Wednesday, January 28, 2026

တောင်ကြီးမြို့နယ်၏ လွှတ်တော်သုံးရပ်လုံးတွင် NLD အနိုင်ရ

တောင်ကြီးမြို့နယ်၏ လွှတ်တော်သုံးရပ်တွင် NLD ကိုယ်စားလှယ်လောင်းများအနိုင်ရရှိခဲ့ကြောင်း ရွေးကောက်ပွဲကျင်းပပြီး နှစ်ရက်အကြာတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်က တရားဝင်ထုတ်ပြန်ခဲ့သည်။

သို့သော်လည်း တောင်မြို့နယ်ကော်မရှင်အနေဖြင့် လွှတ်တော်သုံးရပ်အတွက် မဲစာရင်းရလဒ်များကိုသာ ထုတ်ပြန်နိုင်ခဲ့သော်လည်း တိုင်းရင်း သားရေးရာ မဲစာရင်းများကို ယနေ့အထိ ထုတ်ပြန်နိုင်ခြင်းမရှိသေးကြောင်း သိရသည်။

အဆိုပါမြို့နယ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီမှ လက်ရှိ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် ၁၁၂၈၀၈ မဲဖြင့်လည်းကောင်း၊ ဦးအောင်ကိုကိုက အမျိုးသားလွှတ်တော်မဲဆန္ဒနယ်မြေတွင် ၁၂၃၃၈၄ မဲဖြင့်လည်း ကောင်း၊ လက်ရှိရှမ်းပြည်နယ် အစိုးရအဖွဲ့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်က ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ် ၁တွင် ၆၁၃၄၇ မဲဖြင့်လည်းကောင်း၊ လက်ရှိ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဒေါ်သန်းငွေ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ် ၂ တွင် ၅၂၂၀၀ မဲ ဖြင့်လည်းကောင်း ပြိုင်ဖက်ပါတီများကို အနိုင်ရရှိခဲ့ကြောင်း သိရသည်။

တောင်ကြီးမြို့နယ်တွင် တောင်ကြီး၊ အေးသာယာ၊ ရွှေညောင်၊ ကျောက်တစ်လုံးကြီး စသဖြင့်ရပ်ကွက်ပေါင်း ၅၁ ရပ်ကွက်၊ ကျေးရွာအုပ်စုပေါင်း ၂၄ အုပ်စုရှိပြီး မဲရုံပေါင်း ၂၅၄ ရုံရှိကာ မဲပေးပိုင်ခွင့်ရှိသူဦးရေမှာ ၃၂၄၉၁၃ ဦးခန့်ရှိကြောင်း သိရသည်။

တောင်ကြီးမြို့နယ်အတွင်း ဝင်ရောက်ယှဉ်ပြိုင်သည့် ပါတီ ၁၅ ပါတီမှ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် ၁၀ ဦး၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ်တွင် ကိုးဦး၊ ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် အမှတ် ၁ တွင် ၁၃ ဦး၊ ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် အမှတ် ၂ ရှစ် ဦး၊ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်ခြောက်ဦး၊ ဗမာလူမျိုးတိုင်းရင်းသားရေးရာတွင် ခုနစ်ဦး၊ ကချင်လူမျိုးတိုင်းရင်းသားရေးရာတွင် လေးဦး၊ လီဆူတိုင်းရင်းသားရေးရာတွင် ခြောက်ဦး၊ လားဟူငါးဦး၊ အင်းလူမျိုးတိုင်းရင်းရင်းသားရေးရာ ခြောက်ဦး၊ အာခါလူမျိုးတိုင်းရင်းသားရေးရာတွင် သုံးဦး၊ ကယန်းလူမျိုးတိုင်းရင်းသားရေးရာတွင် ငါးဦး စုစုပေါင်း လွှတ်တော်ကိုယ်စားလှယ် ၇၆ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးနှင့် ကလောမြို့နယ် ကြိုတင်မဲ ကြံ့ခိုင်ရေးပါတီ အပြတ်အသတ် အနိုင်ရ

0
သျှမ်းတောင်၊ တောင်ကြီးမြို့နယ်နှင့် ကလောမြို့နယ်တို့တွင် ယမန်နေ့ ဒီဇင်ဘာလ ၂၆ ရက်နေ့က ကြိုတင်မဲများ ရေတွက်ရာ ကြံ့ခိုင်ရေးပါတီက မဲထောင်ချီ အပြတ်အသတ် အနိုင်ရရှိကြောင်း သတင်းရင်းမြစ်က သျှမ်းသံတော်ဆင့်သို့ ပြောသည်။ စစ်တပ် ပြုလုပ်သည့် ရွေးကောက်ပွဲ ကြိုတင်မဲများကို ရေတွက်ရာ တောင်ကြီးမြို့နယ်တွင် ပြည်သူ့လွှတ်တော် နေရာ အတွက်...

တောင်ကြီးမြို့နယ် ကျောက်နီကျေးရွာ မကြုံစဖူး တောင်ကျရေကြောင့်နေအိမ်ထဲထိ ရေဝင်

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် ကျောက်နီကျေးရွာတွင် မကြုံစဖူး တောင်ကျရေကြောင့် နေအိမ်ထဲထိ ရေများဝင်ရောက်ပြီး ပျက်စီးမှုများစွာ ကြုံတွေ့နေရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် စက်တင်ဘာ ၈ ရက်တွင် တောင်ကြီးမြို့နယ် ကျောက်နီကျေးရွာတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တောင်ကျရေများသည် မကြုံစဖူး နေအိမ်ထဲထိ ရုတ်တရက်ဝင်ရောက်ပြီး လမ်းများတွင် ကျောက်တုံး၊ သစ်တုံးနှင့်...

အေးသာယာ ရပ်ကွက် အုပ်ချုပ်ရေးမှူးက စစ်မှုထမ်းမဲပေါက်သူထံ ပိုက်ဆံယူပြီး မဲမပေါက် လူငယ်ကို အစားထိုးခေါ်ထည့်

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် အေးသာယာမြို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးမှ စစ်မှုထမ်းမဲပေါက်သူထံ ပိုက်ဆံယူပြီး မဲမပေါက်သည့် လူငယ်ကို လူစားထိုးခေါ်ထည့် နေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇွန်လ နောက်ဆုံးပတ်မှ စပြီး စစ်မှုထမ်း အမှတ်စဉ် (၁၅)အတွက် အေးသာယာတွင် မဲနှိုက် နယ်မြေ (၈) (က) ရပ်ကွက်တွင် သုံးဦးမဲပေါက်ပြီး...

တောင်ကြီးမြို့နယ် ကျောက်နီအုပ်စုတွင် ကျေးရွာပိုင်စားကျက်မြေများကို စစ်တပ်သိမ်းဆည်း

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် ကျောက်နီကျေးရွာအုပ်စုရှိ ကျေးရွာပိုင် စားကျက်မြေများကို စစ်ကောင်စီတပ်မှ သိမ်းဆည်းလိုက်ကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။ အဆိုပါ သိမ်းဆည်းခံရသည့် စားကျက်မြေများသည် တောင်ကြီးမြို့နယ် ကျောက်နီကျေးရွာ၊ ရေပူကျေးရွာနှင့် သရက်ပင်လှကျေးရွာ စသည့် ကျေးရွာများမှ ပိုင်ဆိုင်သည့် စားကျက်မြေများ ဖြစ်ခဲ့သည်။ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်တွင် စစ်ကောင်စီတပ်မှ သိမ်းဆည်းလိုက်ခြင်းကြောင့်...

တောင်ကြီးခရိုင် စစ်ကောင်စီမှခေါ်ဆောင်ခံရသည့် စစ်မှုထမ်းလူငယ်များ ရှေ့တန်းတွင်သေဆုံး

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးခရိုင်အတွင်း စစ်ကောင်စီမှ စစ်မှုထမ်းရန် အတွက် ခေါ်ဆောင်ခံရသည့် လူငယ်များ ရှေ့တန်းတွင် သေဆုံးမှုများရှိနေကြောင်း ဒေသခံများထံ စုံစမ်းသိရသည်။ ထိုသူများသည် တောင်ကြီးမြို့နယ်နှင့် ညောင်ရွှေမြို့နယ်များမှ စစ်မှုထမ်း အပတ်စဉ် (၅) နှင့် (၆) အတွက် စစ်မှုထမ်းခေါ်ဆောင်ခံသွားရသည့် လူငယ်များဖြစ်ကြသည်။ ဇန်နဝါရီလ (၅) ရက်မှ (၁၀)...