Monday, July 22, 2024

မိုင်းဆတ်မြို့နယ်တွင် USDP အပြတ်အသတ် နိုင်ဖွယ်ရှိ

Must read

သျှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ် မဲဆန္ဒနယ် အားလုံးတွင် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ (USDP) မှ အပြတ်အသတ် နိုင်ဖွယ်ရှိကြောင်း စုံစမ်းသိရှိရသည်။

မိုင်းဆတ်မြို့နယ် ပြည်သူ့လွှတ်တော်နေရာတွင် USDP ပါတီမှ ဦးစိုင်းခတ္တိယ၊ မိုင်းဆတ်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁) မှ ဦးစိုင်းသန်းဝင်း ၊ မဲဆန္ဒနယ် အမှတ်(၂) မှ ဦးယောဘ တို့ နိုင်ဖွယ်ရှိကြောင်း သိရသည်။

မိုင်းဆတ်မြို့နယ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ ( SNDP) ကိုယ်စားလှယ်လောင်း စိုင်းနန္ဒိ မှ “လက်ရှိတော့ USDP က ၃ နေရာ စလုံး အနိုင်ရထားပါတယ်။ ဒါပေမယ့် မဲဆန္ဒနယ် အမှတ်(၂) နေရာမှာတော့ NLD မဲဆန္ဒနယ် အမှတ်(၂) ပြန်ကန့်ကွက်မယ်လို့ ကြားတယ်” ဟု သျှမ်းသံတော်ဆင့် ကိုပြောသည်။

မိုင်းဆတ်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂) သည် ဝ တိုင်းရင်းသားလူမျိုးတို့ အများဆုံးနေထိုင်သည့် ဒေသဖြစ်သည်။

၎င်းနေရာများသည် မဲဆွယ်စည်းရုံးရေးကာလသည် ပါတီများ လွှတ်လပ်စွာ မဲဆွယ်စည်းရုံးခွင့် မရရှိခဲ့သဖြင့် ပါတီ(၄) ပါတီမှ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံ ရွေးကောက်ပွဲ ရပ်ဆိုင်းပေးဖို့အတွက် တင်ပြတောင်းဆိုခဲ့ဖူးခဲ့ကြောင်း သိရသည်။

မိုင်းဆတ်မြို့နယ် ဝ ထိန်းချုပ်သည့် နယ်မြေအတွင်းရှိ ကျေးရွာ အုပ်စု (၄) ခုတွင် ကျေးရွာပေါင်း (၂၁) ရွာရှိပြီး မဲဆန္ဒရှင် စုစုပေါင်း (၂၀၀၀၀) ကျော်ရှိပြီး မဲရုံပေါင်း (၁၂) ရုံရှိကြောင်း သိရသည်။

နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲသည် ယနေ့ချိန်ထိ မဲရေတွက်ခြင်း မပြီးသေးကြောင်း၊ ပွင့်လင်းမြင်သာမှု မရှိသည့်အတွက် NLD ပါတီအနေဖြင့် ကန့်ကွက်သွားမည်ဖြစ်ကြောင်း မိုင်းဆတ်မြို့နယ် ရွေးကောက်ပွဲမှာ ပါဝင်လှုပ်ရှားသူ တစ်ဦးက ပြောသည်။

Leave a Comments

- Advertisement -spot_img

Latest article