သျှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့နယ်ရှိ မန့်ပန်ဌာနေပြည်သူ့စစ်ခေါင်းဆောင် ဗိုလ်မွန်း(ခ) စိုင်းမွန်း သည် ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ (USDP) မဲဆန္ဒနယ် အမှတ် (၁) တွင် အနိုင်ရရှိသွားကြောင်း စုံစမ်းသိရှိရသည်။
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီ မှ ၃ နေရာ အနိုင်ရရှိသွားကြောင်း သိရသည်။
အဆိုပါ နေရာများသည် အမျိုးသား လွှတ်တော် နေရာ နန်းမွန်းစိန် ၊ ပြည်သူ့လွှတ်တော် စိုင်းဖိုးဟန် နှင့် ပြည်နယ် လွှတ်တော် မဲဆန္ဒနယ် အမှတ်(၂) စိုင်းခမ်းမြတ် တို့ အနိုင်ရရှိသွားကြောင်း သိရသည်။