Wednesday, January 28, 2026

မိုင်းယောင်းမြို့နယ် တွင် NLD အပြတ်အသတ် အနိုင်ရ

သျှမ်းပြည်အရှေ့ပိုင်း မိုင်းယောင်းမြို့နယ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ( NLD) မှ အပြတ်အသတ် အနိုင်ရရှိသွားကြောင်း စုံစမ်းသိရှိရသည်။

မိုင်းယောင်းမြို့နယ်အမျိုးသားလွှတ်တော်နေရာတွင် NLD ပါတီမှ စိုင်းလုံစံခတ် ၊ ပြည်သူ့လွှတ်တော်နေရာတွင် NLD ပါတီမှ စိုင်းထွန်းအောင် ၊ မိုင်းယောင်းမြို့နယ် မဲဆန္ဒနယ် အမှတ်(၁) မှ အိုက်ခမ်းလိုင် နှင့် မဲဆန္ဒနယ် အမှတ်(၂) စိုင်းရှဲန်တစ်လုံ တို့ အနိုင်ရရှိသွားကြောင်း သိရသည်။

မိုင်းယောင်းမြို့နယ်တွင် သျှမ်းတိုင်းရင်းသားများ၊ အာခါတိုင်းရင်းသား နှင့် ဗမာတိုင်းရင်းသားတို့ အများဆုံး နေထိုင်ကြသည်။

၂၀၂၀ ရွေးကောက်ပွဲတွင် ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ ( USDP) ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ( SNLD) ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ ( SNDP) ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ( NLD) စသည် ပါတီကြီးတို့ ဝင်ရောက်ယှဉ်ပြိုင်ပြီး ဒေသခံ ပါတီများလည်း အများအပြားဝင်ရောက် ယှဉ်ပြိုင်ကြသည်။

ထို့ကြောင့် မိုင်းယောင်းမြို့နယ် မဲဆန္ဒနယ် အားလုံးကို NLD မှ အနိုင်ရရှိသွားသော်လည်း လက်ရှိ ချိန်ထိ ပြည်ထောင်စု ရွေးကောင်ပွဲ ကော်မရှင် (UEC) မှ တရားဝင် မကြေညာသေးပေ။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုင်းယောင်းတွင် မဲသွားမထည့်လျှင် ငွေကောက်၊ အိမ်ထောင်စုပယ်၊ ခရီးသွားခွင့်မပြုဟု စစ်ကော်မရှင် ခြိမ်းခြောက်

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းယောင်းမြို့နယ်တွင် ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် ရွေးကောက်ပွဲ အပိုင်း (၂) ကျင်းပရာ မဲရုံတွင် မဲသွားမထည့်လျှင် ငွေကောက်ခံခြင်း၊ အိမ်ထောင်စုစာရင်းထဲ ပယ်ထုတ်ခြင်း၊ ခရီးသွားလာ ခွင့်မပြုခြင်းတို့ ပြုလုပ်သွားမည်ဟု စစ်ကော်မရှင်လက်အောက်ခံ အုပ်ချုပ်ရေးမှူးများက ခြိမ်းခြောက်ထားကြောင်း ဒေသခံများက ပြောသည်။ မဲရုံတွင်...

မိုင်းယောင်းတွင် ရွေးကောက်ပွဲအတွက် မဲထည့်ပေးကြရန် စစ်တပ်ခြိမ်းခြောက်ထားဟု ဒေသခံများပြော

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းယောင်းမြို့နယ်တွင် စစ်ကော်မရှင် ပြုလုပ်မည့် ရွေးကောက်ပွဲ အပိုင်း (၂) အတွက် မဲထည့်ပေးကြရန် စစ်တပ်က ခြိမ်းခြောက်ထားကြောင်း ဒေသခံများကပြောသည်။ လာမည့် ဇန်နဝါရီလ ၁၁ ရက်နေ့တွင် သျှမ်းပြည်အရှေ့ပိုင်း မိုင်းခတ်၊ မိုင်းပျဉ်း၊ မိုင်းဖြတ်၊ မိုင်းတုံ၊ မိုင်းယောင်း၊ မိုင်းယန်း အပါအဝင် သျှမ်းပြည်...

မိုင်းလားတပ် NDAA ထိန်းချုပ် မိုင်းယောင်းမြို့နယ်ထဲ မြေရှားသတ္တုတွင်း (၁၉) ခုတိုးလာ

0
သျှမ်းပြည်အရှေ့ပိုင်း အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် ခေါ် မိုင်းလားတပ်ဖွဲ့ (NDAA) ထိန်းချုပ်ထားသော မိုင်းယောင်းမြို့နယ်အတွင်း မြေရှားသတ္တု တူးဖော်မှုသည် စစ်အာဏာသိမ်းကာလ လေးနှစ်အတွင်း နေရာ(၁၉)ခုထက်မနည်း တိုးလာကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF)က ယနေ့ (သြဂုတ် ၂၅ ရက်)တွင် ထုတ်ပြန်လိုက်သည်။ အဆိုပါ မိုင်းလားတပ်ဖွဲ့ NDAA ထိန်းချုပ်ထားသော...

မိုင်းတုံမြို့ရှိ NLD ပါတီရုံးကို စစ်ကောင်စီ မြို့နယ်ထွေအုပ်ရုံး လာရောက်ချိတ်ပိတ်

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့ ထုံးဘိုရပ်ကွက်ရှိ NLD ပါတီရုံးကို စစ်ကောင်စီလက်အောက်ခံ မြို့နယ် ထွေအုပ်ရုံးက လာရောက်ချိတ်ပိတ်သွား သည်ဟု စုံစမ်းသိရသည်။ ယမန်နေ့ (ဒီဇင်ဘာလ ၁၁ ရက်) နံနက်ပိုင်းအချိန်တွင် မိုင်းတုံမြို့ ထုံးဘိုရပ်ကွက်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD ပါတီ) ရုံးကို စစ်ကောင်စီ၏ အမိန့်ကြောင့် မြို့နယ်ထွေအုပ်ရုံးက...

မိုင်းယောင်း ရွှေတူးဖော်ခွင့် သက်တမ်းကုန်သော်လည်း ခရိုင်အုပ်ချုပ်ရေးမှူးမှ ဆက်လက်တူးဖော်ခွင့်ပြုထား

0
သျှမ်းပြည်အရှေ့ပိုင်း၊ မိုင်းယောင်းမြို့နယ်တွင် မိုင်းယောင်းခရိုင် အုပ်ချုပ်ရေးမှူးမှ ရွှေတူးဖော်ရေးကုမ္ပဏီတစ်ခုအား တူးဖော်ခွင့် သက်တမ်းကုန်ဆုံးသွားသော်လည်း ဆက်လက်တူးဖော်ခွင့်ပြုနေကြောင်း စုံစမ်းသိရှိရသည်။ မိုင်းယောင်းမြို့နယ်၊ မိုင်းယုမြို့အနီး ဝမ်တတ်စန့်ရွာနားတွင် ရွှေနဂါးရွှေတူးဖော်ရေးကုမ္ပဏီ အား ရွှေတူးဖော်ခွင့် သက်တမ်း ၅ နှစ်ပြည့်သွားသော်လည်း ဆက်လက်တူးဖော်ခွင့်ပြုနေကြောင်း ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။ “အုပ်ချုပ်ရေးမှူးနဲ့ စစ်တပ်ပေါင်းပြီး ခွင့်ပြုပေးထားတယ်၊ ဆီဘောက်ဆာကားနဲ့...