Tuesday, January 27, 2026

ဆိုင်ထိုင်စနစ်သည် အန္တရာယ်ရှိသေး ဟု ဆရာဝန်ပြော

လက်ရှိအချိန်ထိ ကိုဗစ်-၁၉ မြင့်တက်မှု နှှုန်းရှိနေသေးသဖြင့် ဆိုင်ထိုင်စား ပြန်လည်ရောင်းချမည့်ဆိုပါက အန္တရာယ်ရှိနိုင်ကြောင်း ဒေါက်တာ ဇဝနကို က ပြောဆိုလိုက်သည်။

“ ကျန်းမားရေးနဲ့ အားကစားဝန်ကြီးဌာန ရဲဆုံးဖြတ်ချက်ကပိုအရေးကြီးပါတယ်။ လူတွေရဲ့စည်းကမ်း ပြန်လည်အားနည်းလာတယ်။ ကျနော်အမြင်ကတော့ အခုချိန်ဖွင့်သေးမယ်ဆိုရင် အန္တရာယ်ရှိသေးတယ် လို့မြင်ပါတယ်” ဟု သျှမ်းပြည်ကုသရေး နှင့် ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန လက်ထောက် ညွန်ကြားရေးမှူး ဒေါက်တာဇဝနကို က သျှမ်းသံတော်ဆင့် ကို ပြောသည်။

တောင်ကြီးမြို့ အပါအဝင် သျှမ်းပြည်တဝှမ်းလုံးတွင် လက်ဖက်ရည်ဆိုင်များ နှင့် စားသောက်ဆိုင်များ Social distancing နှင့် အညီ ဆိုင်ထိုင်စားသောက်စနစ် ပြန်လည်ရောင်းချခွင့်ပြုရန် စီစဉ်နေကြောင်း သျှမ်းပြည် အစိုးရ အဖွဲ့ အစည်းအဝေးမှ သိရသည်။

သို့သော် ယခုအချိန်သည် ကိုဗစ်-၁၉ မြင့်တက်မှု ရှိသေးသဖြင့် သျှမ်းပြည်တဝှမ်းတွင် ကိုဗစ်-၁၉ ကြောင့် ဆေးရုံတက်နေသည့် လူနာ ၁၂၅ဦးရှိနေသဖြင့် ဆိုင်ထိုင်စားသောက်စနစ် ပြန်လည်ရောင်းချခွင့် သည် အန္တရာယ်ရှိနိုင်သေးကြောင်း ဆရာဝန်များက ပြောဆိုလိုက်သည်။

သျှမ်းပြည် တွင် စက်တင်ဘာ ၂၅ရက် မှစတင်ကာ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်သည့် အနေဖြင့် ပါဆယ်စနစ်ဖြင့် ရောင်းချရန်ညွှန်ကြားထားခဲ့ကြောင်းသိရသည်။

ကိုဗစ် -၁၉ ကာလအတွင်း ဆိုင်ထိုင်စားစနစ်ကို ပြန်လည်ဖွင့်ရာတွင် ဖြစ်သင့်၊မဖြစ်သင့်ကို အားလုံးကို စည်းကမ်းတိကျ နှင့် ဆောင်ရွက်ပေးလိုကြောင်း ဆိုင်ပိုင်ရှင် များကပြောသည်။


“ စီးပွားရေးသမား တိုင်က စီးပွားဖြစ်ချင်ကြတာဘဲလေ။ ကိုဗစ်ကိုလည်း လျော့တွက်လို့မရဘူးလေ။ ဒါမဲ့ စည်းကမ်းတစ်ခုတော့ ထုတ်လိုက်ပေါ။ ဥပမာ ဆိုင်တစ်ခုမှာ လူဘယ်နှစ်ယောက်ထက်မပိုစေနဲ့။ ခုန်တွေဘယ်လောက်ကွာထားဆိုပြီး စည်းကမ်းထုတ်လိုက်” ဟု စားသောက်ဆိုင်ပိုင်ရှင် ဒေါ်ကြည်ကပြောသည်။


သက်ဆိုင်ရာ အစိုးရ အဖွဲ့မှ ပါဆယ်စနစ်ဖြင့်ရောင်းချရန် ထုတ်ပြန်ထားသော်လည်း တခ့ျိုဆိုင်များသည် ဆိုင်ထိုင်ခွင့်ပြုထားပေးသည်ကို တေ့ွရကြောင်း တောင်ကြီးဒေသခံ စိုင်းနော် က သျှမ်းသံတော်ဆင့် ကို ပြောသည်။


“ တချို့ ဆိုင်ထိုင်ပေးမစားဘူးဆိုပေ့မဲ့ တချို့ဆိုင်တွေက ဆိုင်ထိုင်းစားခွင့်ပေးထားတယ်။ ပေးဖွင့်တယ်ဆိုရင်လည်း သူစည်းကမ်းနဲ့ထုတ်လိုက်ကွာ ဟု တောင်ကြီးဒေသခံ စိုင်းနော် က ပြောသည်။


လက်ရှိ အချိန်ထိ လက်ဖက်ရည်ဆိုင် နှင့် စားသောက်ဆိုင်တွင် ဆိုင်ထိုင်စားစနစ် ကို ပြန်လည် ရောင်းချခြင်းမပြုသေး ကြောင်း အစိုးရ အဖွဲ့ဝင် ကပြောသည်။


သျှမ်းပြည်နယ်တွင် ကိုဗစ် ၁၉ အတည်ပြုလူနာ စုစုပေါင်း ၂၅၄ ဦးရှိပြီး ဆေးရုံတက်ထားသည့် လူနာ ၁၂၅ ရှိကြောင်းနှင့် သေဆုံးလူနာ ၁ဦးရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ထိုင်းနယ်စပ်သွားမည့်ကားများ စစ်ဆေးမှုတင်းကြပ် ခရီးသည်နည်းပါးလာ

0
သျှမ်းပြည် တောင်ပိုင်း မှ ထိုင်းနယ်စပ် တာချီလိတ်သို့ သွားသည့် လမ်းပိုင်းတွင် လက်နက်ကိုင်တပ်ဖွဲ့များ စစ်ဆေးမှု တင်းကြပ်လာပြီး ခရီးသည်များ နည်းပါးလာကြောင်း ကားသမားများထံ စုံစမ်းသိရသည်။ စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်း ဥပဒေ အကောင်အထည်ဖော်မှု၊ တိုင်းရင်းသားလက်နက်ကိုင်များ၏ တပ်သားသစ် စုဆောင်းမှုများကြောင့် ထိုင်းနယ်စပ် တာချီလိတ်မြို့ လမ်းကြောတလျောက်တွင် စစ်ဆေးမှုတင်းကြပ်လာပြီး၊...

မျှော်ပေမယ့် ဖြစ်မလာတဲ့ တာချီလိတ်နယ်စပ်ဂိတ်

0
“နယ်စပ်ဂိတ် ပြန်ဖွင့်တော့မယ်” ဆိုတဲ့ သတင်းတွေဟာ နယ်စပ်ကို အမှီပြုပြီး ရောင်းဝယ်ရေး လုပ်နေကြတဲ့ ပြည်သူတွေအနေနဲ့ မျှော်လင့်စောင့်စားနေကြရတာ ဖြစ်သလို မကြာခဏလည်း ကြားရတတ်တဲ့ သတင်းတွေလည်း ဖြစ်နေပါတယ်။ ဒါပေမယ့် မကြာခဏ သတင်းကြားရတဲ့ အတိုင်း မကြာခဏလည်း မျှော်လင့်ချက်တွေ ရိုက်ချိုးခံရတဲ့ နယ်စပ်သတင်းတွေ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ...

မြန်မာ-တရုတ် မန့်ဝိန်း-ကျယ်ဂေါင်နယ်စပ်ဂိတ် အကန့်အသတ်ဖြင့် ဖွင့်

0
ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် ၃နှစ်နီးပါး ပိတ်ထားသည့် မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ မန့်ဝိန်း-ဂျယ်ဂေါင်ဂိတ်ကို ယနေ့ (ဇန်နဝါရီ ၁၄)ရက် နံနက်ပိုင်းတွင် မြန်မာနိုင်ငံဘက်မှ ပြန်လည်ဖွင့်လှစ်လိုက်ကြောင်း သတင်းရရှိသည်။ မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ မန့်ဝိန်း- ဂျယ်ဂေါင် နယ်စပ်ဂိတ်ကို ယနေ့ (ဇန်နဝါရီ ၁၄)ရက် နံနက် ၇ နာရီတွင်...

ရွှေလီမြစ်ဝှမ်း ကြံစိုက်သူများ အခက်ကြုံနေ

0
ထုန့်မောဝ် (ရွှေလီမြစ်ဝှမ်း) ကြံစိုက်ခင်းပိုင်ရှင်များသည် တရုတ်နိုင်ငံတွင်းသို့ ကြံတင်ပို့ရောင်းချပေးပြီးသော်လည်း လက်ရှိအချိန်ထိ ငွေပြန်မရရှိသေးသည့်အတွက်ကြောင့် အခက်အခဲဖြစ်နေကြောင်း စုံစမ်းသိရှိရသည်။ ဒီဇင်ဘာ ပထမပတ်ကစပြီး သျှမ်းပြည်မြောက်ပိုင်း ရွှေလီမြစ်ဝှမ်းဒေသဖြစ်သည့် မူဆယ်မြို့နယ် နှင့် နမ့်ခမ်းမြို့နယ်တွင်း ကြံစိုက်ခင်းပိုင်ရှင်များက တရုတ်နိုင်ငံတွင်း တင်ပို့ပေးပြီးငွေပြန်မရရှိသေးသည့်အတွက်ကြောင့် ထပ်မံစိုက်ပျိုးရန်အတွက် အခက်ခဲဖြစ်နေကြောင်း သိရသည်။ “ အရမ်းခက်ခဲတယ်။ ကျနော်တို့လည်းစိုက်ပျိုးဖို့ ငွေအင်အား၊...

အင်းလေး စက်လှေသမားများ စားဝတ်နေရေး ခက်ခဲနေဆဲ

0
သျှမ်းပြည်တောင်းပိုင်း ညောင်ရွေမြို့နယ် အင်းလေးဒေသအတွင်းရှိ စက်လှေသမားများသည် ခရီးသွားဧည့်သည်များ မရှိသည့်အတွက် စားဝတ်နေရေး ခက်ခဲနေကြောင်း စုံစမ်းသိရသည်။ အင်းလေးကန်ကိုလာရောက်လည်ပတ်သည့် နိုင်ငံခြားဧည့်သည်များနှင့် ပြည်တွင်းခရီးသွားများကိုသာ အားကိုးနေရသည့် စက်လှေသမားများသည် တနှစ်ထက် တစ်နှစ် စားဝတ်နေရေး ပိုခက်ခဲလာကြသည်ဟု စက်လှေသမားများက ပြောဆိုသည်။ ၂၀၁၉ ခုနစ် မှစတင်ပြီး ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ခရီးသွားလာမှုရပ်တန့်ခဲ့ပြီး၊...