မူဆယ်ကိုဗစ် ၁၉ ပိုးတွေ့လူနာ အမျိုးသမီး စိုးရိမ်နေရ

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ကိုဗစ်-၁၉ လူနာ ၃၀ဦးရှိပြီး ရန်ကုန်ပြန်လာသည့် အမျိုးသမီးတစ်ဦးသည် စိုးရိမ်နေရကြောင်း စုံစမ်းသိရသည်။

ထိုရန်ကုန်မှာ ပြန်လာသည့် ပိုးတွေ့ အမျိုးသမီးသည် မူဆယ်မြို့ တည်းခိုခန်း ၂ခု တွင် တည်းခိုခဲ့ပြီး၊ ခရီးပြန်ထွက်မည်ဟုဆိုသဖြင့် ဆေးစစ်လိုက်သည့်အခါ ကိုဗစ်-၁၉ တွေ့ရှိခဲ့ကြောင်း၊ လက်ရှိမှာ မူဆယ်မြို့ ပြည်သူ့ဆေးရုံတွင် ဆေးကုသခံယူနေကြောင်း ဂရုဏာ လူမှုကူညီရေးအသင်းမှ ဦးသောင်းထွန်း ကပြောသည်။

“ သူကရန်ကုန်ကနေပြီးတော့လာတယ်။ မူဆယ်မှာ တည်ခိုခန်း ၂ခုတည်တယ်လို့ကြားတယ်။ တည်ခိုခန်း တစ်ခုမှာ ၅ ရက်နဲ့ ကျန်တဲ့တစ်ခုမှာ ၁ရက်တည်ခဲ့ရသေးတယ်။ သူခရီးပြန်ထွက်မယ်ဆိုပြီး ဆေးစစ်လိုက်တာ ပိုးတွေ့တာပါ” ဦးသောင်းထွန်းကပြောသည်။

လက်ရှိမှာတော့ အဆိုပါ ကိုဗစ်-၁၉ လူနာတည်းခိုခဲ့သည့် တည်းခိုခန်း(၂)ခုကို ပိတ်ထားလိုက်ပြီ၊ ထိုလူနာနှင့် ထိတွေ့ခဲ့သည့် လူ (၄)ဦးကိုလည်း တည်းခိုခန်း Quarantine တွင် ထားထားကြောင်း မူဆယ်မြို့နယ် ဆေးရုံမှ ဒေါက်တာ ဟန်နိုင်စိုး က ပြောသည်။

“ သူနဲ့ ထိတွေ့သူ (၄)ဦးကိုတော့ တည်းခိုခန်းမှာပဲထားတယ်။ ဆေးကတော့ မစစ်ရသေးဘူး” ဟု ဒေါက်တာ ဟန်နိုင်စိုးက ဆိုသည်။

ရန်ကုန်မှ လာသည့် အမျိုးသမီး တွင် မူဆယ်မြို့ တည်းခိုခန်း (၂)ခုတွင် (၆)ည တည်းခိုခဲ့သဖြင့် မူဆယ်မြို့ပေါ်တွင် ထိတွေ့မှု များစွာရှိနိုင်ကြောင်း၊ ထို့ကြောင့် မူဆယ်ဒေသခံများအနေဖြင့် စိုးရိမ်မှု ရှိနေကြောင်းလည်း ဒေသခံ စိုင်းလှိုင်းက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ မနေ့က ရန်ကုန်က လာတဲ့ အမျိုးသမီးက မူဆယ်မြို့ပေါ် တည်းခိုခန်း(၂)ခုမှာတည်းထားတော့ ဒေသခံအနေနဲ့ စိုးရိမ်နေရတယ်။ သူဘယ်တွေသွားဘယ်သူနဲ့ထိတွေ့လဲဆိုတာတော့ လိုက်နေဆဲပါ” ဟု စိုင်းလှိုင်းက ဆိုသည်။

ထိုရန်ကုန်မှ လာစဉ် ကျန်းမာရေး ဆေးစစ်သည့် ထောက်ခံစာ ပါလာကြောင်း၊ ထိုထောက်ခံစာသည် ငွေဖြင့် ပေးဝယ်ခဲ့သည့် ထောက်ခံစာ ဟုလည်း မူဆယ်မြို့ ဒေသခံ အသိုင်းအဝန်း ပြောပြချက် အရသိရသည်။

“ ကျနော်တို့ ကြားရတာတော့ သူ့ ဆေးထောက်ခံစာကို ငွေကျပ် ၂သောင်းနဲ့ပေးပြီး ရလာတယ်လို့ ပြောတယ်။ တကယ်လို့ အဲ့ဒါမှန်ရင်တော့ သေချာ စုံစမ်းပြီး အရေးယူသင့်တယ်” ဟု မူဆယ်ဒေသခံ စိုင်းလှိုင်းက ပြောပြသည်။

မူဆယ်မြို့တွင် ကိုဗစ်-၁၉ လူနာ စုစုပေါင်း ၃၀ဦးရှိရာ လက်ရှိ ဆေးရုံတွင်ဆေးကုသနေသူ ၂ဦးသာကျန်ရှိကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မူဆယ်မြို့ ငါးပစ်ဂိမ်းဆိုင်တွင် ပစ်ခတ်မှုဖြစ်၊ အမျိုးသားတဦး သေဆုံး

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ ဟိုနားနယ်မြေအတွင်းရှိ ငါးပစ်ဂိမ်းဆိုင်တခုတွင်  ယနေ့ (ဇူလိုင် ၃၀)ရက် မနက် ၁၁နာရီဝန်းကျင်တွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ အဆိုပါ ဖြစ်စဉ်သည် ယနေ့ (ဇူလိုင်လ ၃၀ ရက်) မနက် ၁၁ နာရီဝန်းကျင် မူဆယ်မြို့ ဟိုနားနယ်မြေ ကောင်းမူတုံရပ်ကွက်ရှိ ငါးပစ်ဂိမ်းဆိုင်...

မူးယစ်သားကောင်ဘဝမှ လူငယ်ပြုစုပျိုးထောင်သူ ဘဝအဖြစ်ရောက်ရှိလာ

0
ကမ္ဘာ့အကြီးဆုံး စိတ်ကြွရူးသွပ်ဆေးပြား ထုတ်လုပ်ရာ နိုင်ငံ အဖြစ် မြန်မာနိုင်ငံရောက်ရှိနေကြောင်း  ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC) က ၂၀၂၆ ခုနှစ် အစီရင်ခံစာတွင် ထုတ်ပြန်လိုက်သည်။ နိုင်ငံတွင်း ဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိက္ခများကြောင့် သျှမ်းပြည်သည် နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုဂိုဏ်းများ၏ ဗဟိုချက်ဖြစ်လာပြီး မူးယစ်ဆေးဝါး ထုတ်လုပ်မှုမှာ အွန်လိုင်းငွေလိမ်လည်မှု လုပ်ငန်းများနှင့်ပါ စနစ်တကျ...

မူဆယ်တွင် တရုတ်နိုင်ငံသား ၁၇ ဦးအပါအဝင် ကျားဖြန့်လုပ်ကိုင်သူ ၅၅ ဦး ဖမ်းဆီးခံရ

0
သျှမ်းပြည် မူဆယ်မြို့တွင် အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ကိုင်သည့် တရုတ်နိုင်ငံသား (၁၇) ဦး အပါအဝင် (၅၅) ဦး ဖမ်းဆီးရမိခဲ့ကြောင်း သတင်းသိရသည်။ ယနေ့ (ဇူလိုင်လ ၂၅ ရက်) နံနက် ၁၀ နာရီခွဲခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက် စွမ်စော်(၂)လမ်းရှိ နေအိမ်(၂) လုံးကို စစ်တပ်လက်အောက်ခံ...

မူဆယ် KTV များတွင် မူးယစ်ဆေးကြောင့် လူငယ်များ ဆက်တိုက်သေဆုံး၊ တရုတ်ဘက်ကပါ ဆေးကုသခွင့် ပိတ်ပင်

0
မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ရှိ KTV များတွင် မူးယစ်ဆေးဝါး အလွန်အကျွံသုံးစွဲခြင်းကြောင့် လူငယ်များ သေဆုံးမှု ဆက်တိုက်ဖြစ်ပွားနေကြောင်း စုံစမ်းသိရသည်။ မူးယစ်ဆေး သောက်သုံးပြီး စိုးရိမ်ရသည့် အရေးပေါ်လူနာများကိုလည်း တရုတ်နိုင်ငံဘက်သို့ ဆေးကုသရန် သွားရောက်ခွင့် ပိတ်ပင်ခံနေရကြောင်း ဒေသတွင်း လူမှုကယ်ဆယ်ရေးအသင်းက ပြောသည်။ ယမန်နေ့ (ဇူလိုင် ၂၄ ရက်) နံနက်ပိုင်းက...

မူဆယ်-နမ့်ခမ်း မြစ်ဘေးရှိ ရပ်ကွက်များနှင့် လယ်ယာ၊ စိုက်ပျိုးမြေများ ရေမြှုပ်

0
မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ နှင့် နမ့်ခမ်းမြို့ ရွှေလီမြစ်ဘေးနေထိုင်သည့် ပြည်သူများ၏ နေအိမ်နှင့် လယ်ယာများ ရေမြှုပ်နေကြောင်း သတင်းရရှိသည်။​ ဇူလိုင်လ တတိယပတ်အတွင်း သျှမ်းပြည် မြောက်ပိုင်း နှင့် တရုတ်နိုင်ငံအတွင်း မိုးအဆက်မပြတ်ရွာ သွန်းမှုအပြင် တရုတ်နိုင်ငံမှ ရေကာတာ ရေထုတ်လွှတ်မှုကြောင့် ရွှေလီမြစ်ရေမှာ ရက်ပိုင်း ရေမြင့်တက်လာခြင်းဖြစ်ကြောင်း မူဆယ်မြို့ဒေသခံအမျိုးသားတစ်ဦးက...