Tuesday, January 27, 2026

သျှမ်း/မြောက်တွင် TNP ပါတီ (၁၂)နေရာ အနိုင်ရ

သျှမ်းပြည် မြောက်ပိုင်း တွင် တအောင်းအမျိုးသားပါတီ (TNP) ပါတီသည် (၁၂) နေရာ အနိုင်ရရှိထားကြောင်း စုံစမ်းသိရှိရသည်။

Photo by မိုင်းနိုင်ကဲ

နိုဝင်ဘာ ၈ ရက်က ကျင်းပသည့် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲသည် သျှမ်းပြည်မြောက်ပိုင်း ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အပါအဝင် မြို့နယ် ၅ မြို့နယ် မှာ တအောင်းအမျိုးသားပါတီ (TNP) မှ လွှတ်တော်အမတ် (၁၂)နေရာ အနိုင်ရရှိထားကြောင်းသိရသည်။

အဆိုပါ နေရာများသည် နမ့်ဆန်မြို့နယ် (၃)နေရာ၊ မန်တုံမြို့နယ် (၃)နေရာ၊ နမ့်ခမ်း (၃) နေရာ၊ ကွတ်ခိုင်မြို့နယ် မဲဆန္ဒနယ် အမှတ်(၁) ၊ မူဆယ်မြို့နယ် အမျိုးသားလွှတ်တော် (၁) နေရာ နှင့် နမ့်ဆန်မြို့နယ် အမျိုးသားလွှတ်တော် (၁) နေရာ စုစုပေါင်း (၁၂) နေရာ အနိုင်ရရှိခဲ့သည်။

(TNP) ပါတီသည် ၂၀၁၅ အထွေထွေရွေးကောက်ပွဲ ကာလမှာလည်း လွှတ်တော် အမတ်(၁၂) နေရာ အနိုင်ရရှိခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

TNP ပါတီမှ သျှမ်းပြည် အခြေစိုက် ပါတီအဖြစ် နိုင်ငံရေး ပါတီ မှတ်ပုံတင်ဖို့ ပြင်ဆင်နေ

0
တအာင်း (ပလောင်) အမျိုးသား ပါတီ TNP ပါတီသည် သျှမ်းပြည် အခြေစိုက်ပါတီ အဖြစ် နိုင်ငံရေးပါတီ မှတ်ပုံတင် လုပ်ဆောင်ရန် ပြင်ဆင်နေကြောင်း သတင်းသိရသည်။ သျှမ်းပြည် အခြေစိုက် တအာင်း (ပလောင်) အမျိုးသားပါတီသည် စစ်ကောင်စီ၏ လက်အောက်ခံ ရွေးကောက်ပွဲ ကော်မရှင်ထံသို့ နိုင်ငံရေးပါတီ အဖြစ်...

မိုင်းကိုင် TNP ဥက္ကဌ မိုင်းနုမ်ဟန်၏ မိသားစု ဈာပနာ လူထောင်ချီလိုက်ပို့

0
သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ်အတွင်း ၂လ နီးပါး ပျောက်ဆုံးနေပြီး သတ်ခံရသည့် တအာင်း(ပလောင်) အမျိုးသားပါတီ (TNP) မြို့နယ်ဥက္ကဋ္ဌ မိုင်းနုမ်ဟန် နှင့် မိသားစုများ၏ ဈာပနာအခမ်းအနားကို လူထုထောင်ချီ လိုက်ပါ ပို့ဆောင်ခဲ့ကြောင်း စုံစမ်းသိရသည်။ မိသားစုလိုက်သတ်ခံရသည့် ရုပ်အလောင်းကို ပြီးခဲ့သည့် မတ် (၉)ရက်နေ့တွင် ရှာဖွေတွေ့ရှိပြီး ၎င်းရုပ်အလောင်းတွင်...

သျှမ်းပြည်စစ်ရေးပဋိပက္ခကြား ပျောက်သွားသည့် မိုင်းကိုင် TNP ပါတီ ဥက္ကဌ ရုပ်အလောင်းပြန်တွေ့

0
သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ်အတွင်း  နှစ်လနီးပါး ပျောက်ဆုံးနေသည့် တအာင်း(ပလောင်) အမျိုးသားပါတီ (TNP) မြို့နယ်ဥက္ကဋ္ဌ မိုင်းနုမ်ဟန်အား ပုတ်ပွနေသည့် ရုပ်အလောင်းဖြင့် ပြန်လည်တွေ့ရှိသည်ဟု ပါတီတာဝန်ခံကပြောသည်။ မိုင်းနုမ်ဟန်၏ ရုပ်အလောင်းကို မတ်လ (၃) ရက်နေ့က တုံလောကျေးရွာအုပ်စု ပန်ပွဲကျေးရွာ အနီး ကျောက်လိုင်ဂူတခုတွင် တွေ့ရှိကြောင်း  မိုင်းကိုင်မြို့နယ် (TNP)...

မိုင်းကိုင်မြို့ TNP ပါတီ ဥက္ကဌ နှင့် မိသားစုဝင်များ အဆက်အသွယ်မရ ပျောက်ဆုံးနေ

0
သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့မှ တအာင်း(ပလောင်)အမျိုးသားပါတီ (TNP)၏ မြို့နယ် ဥက္ကဌ မိုင်းနုမ်ဟန်နှင့် ၎င်း၏ မိသားစုဝင်များ ယနေ့ချိန်ထိ အဆက်အသွယ်မရ ပျောက်ဆုံးနေကြောင်း သတင်းသိရသည်။ ယမန်နေ့ ဇန်နဝါရီလ ၁၀ ရက် မနက် ၁၁ နာရီဝန်းကျင်အချိန်တွင် မိုင်းကိုင်မြို့နယ် မက်ချီးနုတ်ကျေးရွာသို့ ၎င်း၏ မိခင်ရက်လည်ဆွမ်းအပြီး အပြန်...

သျှမ်းပြည်နယ် အမျိုးသားလွှတ်တော် အမှတ် ၅ မဲဆန္ဒနယ် မဲရလဒ်အပေါ် SNLD ဉီးမော်ထွန်းအောင် ကန့်ကွက်လွှာတင်

သျှမ်းပြည်နယ် အမျိုးသားလွှတ်တော် အမှတ် ၅ မဲဆန္ဒနယ်တွင် မဲမသမာမှုရှိသဖြင့် ရရှိလာသော မဲရလဒ်အား ကန့်ကွက်ကြောင်း သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်မှ ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည့် လွှတ်တော်ကိုယ်စားလှယ်လောင်း ဉီးမော်ထွန်းအောင်က ပြောသည်။ သျှမ်းပြည်မြောက်ပိုင်း အမျိုးသားလွှတ်တော်မဲဆန္ဒနယ် အမှတ် (၅ ) နေရာတွင် TNP မှ ဦးအိုက်မွန်းက SNLD၊ USDP...