သျှမ်းပြည် တောင်ပိုင်း ပင်လောင်းမြို့နယ် မဲဆန္ဒနယ် အားလုံး တွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် ပါတီ(PNO) မှ အပြတ်သတ် အနိုင်ရရှိသွားကြောင်း စုံစမ်းသိရသည်။

ပင်လောင်းမြို့နယ် အမျိုသားလွှတ်တော် နေရာတွင် PNO ပါတီ မှ ခွန်အောင်ကျော်၊ ပြည်သူ့လွှတ်တော်နေရာတွင် PNO ပါတီမှ ခွန်လှဆန်း၊ ပင်လောင်းမြို့နယ် ပြည်နယ် မဲဆန္ဒနယ် အမှတ်(၁)နေရာတွင် PNO မှ ဒေါက်တာ ခွန်စိုးမိုးကျော် နှင့် ပြည်နယ်မဲဆန္ဒနယ် အမှတ်(၂) နေရာတွင်လည်း PNO မှ ခွန်ဖိုးစိန် တို့ အနိုင်ရရှိထားကြောင်းသိရသည်။

ထို့ကြောင့် ပင်လောင်းမြို့နယ် မဲဆန္ဒနယ် အားလုံးကို PNO မှ အနိုင်ရရှိသွားသော်လည်း လက်ရှိ အချိန်ထိ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် (UEC)မှ တရားဝင်မကြေညာသေးပေ။











Leave a Comments