Tuesday, January 27, 2026

သျှမ်းပြည်တဝှမ်း SNLD မှ (၄၂) နေရာ အနိုင်ရထား

၂၀၂၀ ခုနှစ် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပသည့် ပါတီစုံ ဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ တွင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီမှ သျှမ်းပြည်တွင်း ၄၂ နေရာ ရရှိကြောင်း စုံစမ်းသိရှိရသည်။

သျှမ်းပြည်တဝှမ်းတွင် ၁၅၉ နေရာရှိပြီး၊ ထိုထဲတွင် အမျိုးသားလွှတ်တော် နေရာ ၁၂နေရာ၊ ပြည်သူ့လွှတ်တော် ၄၉ နေရာ၊ ပြည်နယ် (၁) နှင် (၂) နေရာ (၉၈)နေရာတို့ဖြစ်ပြီး၊ ထိုထဲတွင် SNLD မှ (၄၂)နေရာသာ အနိုင်ရရှိခဲ့သည်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD)အနိုင်ရရှိသည့် နေရာများမှာ ပြည်သူ့လွှတ်တော်မှာ ၁၃ နေရာ၊ ပြည်နယ် လွှတ်တော်မှာ ၂၇ နေရာ၊ အမျိုးသားလွှတ်တော်မှာ ၂ နေရာ ဖြစ်ကြောင်း SNLD မှ အထွေထွေအတွင်းရေးမှူး စိုင်းလိတ် က သျှမ်းသံတော်ဆင့် ကိုပြောသည်။

“အမျိုးသားလွှတ်တော် ၂ နေရာရထားတယ်။ မဲအသာရထားပြီး လက်ရှိ ဖြေရှင်းနေတုန်းက ၂ နေရာ ဖြစ်ပါတယ်” ဟု စိုင်းလိတ် ကပြောသည်။

မူဆယ်မြို့နယ်၊ သိန္ဒီမြို့နယ်၊ မိုင်းရယ်မြို့နယ်၊ တန့်ယန်းမြို့နယ်၊ နမ္မတူမြို့နယ်၊ သီပေါမြို့နယ်၊ ကျောက်မဲမြို့နယ်၊ မိုင်းရှုးမြို့နယ်၊ ကျေးသီးမြို့နယ်၊ လဲချားမြို့နယ်၊ မိုးနဲမြို့နယ်၊ လင်းခေးမြို့နယ် နှင့် ကွန်ဟိန်းမြို့နယ် တို့သည် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD)မှ ပြည်သူ့လွှတ်တော် (၁၃) နေရာမှာ အနိုင်ရရှိထားကြောင်း သိရသည်။

အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ် (၆) သည် နန်းမွန်းစိန် ဖြစ်ပြီး မဲဆန္ဒနယ် အမှတ်(၇) သည် စိုင်ထွန်းအေး တို့ အနိုင်ရရှိထားပြီး၊ ပြည်နယ်မဲဆန္ဒနယ်များသည် ရှမ်းတိုင်းရင်းသားဒီမိုကရေစီအဖွဲ့ချုပ်မှ (၂၇) နေရာ ရရှိထားပြီး ကချင်ပြည်နယ် မန်စီမြို့နယ် မှာ ၁ နေရာ အနိုင်ရရှိထားကြောင်း စုံစမ်းသိရသည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) သည် သျှမ်းပြည်တွင်း ပြည်သူ့လွှတ်တော် ၁၄ နေရာ ရရှိထားပြီး၊ ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ (USDP) မှ ၁၅ နေရာ၊ တအောင်းအမျိုးသား ပါတီ(TNP) မှ ၃ နေရာ ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) မှ ၃ နေရာ၊ “ဝ” အမျိုးသားပါတီ မှ (၁)နေရာ နှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်(SNLD) မှ ၁၃ နေရာ ရရှိခဲ့သည်။

၂၀၁၅ အထွေထွေရွေးကောက်ပွဲ နှင့် ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲ သည် SNLD မှ ပြည်သူ့လွှတ်တော်နေရာမှာ ၁၄ နေရာ အနိုင်ရရှိခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

Shan State Map_Update_1

ကျောက်မဲ၊ သီပေါ၊ မက်မန်းနှင့် ဖယ်ခုံမြို့နယ်မှ ရွေးကောက်ပွဲမကျင်းပနိုင်သည့် နယ်မြေစာရင်း UEC ထပ်မံထုတ်ပြန်

0
စစ်အုပ်စု ကျင်းပမည့် ရွေးကောက်ပွဲ တတိယပိုင်းတွင် ပါဝင်နေသည့် ကျောက်မဲ၊ သီပေါ၊ မက်မန်းနှင့် ဖယ်ခုံမြို့နယ်များရှိ ရွေးကောက်ပွဲ မကျင်းပနိုင်သည့် နယ်မြေစာရင်းကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC မှ ထပ်မံထုတ်ပြန်လိုက်သည်။ ယမန်နေ့ (ဒီဇင်ဘာလ ၂၇ ရက်) ညပိုင်းတွင် ရွေးကောက်ပွဲ တတိယပိုင်းထဲ ပါဝင်နေသည့် သျှမ်းပြည်မှ...

တိတ်ဆိတ်ငြိမ်သက်နေသည့် စစ်တပ် ရွေးကောက်ပွဲ

0
“ထူးထူးခြားခြား မရှိပါဘူး။ ဧည့်သည်တွေနဲ့ ရှုပ်နေတာပဲ၊ မအားဘူး” ဟု တောင်ကြီးမြို့ခံ ဈေးဆိုင် ပိုင်ရှင် တဦးက သျှမ်းသံတော်ဆင့်ကို ယနေ့ (ဒီဇင်ဘာလ ၂၇)ရက်၊ နေ့လယ်ပိုင်းတွင် ပြောသည်။ စစ်တပ် ပြုလုပ်မည့် ရွေးကောက်ပွဲ အပိုင်း (၁) တွင် သျှမ်းပြည်နယ်တွင်း တောင်ကြီးမြို့နယ် အပါအဝင်...

သျှမ်းပြည် ၉ မြို့နယ်နှင့် ဗန်းမော်မြို့နယ် ပါဝင်သည့် ရွေးကောက်ပွဲ အပိုင်း (၃) စစ်တပ်ကော်မရှင် ထုတ်ပြန်

0
သျှမ်းပြည်နယ် အတွင်းရှိ မြို့နယ် ၉ ခု အပါအဝင် မြို့နယ် ၆၃ ခုတွင် စစ်တပ် ရွေးကောက်ပွဲ အပိုင်း (၃) ကို လာမည့် ဇန်နဝါရီလ ၂၅ ရက်နေ့တွင် ကျင်းပမည်ဖြစ်ကြောင်း စစ်တပ် ရွေးကောက်ပွဲ ကော်မရှင်က ယနေ့ ဒီဇင်ဘာလ...

“ဒီရွေးကောက်ပွဲကတော့ ပိုရှုပ်ထွေးအောင် လုပ်ထားတယ်လို့တော့ ထင်ပါတယ်”

0
ညီနောင်မဟာမိတ် ၃ ဖွဲ့ ဖော်ဆောင်ခဲ့သည့် “၁၀၂၇ စစ်ဆင်ရေး” အတွင်း သျှမ်းပြည်မြောက်ပိုင်းရှိ မြို့အများအပြားကို စစ်အုပ်စုထံက သိမ်းပိုက်နိုင်ခဲ့သည်။ သို့သော်လည်း တရုတ်၏ ကြားဝင်စေ့စပ်မှုအရ သိမ်းပိုက်ထားသည့် မြို့အချို့အား ပြန်လည်လက်လွှတ်ခဲ့ရသည်။ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် ခေါ် ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် စစ်ကောင်စီတို့သည်...

“သျှမ်းပြည် စစ်ရေး၊ နိုင်ငံရေး အခင်းအကျင်းပေါ်မှာ ကြီးကြီးမားမား ရိုက်ခတ်မှု ရှိနိုင်ပါတယ်”

0
ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း ပြည်သူ့ဆန္ဒမငဲ့ဘဲ တစ်နိုင်ငံလုံး ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးကို မဖြစ်မနေ ရအောင် ကျင်းပသွားပါမယ်ဆိုပြီး ဩဂုတ်လလယ်ပိုင်းမှာ ရွေးကောက်ပွဲ မဲဆန္ဒနယ်၊ ကျင်းပမည့်ရက်၊ ကျင်းပမယ့်ပုံစံ တွေကို စစ်ကောင်စီအသွင်ပြောင်း စစ်ကော်မရှင်လက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဆက်တိုက် ကြေညာခဲ့ပါတယ်။ ရွေးကောက်ပွဲကို လာမယ့် ဒီဇင်ဘာလ ၂၈ ရက်မှာ စတင်ကျင်းပမှာဖြစ်ပြီး...