တောင်ကြီး ကိုဗစ်-၁၉ လူနာသစ် ၂ဦးတိုး

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ရှိ ယနေ့ ကိုဗစ်-၁၉ အတည်ပြု လူနာ (၂) ဦး ထပ်တိုးကြောင်း စုံစမ်းသိရှိရသည်။

ယနေ့ နေ့လည် (၃) နာရီခွဲအချိန်ထိ အတည်ပြု လူနာ ၂ ဦးသည် တောင်ကြီးမြို့ရှိ မင်္ဂလာဦး ရပ်ကွက် နှင့် ပြည်တော်သာရပ်ကွက် က ဖြစ်ကြောင်း သိရသည်။

“၂ ဦးရယ်လို့တော့ မဟုတ်သေးဘူးဗျ။ ကျနော်တို့ သိတဲ့ချိန်မှာ ကျနော်တို့ အလုပ်လုပ်ဖို့ ထွက်လာတော့ နောက်ပိုင်း ဆေးစစ်ထားတာတွေ တောက်လျောက်စစ်တော့ ထပ်ထွက်လား မထွက်လားဆိုတာ ကျနော်တို့ မသိရသေးဘူးဗျ။ လောလောဆယ်တော့ ၂ ဦးပါဗျ။ ကြက်ခြေနီအဖွဲ့က ထိတွေ့ဆက်စပ်သူတွေကို လိုက်သယ်ပေးနေပါတယ်။ ကျနော်တို့က အခု ပိုးသတ်ဆေးတွေကို တောက်လျောက်လိုက်ဖျန်းပေးနေပါတယ်” တောင်ကြီး ပရဟိတ ကိုဝင်းနိုင်စိုး က သျှမ်းသံတော်ဆင့် ကိုပြောသည်။

အဆိုပါ မင်္ဂလာဦး ရပ်ကွက်က ပိုးတွေ့လူနာ တစ်ဦးသည် နိုဝင်ဘာ (၁၇) ရက်တွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာနှင့် ဆက်စပ်သူဖြစ်ကြောင်း သိရသည်။

တောင်ကြီးမြို့ မင်္ဂလာဦးရပ်ကွက်ရှိ နယ်မြေ နှင့် လမ်းအချို့ကို နိုဝင်ဘာ (၂၉) ရက်မှ ဒီဇင်ဘာ (၁၃) ရက်ထိ မိမိနေအိမ်တွင် နေထိုင်ရန် ( Stay at home) အမိန့်ကို တောင်ကြီးမြို့နယ် ပြည်သူ့ကျနးမာရေး ဦးစီးဌာနက ထုတ်ပြန်ထားခြင်း ဖြစ်သည်။

တောင်ကြီးမြို့နယ်အတွင်း ကိုဗစ်-၁၉ ဓါတ်ခွဲအတည်ပြု လူနာများ ထပ်မံတွေ့ရှိမှု၊ ခရီးသွားရာဇဝင်မရှိသည့်အပြင် ဓါတ်ခွဲအတည်ပြု လူနာများလည်း ထိတွေ့ခြင်း မရှိခဲ့သည့် လူနာများ အချိန်တိုအတွင်း များစွာ တွေ့ရှိလာသည်။

ထို့ပြင် တောင်ကြီးမြို့မဈေးတွင် ဈေးရောင်းသည့် သူတဦးထံတွင် ကိုဗစ်-၁၉ တွေ့ရှိခဲ့သည့် ယနေ့( နိုဝင်ဘာ ၃၀)ရက် နေ့လည်ပိုင်းမှ စတင်ကာ မြို့မဈေးကို ယာယီပိတ်လိုက်ကြောင်းသိရသည်။

ယနေ့ အချိန်ထိ သျှမ်းတောင်တွင် ဆေးကုသနေသည့် ကိုဗစ်-၁၉ အတည်ပြုလူနာ (၉၀)ခန့်ရှိကြောင်း သိရသည်။

နိုဝင်ဘာ (၂၉ ) ရက် ည (၈) နာရီချိန်ထိ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ အတည်ပြု လူနာ (၈၉ ၄၈၆) ဦး၊ ဆေးရုံဆင်းသူ (၆၈၉ ၁၀) ဦး၊ သေဆုံးသူ (၁၉ ၁၈) ဦး ရှိကြောင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ယာဉ်နံပတ်ပွား ဆီထုတ်မှုကြောင့် QR အသစ် ပြန်လျှောက်ရမည်

0
သျှမ်းပြည်အတွင်း စက်သုံးဆီများကို တန်းစီဝယ်ရာတွင် ယာဉ်နံပတ်များကို ပွားပြီး ဝယ်ယူမှုများတွေ့ရှိနေသဖြင့် ယာဉ်ပိုင်ရှင်များ QR ကုတ်အသစ် ပြန်လည်လျှောက်ထားရမည်ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန က ယမန့်နေ့ (ဇူလိုင် ၃၀)ရက်တွင် ထုတ်ပြန်ခဲ့သည်။  ထို QR ကုတ် အသစ် ပြန်လည်လျှောက်ထားရာတွင် မော်တော်ယာဉ်မှတ်ပုံတင် သက်သေခံ လက်မှတ် အစစ်အမှန်ဖြစ်ကြောင်း သက်ဆိုင်ရာ (ကညန)၏ ထောက်ခံချက်...

သျှမ်းတောင်တွင် ဝက်နာကျ သေဆုံးမှုဖြစ်ပြီးနောက် ဝက်သားစျေးကျ

0
သျှမ်းပြည်တောင်ပိုင်းတွင် ဝက်နာရောဂါဖြစ်ပွားပြီး ဆက်တိုက်သေဆုံးမှုများလာပြီးနောက် ဝက်သားစျေးနှုန်း ကျဆင်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇွန်လမှစပြီး သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်တွင် ဝက်နာရောဂါ စတင်ဖြစ်ပွားခဲ့ပြီးနောက် သေဆုံးမှု များရှိခဲ့ပြီးနောက် ဝက်သားဈေးနှုန်းများ ကျဆင်းလာပြီး ဝက်ဝယ်သူများလည်း နည်းပါးလာကြောင်း သိရသည်။ “ဝက်ကလည်း ရောင်းချင်နေပြီ ဝယ်သမားကလည်း မရှိဘူး၊ အရင်က သိန်း (၃၀)...

တောင်ကြီးတွင် ခွေးများကို ပစ်မှတ်ထား အစာအဆိပ်ခတ်ခံနေရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် အိမ်မွေးခွေးနှင့် လမ်းဘေးခွေးများကို ပစ်မှတ်ထားပြီး အစာအဆိပ်ခတ် နေသည့် အုပ်စုများရှိနေကြောင်း စုံစမ်းသိရသည်။ တောင်ကြီးမြို့တွင် အိမ်မွေးခွေးနှင့် လမ်းဘေးခွေးများကို ပစ်မှတ်ထားပြီး ထမင်းကဲ့သို့သော အစားအစာများဖြင့် အဆိပ်ခတ်သည့် ဖြစ်စဉ်သည် နေ့စဉ်နှင့်အမျှ ဖြစ်လာကြောင်း၊ ထိုအဆိပ်ခတ်နေသည့် ပုံစံသည် တူညီမှုများရှိနေသဖြင့် ခွေးများကို ဉီးတည်ပြီး သတ်နေသည့်...

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

တောင်ကြီး လိုင်စင်မဲ့ယာဉ် ရှောင်တခင်ဖမ်းဆီးမှုကြမ်းနေ

0
သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့တွင် ယခုရက်ပိုင်း လိုင်စင်မဲ့ယာဉ်များကို ရှောင်တခင် ဖမ်းဆီးစစ်ဆေးမှုများ ပိုလုပ်လာကြောင်း သတင်းရရှိသည်။ ထို လိုင်စင်မဲ့ယာဉ်များကို ဖမ်းဆီးမှုကြောင့် မြို့နှင့်အနီးတဝိုက်ရှိ ကျေးရွာဒေသခံများအနေဖြင့် မြို့ပေါ်သို့ အခါကြီးရက်ကြီးများ နှင့် ဈေးနေ့များတွင် မြို့ပေါ်သို့ သွားလာခြင်း၊ အခြေခံစားသောက်ကုန်၊လူသုံးကုန်ပစ္စည်းများ ဝယ်ယူရာသူ အခက်အခဲများရှိနေကြောင်း ဟိုပုံးမြို့နယ် အမျိုးသားတစ်ဦးက...