လားရှိုးဆေးရုံ တက်နေသည့် တန့်ယန်း ကိုဗစ်-၁၉ လူနာ သေဆုံး

0

သျှမ်းပြည်မြောက်ပိုင်း လာရှိုးဆေးရုံတွင် ဆေးကုသမှုခံယူနေသည့် တန့်ယန်းမြို့ မှ ကိုဗစ်- ၁၉ လူနာသည် ယနေ့ နိုဝင်ဘာ ၁၈ ရက် နေ့လည် ၁ နာရီခွဲ အချိန်တွင် သေဆုံးသွားကြောင်းသိရသည်။

ထိုသေဆုံးသူသည် နို၀င်ဘာလ ၁၆ ရက်က တန့်ယန်းဆေးရုံမှ လွှဲပြောင်းလာသည့် တီဘီရောဂါအခံရှိသူဖြစ်ပြီး လားရှိုးဆေးရုံရောက်မှသာ ကိုဗစ်-၁၉ ပိုးစစ်ဆေးတွ့ရှိခဲ့ ကြောင်း သိရသည်။

“ သူက ဒီနေ့ ၁နာရီ ခွဲအချိန်မှာ ဆုံးသွားတာ။ ကျနော်တို့ အခုပဲသဂြိုလ်ပြီးသွားပါပြီ။ သူ့ကို တန့်ယန်း ဆေးရုံက လွှဲပြောင်းလာတာဖြစ်တယ်။ သူကိုယ်တိုင်က အဆုတ်ရောဂါအခံရှိထားတယ်” ဟု လာရှိုး ကိုဗစ်-၁၉ ကာကွယ်ရေး ဥက္ကဌ ကိုအာကာလင်း ကပြောသည်။

ထို့ကိုဗစ်-၁၉ ပိုးတွေ့လူနာနှင့် ထိတွေ့သူများသည် စိုးရိမ်မှုမရှိကြောင်း ကိုအာကာလင်း ကဆိုသည်။

ကိုဗစ်-၁၉ ကြောင့် သေဆုံးသွားသူနှင့် ထိတွေ့သူများသည် Quarantine ထားပြီး၊ဆေးစစ်ချက်ယူထားကြောင်း သိရသည်။

အဆိုပါ သေဆုံးသွားသည့် အသက် ၃၀ အရွယ်ရှိ အမျိုးသားသည် နိုဝင်ဘာ ၁၆ ရက် တွင် လားရှိုးဆေးရုံကြီးရှိ နား၊နှာခေါင်း၊ လည်ချောင်းဌာန သို့ လာရောက်ပြသစဉ် ကိုဗစ်-၁၉ ရှိ၊မရှိ စစ်ဆေးရာမှ Positive ဖြစ်နေသည်ကို သိရကြောင်း လားရှိုးမြို့နယ် ဆေးရုံကြီးမှ ဒေါက်တာဉာဏ်မြင့်က သျှမ်းသံတော်ဆင့်ကို ဖြေဆိုခဲ့သည်။

၎င်း အမျိုးသားနှင့် ထိတွေ့သူ ၈ ဦးရှိရာ ၆ဦးသည်ကျန်းမာရေး ဝန်ထမ်းများ ဖြစ်ကြောင်းသိရသည်။

သျှမ်းပြည်နယ်တွင် ကိုဗစ်-၁၉ ရောဂါအခံကြောင့် သေဆုံးသူ ၂ ဦးရှိပြီးဖြစ်ကြောင်း သိရသည်။

Leave a Comments

SHARE