မဲဆွယ်ခွင့်မရသည့် မိုင်းဆတ် “UWSA” နယ်မြေ ရွေးကောက်ပွဲ ဖျက်သိမ်းပေးရန် ပါတီ ၄ ခု တောင်းဆို

သျှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်ရှိ UWSA ထိန်းချုပ်လှုပ်ရှားသည့် နယ်မြေအတွင်း ရွေးကောက်ပွဲ ဖြစ်နိုင်ခြေမရှိနိုင်သဖြင့် အချိန်မှီ ပိတ်သိမ်းသင့်ကြောင်း နိုင်ငံရေး ပါတီ (၄) ပါတီ မှ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် (UEC) ထံ လက်မှတ်ရေးထိုး တောင်းဆိုခဲ့သည်။

လက်ရှိ အချိန်ထိ “ဝ”ထိန်းချုပ်နယ်မြေအတွင်းသို့ မဲဆွယ်စည်းရုံးခွင့်မရရှိကြကြောင်း၊ အဆိုပါနယ်မြေသို့ ဝင်ပြီး မဲဆွယ်ရန် တောင်းဆိုစီစဉ်လာခဲ့သော်လည်း အကြောင်းအမျိုးမျိုးပြကာ ဝင်ရောက်ခွင့်မပေးကြောင်းလည်း ထိုနယ်မြေအတွင်း ဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီများက ပြောဆိုလိုက်သည်။

လက်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို လက်မှတ်ရေးထိုး စာတင်ထားသည့် ပါတီများမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD)၊ ရှမ်းတိုင်ရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD)၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ(SNDP)နှင့် လားဟူ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ (LNDP)တို့ ဖြစ်ကြောင်းသိရသည်။

မိုင်းဆတ်မြို့နယ် “ ဝ” ထိန်းချုပ်သည့် နယ်မြေအတွင်းရှိ ကျေးရွာ အုပ်စု (၄) ခု တွင် ကျေးရွာပေါင်း (၂၁) ရွာရှိပြီး မဲဆန္ဒရှင် စုစုပေါင်း (၂၂၇၄၃) ဦးခန့် နှင့် မဲရုံပေါင်း (၁၂) ရုံ ရှိကြောင်းသိရသည်။

ထို့ ကျေးရွာအုပ်စုများ တွင် အဝင်အထွက် ဂိတ်များထားရှိပြီး စစ်ဆေးမှုများရှိပြီး၊ ယာဉ်အမျိုးအစား လူဦးရေ၊ ဝင်ထွက်မည့် နေ့ရက် အချိန်ဇယား များရေးဆွဲပြီး စာဖြင့် အဆင့်ဆင့် တင်ပြနေရကြောင်း၊ ထိုသို့တင်ပြပြီး ကော်မရှင် ခွင့်ပြုချက်ဖြင့် စည်းရုံးဟောပြောရန်သွားသော်လည်း ဂိတ်ဖြတ်သန်းရန်အတွက် အခက်အခဲများ ရင်ဆိုင်နေရကြောင်း ထိုအတွက် အဆိုပါကျေးရွာများ၏ မဲရုံကို အချိန်မှီပိတ်သိမ်းရန် တောင်းဆိုရခြင်းဖြစ်ကြောင်း သိရသည်။

“ကိုဗစ် ကာလ နဲ့ ကိုဗစ်ငြိမ်သွားပေမယ့် ခုချိန်ထိ သူတို့ ထိန်းချုပ်နယ်မြေထဲ ဝင်မယ်ဆိုရင် ကော်မရှင် လက်မှတ်တွေ ပါရင်လည်း သူတို့ ဗမာစာတွေ မသိဘူးပြောတယ်။ ဂိတ်ပေါက်ဝမှာ ၁ နာရီ ၂ နာရီလောက် စောင့်ရတာတွေလည်းရှိတယ်။ ဒီနေ့ ကော်မရှင်တွေ ပြောလာတာကတော့ တကယ်သွားမယ်ဆိုရင် အချိန် ၂ ရက် (၅ -၆) ရက်နေ့ သွားမယ်ဆိုရင် သူတို့ဘက်က အပြည့်အဝ ကူညီပေးမယ်လို့ပြေတယ်။ ကျနော်တို့ အဖွဲ့တော့ မသွားတော့ဘူး” SNLD ကိုယ်စားပြု မိုင်းဆတ်မြို့နယ် ပြည်နယ် မဲဆန္ဒနယ် အမှတ်(၂) တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ဦးအိုက်စိုင်း (ခ) စိုင်းဝဏ္ဏ က ပြောသည်။

“ဝ” ထိန်းချုပ်ရာနယ်မြေအတွင်း မဲဆွယ်စည်းရုံးရန်အတွက် ကော်မရှင်ခွင့်ပြုမိန့်ကို ဗမာစာ နှင့် ရေသားထားခြင်းကို လက်မခံကြောင်း ၊ သက်ဆိုင်ရာ “ ဝ” အကြီးအကဲ တရုတ်စာ ရေးထားသည့် ခွင့်ပြုမိန့်ရှိမှ သွားခွင့်ပြုကြောင်း လားဟူအမျိုးသားပါတီ ( LNDP) ကိုယ်စားပြုပြီး မိုင်းဆတ်မြို့နယ် ပြည်သူ့လွှတ်တော် နေရာ ဝင်ရောက်ယှဉ်ပြိုင်မည့် ဒေါ်အေးသီတာမြင့် က သျှမ်းသံတော်ဆင့် ကိုပြောသည်။

“နိုင်ငံရေးပါတီတွေ စည်းရုံးရေးသွားဖို့အတွက် ဝင်ခွင့်မပြုလို့ပါ။ ရွေးကောက်ပွဲ ကော်မရှင်က ခွင့်ပြုထားပေမယ့်လည်း သူတို့ဝင်ဖို့အတွက် ခွင့်မပြုတဲ့အတွက်ပါ။ ကျမတို့သွားကတည်းက ခွင့်ပြုစာဆိုရင် ဗမာစာ ဆိုရင် ခွင့်မပြုဘူး။ သူတို့ “ဝ” အကြီးအကဲတွေဆီက သက်ဆိုင်ရာက တရုတ်စာရေးထားတဲ့ ခွင့်ပြုမိန့်ရှိမှ သွားခွင့်ပြုမယ်ပေါ့။” ဟု ဒေါ်အေးသီတာမြင့် ကပြောသည်။

ရွေးကောက်ပွဲ ကော်မရှင်မှ နိုဝင်ဘာ ၅ ရက်နေ့ နှင့် ၆ ရက်နေ့မှာ မဲဆွယ်စည်းရုံးခွင့် ရအောင် စီစဉ်ပေးမည်ဟု အကြောင်းကြားလာပေမယ့် ကျန်းမာရေး စစ်ဆေးမှုတွေ အဆင့်ဆင့် စာတင်ရမည်ဖြစ်သည့်အတွက် အချိန်မရှိတော့ကြောင်း ဒေါ်အေးသီတာမြင့် ကပြောသည်။

“ကော်မရှင်က လုပ်ပေးမယ်ဆိုပေမယ့် ခုအနေအထားမျိုးက ၂ ရက်ပဲ ကျန်တော့တယ်။ ဟိုဘက်ကတော့ ကျန်းမာရေး စစ်ဆေးမှုတွေ လုပ်နေမှာပဲပေါ့ ကျမထင်တာ အဆင်မပြေနိုင်ဘူး။” ဒေါ်အေးသီတာမြင့် ကပြောသည်။

လက်ရှိအခြေအနေအရ ထိုနယ်မြေအတွင်းနေထိုင်သူများသည် ကြိုတင်မဲများထည့်ပြီးသွားပြီဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံရေးပါတီအနေဖြင့် တကြိမ်တခါမှ စည်းရုံးရေးဆင်းခွင့်မရှိဘဲ ရွေးကောက်ပွဲ ပြုလုပ်ရသည့်အပေါ် တရားမျှတမှုမရှိကြောင်းလည်း ထိုပါတီများက ပြောဆိုလိုက်သည်။

“လွတ်လွတ်လပ်လပ်နဲ့ သွားပြီး စည်းရုံးခွင့် မရှိဘူးဆိုတော့ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်လာနိုင်စရာ အကြောင်းမရှိတော့ဘူး။ ကြားရတဲ့ သတင်းတွေကလည်း မကောင်းဘူး။ ဒါက တကယ် ဖျက်သိမ်းဖို့ လိုအပ်တဲ့ နေရာဖြစ်တဲ့အတွက် စုပေါင်းပြီး ကျမတို့ တင်ထားခြင်းဖြစ်တဲ့အတွက် ဒါက လုံးဝဖျက်သိမ်းသင့်တဲ့နေရာဖြစ်ပါတယ်ဆိုတဲ့ဟာကို ကျမအနေနဲ့ ပြောချင်ပါတယ်။” ဟု ဒေါ်အေးသီတာမြင့် ကပြောသည်။

မိုင်းဆတ်ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးစိုင်းတူး ကို ၎င်း ကိစ္စနှင့်ပတ်သက်ပြီး ဆက်သွယ်မေးမြန်းရာမှာ “ အခု ကျနော်တို့ အစည်းအဝေးတော့ လုပ်နေတယ်လေ။ လောလောဆယ်တော့ မဖြေကြားနိုင်သေးပါဘူး။” ဟု သျှမ်းသံတော်ဆင့် ကို ပြောသည်။

မိုင်းဆတ်မြို့နယ်တွင် အစိုးရတပ်မတော်၊ ဝ လက်နက်ကိုင်တပ်ဖွဲ့၊ လားဟူနယ်ခြားစောင့်တပ် နှင့် RCSS/SSA တပ်ဖွဲ့တို့ လှုပ်ရှားသည့် နေရာဖြစ်သည်။

မိုင်းဆတ်မြို့နယ်အတွင်း ဝင်ရောက်ယှဉ်ပြိင်မည့် ပါတီများမှာ ဝ အမျိုးသားပါတီ၊ ပြည်ထောင်စု ကောင်းကျိုးပါတီ၊ လားဟူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ ရှမ်းတိုင်းရင်းသာများ ဒီမိုကရက်တစ်ပါတီ နှင့် ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး ပါတီတို့ဖြစ်ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

UWSA ထိန်းချုပ် ပန်ဆန်းမြို့အနီး ယမ်းချက်စက်ရုံပေါက်ကွဲမှုဖြစ်၊ ထိခိုက်သေဆုံးသူများပြား

0
သျှမ်းပြည် ‘ဝ’တပ်ဖွဲ့ UWSA ထိန်းချုပ်ရာ ပန်ဆန်း(ပန်ခမ်း) မြို့နယ်ရှိ သတ္တုတူးဖော်ရာတွင် အသုံးပြုသည့် ယမ်းချက်စက်ရုံတစ်ခု၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းကြောင့် သေဆုံးသူ အများအပြား ရှိကြောင်း သတင်းရရှိသည်။ ယမန်နေ့ (ဧပြီ ၇ ရက်) ညနေပိုင်းတွင် ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ထိန်းချုပ်သည့် ပန်ဆန်း (ပန်ခမ်း) မြို့အနီး...

သမ္မတဖြစ်လာသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို UWSA ဂုဏ်ပြုသဝဏ်လွှာပို့

0
စစ်အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်အနေဖြင့် နိုင်ငံတော်သမ္မတအဖြစ် ရွေးကောက် တင်မြှောက်ခံရပြီးနောက် ဂုဏ်ပြုဝမ်းမြောက်ကြောင်း သဝဏ်လွှာကို 'ဝ'ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) မှ ပေးပို့ခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။ ယနေ့ (ဧပြီလ ၃ ရက်) နေပြည်တော်၌ ကျင်းပခဲ့သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် အတုအယောင် ရွေးကောက်ပွဲမှတဆင့် လွှတ်တော်အမတ်...

စစ်ခေါင်းဆောင် မင်းအောင်လှိုင် အကွက်ချစီစဉ်ထားသည့်အတိုင်း သမ္မတဖြစ်လာ

0
စစ်ကော်မရှင်ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော ကိုယ်စားလှယ်များကို ခေါ်ယူကျင်းပနေသည့် ပြည်ထောင်စုလွှတ်တော်တွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ကို သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခဲ့ကြောင်း သတင်းသိရသည်။ ယနေ့ (ဧပြီလ ၃ ရက်) နံနက် ၁၀ နာရီမှ စတင်ပြီး နေပြည်တော်တွင် ကျင်းပခဲ့သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် အတုအယောင်...

သျှမ်းပြည်လွှတ်တော်တွင် ရေးရာကော်မတီ(၄)ခုဖွဲ့၊ သင်္ကြန်မတိုင်မီ အစိုးရအဖွဲ့သစ် ပေါ်မည်ဟုဆို

0
စစ်ကော်မရှင် ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော ကိုယ်စားလှယ်များကို ခေါ်ယူကျင်းပနေသည့် သျှမ်းပြည်နယ်လွှတ်တော်တွင် ဥပဒေပြုရေးဆိုင်ရာကော်မတီ အပါအဝင် ရေးရာကော်မတီ (၄) ခုကို ထပ်မံဖွဲ့စည်းခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (မတ်လ ၂၆ ရက်) နံနက်ပိုင်းတွင် တောင်ကြီးမြို့ ကျင်းပပြုလုပ်ခဲ့သည့် တတိယအကြိမ် သျှမ်းပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး ဒုတိယနေ့၌ ဥပဒေပြုရေးဆိုင်ရာ...

မိုင်းဆတ် UWSA ပိုင် ကျောက်မီးသွေးစက်ရုံသစ်ကြောင့် နမ့်ခုတ်မြစ်ရေ အဆိပ်သင့်၊ ဒေသခံများ ကျန်းမာရေးထိခိုက်နေ

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်တောင်ဘက်ရှိ ဝမ်ဟုန် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံသစ်ကြောင့် နမ့်ခုတ်မြစ်ရေ ညစ်ညမ်းမှု ပိုမိုဆိုးရွားလာပြီး ဒေသခံများ၏ ကျန်းမာရေးနှင့် စိုက်ပျိုးရေး လုပ်ငန်းများအပေါ် ခြိမ်းခြောက်ခံနေရကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF) က ယမန်နေ့ (မတ်လ ၂၂ ရက်) တွင် ထုတ်ပြန်လိုက်သည်။ အဆိုပါ လျှပ်စစ်ဓာတ်အားပေးစက်ရုံသည်...