သျှမ်းတောင် ကိုဗစ်-၁၉ လူနာ ၁၀ဦးတိုး

0

သျှမ်းပြည်တောင်ပိုင်းတွင် ကိုဗစ်-၁၉ အတည်ပြု လူနာ ၁၀ ဦး ထပ်မံတွေ့ရှိကြောင်း အားကစား နှင့် ကျန်းမာရေး ဝန်ကြီးဌာနက နိုဝင်ဘာ (၁၈) ရက် ည ၈ နာရီက ထုတ်ပြန်လိုက်သည်။

သျှမ်းပြည်တောင်ပိုင်းရှိ ပြည်သူ့ကျန်းမာရေး ဓါတ်ခွဲမှုဆိုင်ရာ ဌာန(တောင်ကြီး)မှ ဓါတ်ခွဲနမူနာ စုစုပေါင်း (၄၆၁) ခု စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ အတည်ပြု လူနာသစ် ၁၀ ဦး တွေ့ရှိခဲ့ပြီး၊ ထိုသူများသည် အသွားအလာ ကန့်သတ်ထားသူများဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေး ဓါတ်ခွဲနမူနာဆိုင်ရာ ဌာန (တောင်ကြီး) ထုတ်ပြန်ချက်အရ သိရသည်။

၎င်းတို့သည် ကလော ၊ အေးသာယာ၊ တောင်ကြီး၊ ရပ်စောက်၊ ပင်လောင်း၊ ကျေးသီး၊ ညောင်ရွှေ နှင့် ဟိုပုံး တို့ဖြစ်ကြောင်း သိရသည်။

နိုဝင်ဘာ (၁၇) ရက်ထိ သျှမ်းပြည်တောင်ပိုင်းတွင် ကိုဗစ် အတည်ပြု လူနာ(၅၀) ဦး ဆေးကုသမှု ခံယူနေကြောင်း သျှမ်းပြည် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ထံမှ စုံစမ်းသိရှိရသည်။

နိုဝင်ဘာ (၁၈) ရက် ည (၈) နာရီ ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် ကိုဗစ် -၁၉ ပိုးတွေ့လူနာသစ် (၁၅၉ ၂) ဦး ရှိပြီး ဆေးရုံဆင်းခွင့်ရသူ (၄၉၀) ဦး နှင့် သေဆုံးသူ (၂၅) ဦး ရှိကြောင်း ကျန်းမာရေး ဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရသည်။

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ အတည်ပြု လူနာစုစုပေါင်း (၇၃၃၂၂) ဦး၊ ဆေးရုံဆင်းခွင့်ရသူ ( ၅၄၇၆၄) ဦး နှင့် သေဆုံးသူ ( ၁၆၅၀) ဦး ရှိကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီး ဌာနထုတ်ပြန်ချက်အရ သိရသည်။

Leave a Comments

SHARE