Tuesday, January 27, 2026

သျှမ်းပြည်တွင် ၄ ကြိမ်မြောက် အစိုးရထောက်ပံ့ငွေ မရရှိသေးသူများနေဆဲ

ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး ကာလ သတ်မှတ်ချက်နှင့်အညီ့ စတုတ္ထအကြိမ် အစိုးရ ထောက်ပံ့ကြေး အနေဖြင် ကျပ်ငွေ ၄သောင်းပေး သော်လည်း လက်ရှိ အချိန်ထိ ထောက်ပံ့ကြေး မရရှိသေးသည့် သျှမ်းပြည်လူထု အများအပြားရှိ ကြောင်းသိရသည်။

IPRD Taunggyi/Facebook

ရွေးကောက်ပွဲပြီးနောက် နိုဝင်ဘာလ ၁၀ ရက်နေ့က အစိုးရ မှ Stay at Home နေရာ အတွင်းနေထိုင်သူ နေ့စဉ်ပုံမှန် ဝင်ငွေ မရှိသည့်အိမ်ထောင်စုကို ထောက်ပံ့ငွေ ကျပ်( ၄၀၀၀၀) ကို ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေးကာလ သတ်မှတ်ချက် နှင့်အညီ ပေးအပ်ခဲ့ပြီး၊ Stay at Home မဟုတ်သည့်နေရာ တွင် တအိမ်ထောင်လျှင် ၂သောင်းပေးကြောင်း စုံစမ်းသိရသည်။

အဆိုပါ ထောက်ပံ့ငွေကို ကိုဗစ်ကာလ စတုတ္ထအကြိမ်ပေးအပ်ခြင်းဖြစ်ပြီး သျှမ်းပြည်ရှိ နေ့စဉ်ပုံမှန် ဝင်ငွေမရှိသည့် အိမ်ထောင်စုများ အများအပြား မရသေးကြောင်း စုံစမ်းသိရသည်။

သျှမ်းပြည်တောင်ပိုင်း တချို့ မြို့နယ် အုပ်ချုပ်ရေးမှူးကို သျှမ်းသံတော်ဆင့် အနေဖြင့် ဆက်သွယ်မေးမြန်းရာ ပုံမှန်ဝင်ငွေမရှိသည့် အိမ်ထောင်စုများကို တအိမ်ထောင်လျှင် ကျပ်ငွေ ၂သောင်းနှုန်းဖြင့် ပေးအပ်ခဲ့ကြောင်း ဖြေဆိုခဲ့သည်။

IPRD Lashio/Facebook

“ ကျနော်တို့ လဲချားမှာကပေးပြီးပြီ။ အိမ်တိုင်းကိုတော့ မပေးဘူး။ ပုံမှန်ဝင်ငွေ မရှိတဲ့ အိမ်ထောင်စု တွေကိုပဲပေးတာ။ တစ်အိမ်ထောင်စုကို ၂၀၀၀၀ ကျပ်နှုန်းပေးတယ်။ လဲချားတစ်မြို့နယ်လုံးပေးတယ်” ဟု လဲချားမြို့နယ် အုပ်ချုုပ်ရေးမှူး ဦးသန်းနိုင်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

လဲချားမြို့တွင် ပုံမှန်ဝင်ငွေမရှိသည့် အိမ်ထောင်စုပေါင်း (၁၁၆၆)ရှိကြောင်း ၊ အထက်ညွန်ကြားချက်အတိုင်း ကျပ်ငွေ ၂ သောင်းပေးကြောင်း ဦးသန်းနိုင်က ပြောသည်။

ထို့အပြင် လွိုင်လင်မြို့နယ် ဒုတိယ အုပ်ချုပ်ရေးမှူး ဦးဖြိုးဝေလင်း က “ ကျနော်တို့ ပုံမှန် ဝင်ငွေမရှိတဲ့အိမ်ထောင်စု တွေကို တအိမ်ထောင် ကျပ် ၂သောင်းနှုန်းပေးတယ်။ အားလုံးအဆင်ပြေပါတယ်” ဟု သျှမ်းသံတော်ဆင့်ကိုပြောသည်။

သျှမ်းသံတော်ဆင့် မြေပြင်သတင်းမေးမြန်းချက်အရ မြို့နှင့်နီးစပ်သည့် ကျေးရွာများ၊ မြို့များတွင်သာ ထောက်ပံ့ကြေးရရှိပြီး၊ ကျေးရွာအများစုသည် ထောက်ပံ့ကြေးမရရှိကြကြောင်း ပြောဆိုကြသည်။

ကျေးရွာတချို့ပင် အစိုးရ မှ ထောက်ပံ့ကြေး ကျပ်ငွေ ၄သောင်းပေးအပ်သည့်ကိစ္စ မသိရှိရကြောင်းလည်း ပြောဆို နေကြသည်။

“ ကျမတို့လဲ ပုံမှန်ဝင်ငွေမရှိဘူး။ ကိုဗစ် ကာလလဲဖြစ်တော့ ဝင်ငွေတွေလဲမရှိဘူး။ ဟိုတစ်ခေါက်က သက်ကြီးရွယ်အို ပေးတာတော့ တွေ့တယ်။ အခုလဲကျမ တို့မရဘူး” လဲချားမြို့နယ် တွင်နေထိုင်သည့် ဒေသခံ ပါ့စော က သျှမ်းသံတော်ဆင့် ကို ပြောသည်။

ကိုဗစ်-၁၉ ကာလအတွင်း လဲချားမြို့နယ် တွင်နေထိုင်သည့် ပြည်သူအများစုသည် ဝင်ငွေမရှိကြဘဲ တချို့မှာ ချေးငွေဖြင့် စားသောက်နေရပြီး၊ တချို့မှာ စုဆောင်းထားသည့် ငွေများဖြင့်သာ စားသောက်နေရသည့် အဆင့်ရှိနေကြောင်း၊ အစိုးရအနေဖြင့် ကျေးလက်လူထုကို လာရောက်ကြည့်ရှုပေးစေချင်ကြောင်းလည်း ပါ့စော က ပြောဆိုလိုက်သည်။

“ ကျနော်ကတော့ ထောက်ပံ့ကြေးလာပေးတာမကြားရသေးဘူး။ မသိရသေးဘူး။ အရင်ကပေးလည်း ကျနော်တို့ ကျေးရွာကမရဘူး။ တချို့ဆို စားစရာမရှိလို့တောင်းစားနေရတာတွေရှိတယ်” ဟု ကျောက်မဲမြို့နယ် စိုင်းသိန်း က သျှမ်းသံတော်ဆင့်ကို ပြောသည်။

ရွေးကောက်ပွဲ ပြီးနောက် မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်မှုနှုန်း တရက်နှင့်တရက် ပိုမြင့်တက်လာပြီး သျှမ်းပြည်တွင်လည်း ကိုဗစ်-၁၉ ကူးစက်ခံရသည့် ဦးရေ သည်လည်း တရက်လျှင် ၁၀ဦးအထက်သာရှိလာသည်ကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရသည်။

ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး ကာလ တွင် သတ်မှတ်ချက်နှင့်ကိုက်ညီပြီး အစိုးရ ထောက်ပံ့ကြေး မရသည့် ပြည်သူများတိုင်ကြားနိုင်ရန် ဖုန်းနံပတ်များထုတ်ပြန်ပေးရန် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က နိုဝင်ဘာ ၁၆ ရက်တွင် ပြောဆိုခဲ့သည်။

တဖက်တွင်လည်း ပြည်နယ် အုပ်ချုပ်ရေးမှူးဖုန်းနံပတ်များ အသီးသီးထုတ်ပြန်ခဲ့သော်လည်း ပြည်သူများအနေဖြင့် တိုင် ကြားရန်ခက်ခဲနေသေးကြောင်း၊ သျှမ်းပြည်၏ ဝေလံခေါင်သီသည့်ဒေသတွင်နေထိုင်သည့် သူများအနေဖြင့် ဖုန်းဆက်သွယ်ရန် ခက်ခဲကြောင်းလည်း လွိုင်လင်မြို့နယ် ပြည်သူများက ပြောသည်။

ထိုထုတ်ပြန်သည့် သျှမ်းပြည် အုပ်ချုပ်ရေးမှူး ဖုန်းနံပတ်တချို့ကို သျှမ်းသံတော်ဆင့် အနေဖြင့် ဆက်သွယ်ခဲ့သော်လည်း လက်ခံ ဖြေဆိုခဲ့ခြင်းမရှိပေ။

အစိုးရ အနေဖြင့် ပုံမှန်ဝင်ငွေမရှိသည့် အခြေခံ လူတန်းစားများအတွက် ပထမအကြိမ်တွင် အိမ်ထောင်စု ပေါင်း ၅.၄သန်းအတွက် (၇၂)ဘီလီယံ၊ ဒုတိယအကြိမ် တွင် ကျပ်ငွေ (၂၁၈.၃ ဘီလီယံ) နှင့် တတိယအကြိမ်တွင် အိမ်ထောင်စုပေါင်း ၅.၇သန်း အတွက် (၁၁၃.၉ ဘီလီယံ) ထောက်ပံ့ပေးခဲ့ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံးမှ ထုတ်ပြန်သည်။

လက်ရှိ စတုတ္ထအကြိမ်အဖြစ် အိမ်ထောင်စု ၆.၁သန်း အတွက် ၁၆၄ ဘီလီယံ ထောက်ပံ့ပေးသွားမည် ဟု လည်း သိရသည်။

သျှမ်းပြည်အတွက် ထောက်ပံ့ကြေးပေးရာတွင် ၅၀ ရာခိုင်နှုန်းအောက်သာ ထောက်ပံ့ပေးရသေးကြောင်းလည်း နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ချက်အရ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

Shan State Map_Update_1

ကျောက်မဲ၊ သီပေါ၊ မက်မန်းနှင့် ဖယ်ခုံမြို့နယ်မှ ရွေးကောက်ပွဲမကျင်းပနိုင်သည့် နယ်မြေစာရင်း UEC ထပ်မံထုတ်ပြန်

0
စစ်အုပ်စု ကျင်းပမည့် ရွေးကောက်ပွဲ တတိယပိုင်းတွင် ပါဝင်နေသည့် ကျောက်မဲ၊ သီပေါ၊ မက်မန်းနှင့် ဖယ်ခုံမြို့နယ်များရှိ ရွေးကောက်ပွဲ မကျင်းပနိုင်သည့် နယ်မြေစာရင်းကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC မှ ထပ်မံထုတ်ပြန်လိုက်သည်။ ယမန်နေ့ (ဒီဇင်ဘာလ ၂၇ ရက်) ညပိုင်းတွင် ရွေးကောက်ပွဲ တတိယပိုင်းထဲ ပါဝင်နေသည့် သျှမ်းပြည်မှ...

တိတ်ဆိတ်ငြိမ်သက်နေသည့် စစ်တပ် ရွေးကောက်ပွဲ

0
“ထူးထူးခြားခြား မရှိပါဘူး။ ဧည့်သည်တွေနဲ့ ရှုပ်နေတာပဲ၊ မအားဘူး” ဟု တောင်ကြီးမြို့ခံ ဈေးဆိုင် ပိုင်ရှင် တဦးက သျှမ်းသံတော်ဆင့်ကို ယနေ့ (ဒီဇင်ဘာလ ၂၇)ရက်၊ နေ့လယ်ပိုင်းတွင် ပြောသည်။ စစ်တပ် ပြုလုပ်မည့် ရွေးကောက်ပွဲ အပိုင်း (၁) တွင် သျှမ်းပြည်နယ်တွင်း တောင်ကြီးမြို့နယ် အပါအဝင်...

သျှမ်းပြည် ၉ မြို့နယ်နှင့် ဗန်းမော်မြို့နယ် ပါဝင်သည့် ရွေးကောက်ပွဲ အပိုင်း (၃) စစ်တပ်ကော်မရှင် ထုတ်ပြန်

0
သျှမ်းပြည်နယ် အတွင်းရှိ မြို့နယ် ၉ ခု အပါအဝင် မြို့နယ် ၆၃ ခုတွင် စစ်တပ် ရွေးကောက်ပွဲ အပိုင်း (၃) ကို လာမည့် ဇန်နဝါရီလ ၂၅ ရက်နေ့တွင် ကျင်းပမည်ဖြစ်ကြောင်း စစ်တပ် ရွေးကောက်ပွဲ ကော်မရှင်က ယနေ့ ဒီဇင်ဘာလ...

“ဒီရွေးကောက်ပွဲကတော့ ပိုရှုပ်ထွေးအောင် လုပ်ထားတယ်လို့တော့ ထင်ပါတယ်”

0
ညီနောင်မဟာမိတ် ၃ ဖွဲ့ ဖော်ဆောင်ခဲ့သည့် “၁၀၂၇ စစ်ဆင်ရေး” အတွင်း သျှမ်းပြည်မြောက်ပိုင်းရှိ မြို့အများအပြားကို စစ်အုပ်စုထံက သိမ်းပိုက်နိုင်ခဲ့သည်။ သို့သော်လည်း တရုတ်၏ ကြားဝင်စေ့စပ်မှုအရ သိမ်းပိုက်ထားသည့် မြို့အချို့အား ပြန်လည်လက်လွှတ်ခဲ့ရသည်။ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် ခေါ် ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် စစ်ကောင်စီတို့သည်...

“သျှမ်းပြည် စစ်ရေး၊ နိုင်ငံရေး အခင်းအကျင်းပေါ်မှာ ကြီးကြီးမားမား ရိုက်ခတ်မှု ရှိနိုင်ပါတယ်”

0
ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း ပြည်သူ့ဆန္ဒမငဲ့ဘဲ တစ်နိုင်ငံလုံး ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးကို မဖြစ်မနေ ရအောင် ကျင်းပသွားပါမယ်ဆိုပြီး ဩဂုတ်လလယ်ပိုင်းမှာ ရွေးကောက်ပွဲ မဲဆန္ဒနယ်၊ ကျင်းပမည့်ရက်၊ ကျင်းပမယ့်ပုံစံ တွေကို စစ်ကောင်စီအသွင်ပြောင်း စစ်ကော်မရှင်လက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဆက်တိုက် ကြေညာခဲ့ပါတယ်။ ရွေးကောက်ပွဲကို လာမယ့် ဒီဇင်ဘာလ ၂၈ ရက်မှာ စတင်ကျင်းပမှာဖြစ်ပြီး...