးဒေသအတွင်းရှိ စက်လှေသမားများသည် ခရီးသွားဧည့်သည်များ မရှိသည့်အတွက် စားဝတ်နေရေး ခက်ခဲနေကြောင်း စုံစမ်းသိရသည်။ အင်းလေးကန်ကိုလာရောက်လည်ပတ်သည့် နိုင်ငံခြားဧည့်သည်များနှင့် ပြည်တွင်းခရီးသွားများကိုသာ အားကိုးနေရသည့် စက်လှေသမားများသည် တနှစ်ထက် တစ်နှစ် စားဝတ်နေရေး ပိုခက်ခဲလာကြသည်ဟု စက်လှေသမားများက ပြောဆိုသည်။ ၂၀၁၉ ခုနစ် မှစတင်ပြီး ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ခရီးသွားလာမှုရပ်တန့်ခဲ့ပြီး၊...