Tuesday, April 23, 2024

တောင်ကြီး ကိုဗစ်-၁၉ လူနာ နှင့်ထိတွေ့သူ ၂ဦး Positive ဖြစ်

Must read

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ရှိ ကိုဗစ်-၁၉ အတည်ပြု လူနာ အမျိုးသား နှင့် ထိတွေ့သူ ၂ ဦးတွင် ကိုဗစ်-၁၉ ပိုးတွေ့ရှိခဲ့ကြောင်း သိရသည်။

Photo by Taunggyi/ facebook

ယနေ့ နိုဝင်ဘာ (၁၉) ရက် နံနက်ပိုင်း မှာ ၎င်းနှင့် ထိတွေ့ ဆက်စပ်သူများကို စစ်ဆေးခဲ့ရာ၊ထိုထဲတွင် ၂ ဦး ကိုဗစ်-၁၉ ပိုးတွ့ရှိကြောင်း သျှမ်းပြည် ပြည်သူ့ကျန်းမာရေး နှင့်ကုသရေး ဦးစီးဌာန မှဒေါက်တာ ဇဝနကို က သျှမ်းသံတော်ဆင့် ကို ပြောသည်။

“သူနဲ့ ထိတွေ့သူ ၁၂ ယောက်လောက်ရှိမယ်။ အားလုံး စစ်ပြီးသွားကုန်ပြီ ၂ ယောက်က positive ဖြစ်တယ်။သူ့အမ နဲ့ ဂိမ်းဆိုင်က သူ့အသိတစ်ယောက် ဖြစ်တယ်” ဒေါက်တာဇဝနကို က ပြောသည်။

တောင်ကြီးမြို့ ရေအေးကွင်းရပ်ကွက်နေ အမျိုးသားတစ်ဦးသည် အနံ့မရသဖြင့် Rapid Test kit ဖြင့် နိုဝင်ဘာ ၁၇ ရက်က စစ်ဆေးရာ Covid-19 ပိုးတွေ့ရှိခဲ့ပြီးနောက် ထိတွေ့သူများကို အသွားအလာ ကန့်သတ်ထားကြောင်း သိရသည်။

နိုဝင်ဘာ (၁၈) ရက် ည ၈ နာရီ ထုတ်ပြန်ချက်အရ သျှမ်းပြည်တောင်ပိုင်းတွင် ကိုဗစ်-၁၉ အတည်ပြု လူနာ ၁၀ ဦး ထပ်မံတွေ့ရှိကြောင်း အားကစား နှင့် ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်လိုက်သည်။

နိုဝင်ဘာ (၁၈) ရက် ည (၈) နာရီ ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် ကိုဗစ် -၁၉ ပိုးတွေ့လူနာသစ် (၁၅၉ ၂) ဦး ရှိပြီး ဆေးရုံဆင်းခွင့်ရသူ (၄၉၀) ဦး နှင့် သေဆုံးသူ (၂၅) ဦး ရှိကြောင်း ကျန်းမာရေး ဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရသည်။

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ အတည်ပြု လူနာစုစုပေါင်း (၇၃၃၂၂) ဦး၊ ဆေးရုံဆင်းခွင့်ရသူ ( ၅၄၇၆၄) ဦး နှင့် သေဆုံးသူ ( ၁၆၅၀) ဦး ရှိကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီး ဌာနထုတ်ပြန်ချက်အရ သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article