Wednesday, January 28, 2026

မိုင်းဆတ် “ဝ” တပ်ဖွဲ့ထိန်းချုပ်နယ်မြေ မဲဆွယ်စည်းရုံးရေး ခက်ခဲ နိုင်ငံရေးပါတီများပြော

သျှမ်းပြည် အရှေ့ပိုင်း မိုင်းဆတ်မြို့နယ် အတွင်းရှိ “ဝ” တပ်ဖွဲ့များထိန်းချုပ်လှုပ်ရှားသည့်နယ်မြေ အတွင်း နိုင်ငံရေးပါတီများ မဲဆွယ်စည်းရုံးရေး သွားလာရန် ခက်ခဲနေကြောင်း စုံစမ်းသိရသည်။

မိုင်းဆတ်မြို့နယ် အတွင်းရှိ “ ဝ” တပ်ဖွဲ့ ထိန်းချုပ်နယ်မြေများမှာ ဝမ်ဟုံ၊ ဆီဟုတ်၊ မိုင်းယွန်း၊ တာကူး စသည့် နေရာများဖြစ်ပြီး၊ ထိုနေရာများအတွင်းသို့ ကိုယ်စားလှယ်လောင်းများ မဲဆွယ်စည်းရုံးရန် ခက်ခဲနေကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်( SNLD) ကိုယ်စားပြု မိုင်းဆတ်မြို့နယ် ပြည်နယ် မဲဆန္ဒနယ် အမှတ်(၁) တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် စိုင်းကျော်အောင် က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ မိုင်းဆတ်မြို့နယ်မှာရှိတဲ့ ဝ နယ်မြေမှာ မဲဆွယ်ဆင်းဖို့ခက်ခဲတယ်။ ဝ နယ်မြေဝင်ဖို့က မြို့နယ် အုပ်ချုပ်ရေးမှူးကို စာတင်ရမယ်။ ဝတပ်ဖွဲ့ဘက် အကြောင်းကြားမှ သွားရမယ်။ အဲ့နယ်ထဲသွားရင်လည်း ဂိတ်တွေ ဖြတ်ရတာ အချိန်အရမ်းကြာတယ်။ ခက်ခဲတယ်” ဟု စိုင်းကျော်အောင် က ပြောသည်။

လက်ရှိ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်သည့် ကာလဖြစ်သည့်အတွက် “ဝ”တပ်ဖွဲ့ ထိန်းချုပ်သည့်နယ်မြေကို ဝင်၊ထွက်သွားလာ ကာ မဲဆွယ်စည်းရုံးရန် ကြားသဖြင့် ထိုဒေသအတွင်းရှိ ပြည်သူများနှင့်ထိတွေ့ရန် ခက်ခဲကြောင်း လည်း စိုင်းကျော်အောင်က ဆိုသည်။

ထို “ ဝ” တပ်ဖွဲ့ထိန်းချုပ်သည့် နယ်မြေ အတွင်း တိုင်းရင်းသားပါတီများ လွတ်လပ်စွာ သွားလာ မဲဆွယ်ခွင့်မရသဖြင့် တိုင်းရင်းသားပါတီများအတွက် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ လုံးဝ မဟုတ်ကြောင်းလည်း လားဟူ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေး ပါတီ (LNDP) ကိုယ်စားပြုပြီး မိုင်းဆတ်မြို့နယ် ပြည်သူ့လွှတ်တော် နေရာဝင်ရောက် ယှဉ်ပြိုင်မည့် ဒေါ်အေးသီတာမြင့် က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“မိုင်းဆတ်နယ်ထဲ က “ ဝ” နယ်ထဲမှာ သွားလို့မရဘူး။ တိုင်းရင်းသားပါတီတွေလည်း သွားလို့မရဘူး။ ကျမတို့လည်း သွားလို့မရဘူး။ ၂ရက်ကြိုတင်ပြီးမှ သွားရမယ်ပြောတယ်။ နောက် “ ဝ” အကြီးအကဲတွေက ပိတ်ထားတယ်ပြောတယ်” ဟု ဒေါ်အေးသီတာမြင့် က ဆိုသည်။

လွန်ခဲ့သည့် စက်တင်ဘာ လဆန်းပိုင်းတွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် UWSA (ဝ)တပ်ဖွဲ့ နှင့် တြိဂံဒေသ တိုင်းစစ်ဌာနချုပ်တွင် တွေ့ဆုံခဲ့ပြီး ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး ဆိုင်ရာ အထောက်အကူပြု ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။

ထိုမြေပြင် သတင်းအရ “ဝ”နယ်မြေ အတွင်းရှိ မဲဆန္ဒရှင်များကို တိုင်းရင်းသားပါတီများအား မဲပေးရန် ဟန့်တားခြင်း၊ ခြိမ်းခြောက်ခြင်းတို့ ပြုလုပ်ကြောင်းသိရသည်။

သျှမ်းပြည် အရှေ့ပိုင်းတွင် နေထိုင်သည့် ဌာနေ တိုင်းရင်းသားအများစုသည် တိုင်းရင်းသားပါတီများကို ယခင်ကထက် ပိုပြီး အားပေးလာကြသော်လည်း တိုင်းရင်းသားပါတီများမှာ ယနေ့ချိန်ထိ ခြိမ်းခြောက်မှုများရှိနေသေးကြောင်းလည်း ထိုဒေသ တို့ ဝင်ရောက်ယှဉ်ပြိုင်သည့် ပါတီ ကိုယ်စားလှယ်လောင်းများက ပြောဆိုလိုက်သည်။

“ ဒီနယ်မြေက အရင် ၂၀၁၀၊ ၂၀၁၅ ထက် ပိုဆိုးနေတယ်လို့ ပြောရမယ်။ ၂၀၂၀ မှာလည်း ကိုဗစ်-၁၉ ရောဂါက တမျိုး၊ လက်နက်ကိုင်ခြိမ်းခြောက်မှုကတမျိုး ရှိနေတယ်” ဟု ဒေါ်အေးသီတာမြင့် ကပြောသည်။

မိုင်းဆတ်မြို့နယ်တွင် အစိုးရတပ်မတော်၊ ၀ လက်နက်ကိုင်တပ်ဖွဲ့၊ လားဟူနယ်ခြားစောင့်တပ်နှင့် RCSS/SSA အနည်းငယ်လှုပ်ရှားပါသည်။

မိုင်းဆတ်မြို့နယ် အတွင်း ဝင်ရောက်ယှဉ်ပြိုင်မည့်ပါတီများမှာ “ ဝ” အမျိုးသားပါတီ၊ ပြည်ထောင်စု ကောင်းကျိုးဆောင် ပါတီ၊ လားဟူ အမျိုးသားဖွံွံ့ဖြိုးတိုးတက်ရေးပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီနှင့် ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ တို့ဖြစ်ကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သတိပြုရမည့် မူးယစ်မှောင်ခိုလမ်းကြောင်း (သို့မဟုတ်) တားမြစ်နေရာများ အမဲလိုက်ခြင်း

0
ပွင့်လင်းရာသီ ရောက်လာပြီ ဖြစ်သည့်အတွက် ထိုင်း-မြန်မာနယ်စပ် သျှမ်းပြည်အရှေ့ပိုင်း မုဆိုးများသည် တောကျို တောင်ကြားထဲ အမဲလိုက်ရန် ပြင်ဆင်နေကြပြီ ဖြစ်သည်။ ယခုရာသီသည် တောတောင်ထဲတွင် တောဝက်များ၊ တောကြက်များ အစာရှာထွက်သည့်အတွက် အများစုက အမဲလိုက်ရန် သွားကြကြောင်း မိုင်းတုံမြို့နယ် ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “အဓိက တောဝက်၊ တောကြက်ရဖို့...

သျှမ်းအရှေ့ ကျိုင်းတုံ၊ တာချီလိတ်နှင့် မိုင်းဆတ်တွင် လက်နက်ကိုင်လုံခြုံရေးကြား စိုးရိမ်စိတ်ဖြင့် မဲပေးရ

0
သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံ၊ တာချီလိတ်နှင့် မိုင်းဆတ်မြို့နယ်ရှိ မဲရုံများတွင် လက်နက်ကိုင်လုံခြုံရေးကြား စိုးရိမ်စိတ်ဖြင့် ပြည်သူများ မဲပေးခဲ့ရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဒီဇင်ဘာလ ၂၈ ရက်)တွင် စတင်ကျင်းပနေသည့် စစ်ကော်မရှင် ရွေးကောက်ပွဲ ပထမပိုင်းတွင် သျှမ်းပြည်အရှေ့ပိုင်းမှ ကျိုင်းတုံ၊ တာချီလိတ်နှင့် မိုင်းဆတ် (၃) မြို့နယ်တွင် ပြုလုပ်နေသည်။ မိုင်းဆတ်မြို့နယ်အတွင်း...

မိုင်းဆတ်-မိုင်းတုံသို့ သယ်ဆောင်လာသည့် စိတ်ကြွရူးသွပ်ဆေးပြား ၂ သန်းဖမ်းမိ

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ် ဝမ်တုံကျေးရွာမှ မိုင်းတုံမြို့နယ် မဲကင်းကျေးရွာအနီးသို့ သယ်ဆောင်လာသော စိတ်ကြွရူးသွပ်ဆေးပြား ၂ သန်း (ဒေသတန်ဖိုး ငွေကျပ်သိန်း ၈,၀၀၀)ကို ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင် ၂၀ ရက် မနက် ၈ နာရီခွဲအချိန်တွင် မိုင်းဆတ်မြို့နယ် မယ်ပုလုံကျေးရွာအုပ်စု ဂျူးလုကျေးရွာအနီးတွင် ISUZU...

မိုင်းဆတ်တွင် တောင်ကျချောင်းရေကြောင့် နမ့်ကျန်းတံတား ယာယီပိတ်ထား

0
သျှမ်းပြည်အရှေ့ပိုင်း၊မိုင်းဆတ်မြို့ တွင် တောင်ကျချောင်းရေကြောင့် မိုင်းဆတ်-တာချီလိတ်သွားသည့် နမ့်ကျန်တံတား ယာယီပိတ်ထားကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၅) ရက်ညတွင် မိုင်းဆတ်တွင် မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး တောင်ကျချောင်းရေများကြောင့် နမ့်ကျန်းတံတား ချင်းကပ်လမ်းပျက်စီးသွားခဲ့ပြီး သွားလာမှု ယာယီပိတ်ထားရကြောင်း ဒေသခံများထံမှ သိရသည်။ “မနေ့ညက မိုးတစ်ညလုံးရွာလို့ ဒီမနက်ရေတက်လာတာ။တံတားချင်းကပ် ပြိုသွားလို့ အသွားအလာတော့ ခဏပိတ်ထားတယ်။...

မိုင်းဆတ်မြို့ နမ့်ခုတ်မြစ်ပေါ် ရွှေတူးဖော်မှုကို ထိုင်းဒေသခံများ ကန့်ကွက်ဆန္ဒထုတ်ဖော်

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်ရှိ နမ့်ခုတ်မြစ်အပေါ်ဘက်တွင် ၂၄ နာရီမပြတ် ရွှေတူးဖော်မှုများကို ထိုင်းပြည်သူ (၇၀၀) ခန့် စုစည်းကာ ကန့်ကွက်ဆန္ဒ ထုတ်ဖော်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (မတ်လ ၁၄ ရက်) တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ မြစ်ချောင်းများနေ့ အထိမ်းအမှတ်အဖြစ် ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင်မှ မယ်အိုင်မြို့နယ်...