မိုင်းတုံ တွင် USDP ၃ အနိုင်ရထား

သျှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့နယ်တွင် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ ( USDP) မှ ၃ နေရာ အနိုင်ရရှိကြောင်း စုံစမ်းသိရှိရသည်။

မိုင်းတုံမြို့နယ်မှာ ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ ( USDP ) မှ ၃ နေရာ အနိုင်ရရှိပြီး ဝ အမျိုးသားပါတီ (WNP) က ၁ နေရာ အနိုင်ရရှိခဲ့ကြောင်း စုံစမ်းသိရှိရသည်။

ထို့ပေမယ့် ရွေးကောက်ပွဲ ကော်မရှင်မှ တရားဝင် ကြေညာထားခြင်း မရှိသေးပေ။

မိုင်းတုံမြို့နယ် အမျိုးသားလွှတ်တော်နေရာတွင် ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ ( USDP) မှ ဦးဝီလ်ဆင်မိုး၊ ပြည်သူ့လွှတ်တော်နေရာတွင် ( USDP) မှ ဦးမျိုးညွှန့်၊ ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁) ( USDP) ပါတီမှ ဦးစောမူးလာ နှင့် ပြည်နယ်မဲဆန္ဒနယ် အမှတ်(၂) မှာ (WNP ) ပါတီ မှ ဒေါက်တာ အမ်ဇောလတ် တို့ အနိုင်ရရှိသွားကြောင်း သိရသည်။

၂၀၁၀ ရွေးကောက်ပွဲ ကာလတွင် သျှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ မှ ၁ နေရာ အနိုင်ရရှိခဲ့သည်။

မိုင်းတုံမြို့နယ် အတွင်းရှိ ဝမ်မိုင်ကျေးရွာ စာသင်ကျောင်း၊ နမ့်ယွန်းကျေးရွာ စာသင်ကျောင်း နှင့် နမ့်ဖိုင်ကျေုးရွာ စာသင်ကျောင်းတွင် အသက်မပြည့်သေးသည့် ကလေးငယ် ၈၀ ရာခိုင်နှုန်းခန့် တိုကင်ကိုင်ဆောင်ပြီး မဲလာရောက်ထည့်ခြင်း လည်းရှိကြောင်း သိရသည်။

၂၀၂၀ နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပသည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲနေ့သည် UWSA တပ်ဖွဲ့ နှင့် မိသားစုဝင်များ နေထိုင်သည့် နေရာအတွင်းတွင် အသက် (၁၈) နှစ်မပြည့်သေးသည့် ကလေးငယ်များ တိုကင်ဖြင့် မဲလာထည့်ခြင်း လည်းရှိကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်တပ်ချုပ်ကိုင် လွှတ်တော်နှင့် မြန်မာ့နိုင်ငံရေး အနာဂတ်

0
စစ်ကော်မရှင်ဘက်မှ အတုအယောင် ရွေးကောက်ပွဲမှတဆင့် တက်လာသည့် ရုပ်ပြအရပ်သား အစိုးရတစ်ရပ်ကို ဖွဲ့စည်းနိုင်ပါက နိုင်ငံတကာ တရားဝင်မှုနှင့် အကူအညီ ထောက်ပံ့မှုများ ရရှိလာပါက တော်လှန်ရေးအတွက် ကြီးမားသည့် ရိုက်ခတ်မှုများ ရှိလာနိုင်ကြောင်း စစ်အာဏာရှင်ကို တော်လှန်နေသည့် လူငယ်များက ပြောဆိုလိုက်သည်။

သျှမ်းပြည်လွှတ်တော် ဥက္ကဋ္ဌအဖြစ် USDP ပါတီမှ စိုင်းလုံကျော် ဖြစ်လာ

0
သျှမ်းပြည်လွှတ်တော် ဥက္ကဋ္ဌအဖြစ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဖယ်ခုံမြို့နယ်တွင် အချိုးကျကိုယ်စားပြုစနစ်ဖြင့် ရွေးကောက်ခံခဲ့ရသည့် စိုင်းလုံကျော်ကို တင်မြှောက်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၂၀ ရက်) နံနက် ၁၀ နာရီတွင် တောင်ကြီးမြို့ရှိ သျှမ်းပြည်နယ် လွှတ်တော်ရုံး အစည်းအဝေးခန်းမတွင် တတိယအကြိမ် သျှမ်းပြည်နယ်လွှတ်တော်ကို စတင်ခေါ်ယူ ကျင်းပခဲ့သည်။ အဆိုပါ...
After Election_China

တရုတ်အလိုကျ အစိုးရသစ်ဆီသို့ စစ်အာဏာရှင်အရွေ့က လူထုအတွက် ဗလာနတ္ထိ

0
အာဏာသိမ်းစစ်တပ် ဉီးစီးကျင်းပပြီးသည့် ရွေးကောက်ပွဲရလဒ်များကို အခြေခံ၍ လာမည့်လပိုင်းအတွင်း စစ်ကောင်စီ အသွင်ပြောင်း "အစိုးရသစ်" တစ်ရပ်ကို ဖွဲ့စည်းရန် ပြင်ဆင်နေသည်။ သို့သော်လည်း ဖြစ်စဉ်တစ်ခုလုံးမှာ တရုတ်နိုင်ငံ အလိုကျ ဖန်တီးထားသည့် စစ်အာဏာရှင် သက်တမ်းတိုး အရွေ့တစ်ခုသာဖြစ်ပြီး ပြည်သူလူထုအတွက်မူ အနှစ်သာရ ကင်းမဲ့သော "ဗလာနတ္ထိ" အချိုးအကွေ့တစ်ခုသာ ဖြစ်နေသည်ကို...

ကလောမြို့နယ် စစ်တပ် ကြိုတင်မဲကြောင့် ရှုံးနိမ့်ဟု ဓနုပါတီ ဥက္ကဌဆို

0
သျှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ စစ်ကောင်စီ ရွေးကောက်ပွဲတွင် စစ်တပ် ကြိုတင်မဲကြောင့် ရှုံးနိမ့်ခဲ့ရသည်ဟု ဓနုတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ (DNDP) ဥက္ကဌ ဦးမင်းလွင်ဦး က ၎င်း၏ လူမှုကွန်ရက် စာမျက်နှာတွင် ယနေ့ (ဇန်နဝါရီလ ၁၂) ရက်တွင် ရေးသားထားသည်။ ယမန်နေ့ (ဇန်နဝါရီလ ၁၁ ရက်)...

မိုင်းပျဉ်း ကြိုတင်မဲကောက်ယူရာတွင် USDP မှလွဲ၍ အခြားပါတီများကို အကြောင်းမကြား ဟုဆို

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်တွင် ရွေးကောက်ပွဲ အပိုင်း (၂) အတွက် ကြိုတင်မဲကောက်ယူရာတွင် လွှတ်တော်ကိုယ်စားလှယ်များ လိုက်ပါခွင့်ပြုမည်ဟု ရွေးကော်ပွဲကော်မရှင်က ပြောသော်လည်း မြေပြင်တွင် ကြံ့ခိုင်ရေး ဖွံ့ဖြိုးရေး (USDP)ပါတီမှလွဲ၍ အခြားပါတီများကိုအကြောင်းကြားခြင်းမရှိခဲ့ ကြောင်း စုံစမ်းသိရသည်။ လာမည့် ဇန်နဝါရီလ ၁၁ ရက်တွင် သျှမ်းပြည်အရှေ့ပိုင်း မိုင်းခတ်၊ မိုင်းပျဉ်း၊...