သျှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့နယ်တွင် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ ( USDP) မှ ၃ နေရာ အနိုင်ရရှိကြောင်း စုံစမ်းသိရှိရသည်။

မိုင်းတုံမြို့နယ်မှာ ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ ( USDP ) မှ ၃ နေရာ အနိုင်ရရှိပြီး ဝ အမျိုးသားပါတီ (WNP) က ၁ နေရာ အနိုင်ရရှိခဲ့ကြောင်း စုံစမ်းသိရှိရသည်။
ထို့ပေမယ့် ရွေးကောက်ပွဲ ကော်မရှင်မှ တရားဝင် ကြေညာထားခြင်း မရှိသေးပေ။
မိုင်းတုံမြို့နယ် အမျိုးသားလွှတ်တော်နေရာတွင် ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ ( USDP) မှ ဦးဝီလ်ဆင်မိုး၊ ပြည်သူ့လွှတ်တော်နေရာတွင် ( USDP) မှ ဦးမျိုးညွှန့်၊ ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁) ( USDP) ပါတီမှ ဦးစောမူးလာ နှင့် ပြည်နယ်မဲဆန္ဒနယ် အမှတ်(၂) မှာ (WNP ) ပါတီ မှ ဒေါက်တာ အမ်ဇောလတ် တို့ အနိုင်ရရှိသွားကြောင်း သိရသည်။
၂၀၁၀ ရွေးကောက်ပွဲ ကာလတွင် သျှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ မှ ၁ နေရာ အနိုင်ရရှိခဲ့သည်။
မိုင်းတုံမြို့နယ် အတွင်းရှိ ဝမ်မိုင်ကျေးရွာ စာသင်ကျောင်း၊ နမ့်ယွန်းကျေးရွာ စာသင်ကျောင်း နှင့် နမ့်ဖိုင်ကျေုးရွာ စာသင်ကျောင်းတွင် အသက်မပြည့်သေးသည့် ကလေးငယ် ၈၀ ရာခိုင်နှုန်းခန့် တိုကင်ကိုင်ဆောင်ပြီး မဲလာရောက်ထည့်ခြင်း လည်းရှိကြောင်း သိရသည်။
၂၀၂၀ နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပသည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲနေ့သည် UWSA တပ်ဖွဲ့ နှင့် မိသားစုဝင်များ နေထိုင်သည့် နေရာအတွင်းတွင် အသက် (၁၈) နှစ်မပြည့်သေးသည့် ကလေးငယ်များ တိုကင်ဖြင့် မဲလာထည့်ခြင်း လည်းရှိကြောင်း သိရသည်။












Leave a Comments