Wednesday, January 28, 2026

ကိုဗစ်ကာလ ပါတီများမှ လူစုလူဝေးဖြင့် အင်အားပြမဲဆွယ်သည့်အပေါ် တောင်ကြီးဒေသခံများဝေဖန်

ကိုဗစ်ကာလ နိုင်ငံရေးပါတီများမှ လူစုလူဝေးဖြင့် အင်အားပြမဲဆွယ်သည့်အပေါ် တောင်ကြီးဒေသခံများက ဝေဖန်လျက်ရှိသည်။

တောင်ကြီးမြို့ပေါ်တွင် နိုင်ငံရေးပါတီများအင်အားပြမဲဆွယ်ခြင်းကို မကြာခဏပြုလုပ်လျက်ရှိပြီး ယင်းသို့လှည့်လည်မှုကြောင့် ကိုဗစ်ဗိုင်းရပ်ပြန့်ပွားမည်ကို စိုးရိမ်မိကြောင်း တောင်ကြီးမြို့ ကိုဗစ်အထူးအဖွဲ့မှ စေတနာ့ဝန်ထမ်း ဦးဝင်နိုင်စိုးကပြောသည်။

“ပါတီတွေ မဲဆွယ်တဲ့ကာလဖြစ်နေတော့ စည်းရုံးရေးလုပ်တဲ့အခါ စနစ်တကျဖြစ်စေချင်တယ်။ ရွေးကောက်ပွဲ နီးကပ်လာတာနဲ့အမျှ လူစုလူဝေးလိုက် လမ်းပေါ်ထွက်လာကြတယ်။ Mask တွေလဲမတပ်ဘူး။ ပြီးခဲ့တဲ့ရက်ပိုင်းက ပါတီတစ်ခုမဲဆွယ်ပွဲမှာ လိုက်တဲ့သူတစ်ဦးမှာ ပိုးတွေ့တယ်။ ဒါကျွန်တော်တို့ အထူးစိုးရိမ်ရတဲ့အခြေအနေပဲ” ဟု ၎င်းကပြောသည်။

ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသတွင် အောက်တိုဘာ ၂၆ ရက်က ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် PNO ပါတီ၏ အင်းအားပြမဲဆွယ်ရာ၌ပါဝင်ခဲ့သည့် ယာဉ်မောင်းအမျိုးသားတစ်ဦးထံတွင် ကိုဗစ်ဗိုင်းရပ်စ်ပိုး တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

“မဲကလည်း မပေးလို့မရဘူး။ ဒါပေမဲ့ ပါတီမဲဆွယ်ပွဲတွေက လူဦးရေအရမ်းများတယ်။ အဖွဲ့လိုက်ပဲ၊ ရောဂါတွေက အရမ်းတိုးလာတော့ စိတ်ပူတယ်။ ဘယ်သူ့ဆီမှာ ဒီရောဂါရှိနေမလည်းမသိရတော့ PNO ကဖြစ်သွားတဲ့ကိစ္စမှာ စိုးရိမ်စရာတွေရှိလာတယ်” ဟု တောင်ကြီးဒေသခံ မချယ်ရီအောင်ကပြောသည်။

ပါတီများအနေဖြင့် အင်အားပြသနေရုံဖြင့် မဲရနိုင်မည်မဟုတ်ဘဲ ရွေးကောက်ပွဲအောင်နိုင်ရေးသည် လူထု၏ အကဲဖြတ်မှုတွင်မူတည်ပြီး ကျန်းမာရေးနှင့်မညီဘဲ မဲဆွယ်စည်းရုံးမှုကို လက်မခံကြောင်းနှင့် လက်ရှိတွင် ပြည်သူများ၏ နိုင်ငံရေးရေချိန် မြင့်မားလာသည့်အချိန်ဖြစ်သည်ဟု တောင်ကြီးမြို့ ကျောင်းကြီးစုရပ်ဒေသခံ ဒေါ်ပြုံးမေကပြောသည်။

“ပြည်သူတွေအနေနဲ့ အစကတည်းက ဘယ်သူ့ကိုမဲထည့်မယ်ဆိုတာ ရင်ထဲမှာရှိပြီးသား ထွေထွေထူးထူးတွေလုပ်ပြနေလို့ ရောဂါပိုးကူးရုံပဲ ရှိမယ်” ဟု ၎င်းကပြောသည်။

NLD ပါတီအပါအဝင် နိုင်ငံရေးပါတီများသည် တောင်ကြီးမြို့ပေါ်တွင် အင်အားပြလှည့်လည်မှုများ မကြာခဏပြုလုပ်လျက်ရှိပြီး PNO ပါတီက ၎င်းမြို့အတွင်း ဒုတိယအကြိမ်မြောက်အဖြစ် ဝန်းရံသူအများအပြားအသုံးပြု၍ ယာဉ်တန်းပေါင်းထောင်ချီဖြင့် အောက်တိုဘာ ၂၄ ရက်က လှည့်လည်မှုအပေါ် စည်းကမ်းနှင့်မညီကြောင်း ဒေသခံများက ဝေဖန်လျက်ရှိသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

RCSS နယ်မြေအတွင်း မဲဆွယ်ပါက အကြောင်းကြားဖို့ ထုတ်ပြန်

0
သျှမ်းပြည် အတွင်း သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည် တပ်မတော်(RCSS/SSA) နယ်မြေ အတွင်း မဲဆွယ်မည်ဆိုပါက အကြောင်းကြားရန် RCSS/SSA က ကြေငြာချက်တစောင်ထုတ်ပြန်လိုက်သည်။ RCSS/SSA နယ်မြေ ဒေသအတွင်း မဲဆွယ်မည်ဆိုပါက အဆင်ပြေ မှုရှိစေရန် အတွက် သက်ဆိုင်ရာ နိုင်ငံရေး ပါတီများအနေဖြင့် RCSS/SSA ဆက်ဆံရေး...

ကိုဗစ်ကာလအစိုးရ ရက်ထပ်တိုးချိန် မောက်မယ်မြို့ ပြည်သူ့လွှတ်တော်အမတ် ဂေါက်သီးရိုက်ပြိုင်ပွဲကျင်းပ

0
ကိုဗစ်-၁၉ ကပ်ရောဂါ ကာလ  လူစုလူဝေး မပြုလုပ်ရေး  နေပြည်တော်အစိုးရမှ ဇူလိုင်လ ၁၅ ရက်အထိ တိုးမြင့်သတ်မှတ်ထား ချိန် သျှမ်းပြည်တောင်ပိုင်း မောက်မယ်မြို့  တွင်ဂေါက်သီး  ရိုက်ပြိုင်ပွဲ ကျင်းပနေကြောင်း ဒေသအတွင်း သတင်းရပ်ကွက်မှသိရပါသည်။ ၂၀၂၀ ခု ဇွန်လ ၂၇ ညနေပိုင်းက လင်းခေးခရိုင် မောက်မယ်မြို့တွင်...

ကိုဗစ်-၁၉ ကာလ လူ ၅ဦးထက် ပိုမစုဝေးရ

0
COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် လူစုလူဝေး မဖြစ်စေရန် ၅ ဦး ထက် ပိုမစုဝေး ရန် ပြည်ထောင်စု အစိုးရ ထုတ်ပြန်ထားသည်။   အဆိုပါ ထုတ်ပြန်ချက်သည် ဧပြီ ၁၆ ရက် ည ၈နာရီ သတင်းတွင် ကြေညာလိုက်သည်။ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ပိုး...

သျှမ်းတောင် နမ့်စန်တွင် လူစုလူဝေးဖြင့် ည မထွက်ရ အမိန့်ထုတ်ထား

0
သျှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့နယ်တွင် COVID-19 ပြန့်ပွားမှု ထိန်းချုပ်နို်င်ရန်အတွက် လူစုလူဝေး ဖြင့် ညမထွက်ရ အမိန့်ထုတ်ထားကြောင်း မြို့နယ်စီမံခန့်ရေး ကော်မတီမှ စုံစမ်းသိရသည်။ အဆိုပါ ထုတ်ပြန်ချက်သည် ဧပြီ ၁ ရက်နေ့ မှ ဧပြီ ၃၀ ရက်နေ့ထိ ဖြစ်ပြီး ညနေ (၇) နာရီမှ...

ကမ္ဘာ့ကူးစက်မြန်ရောဂါကြောင့် လူစုလူဝေးသင်္ကြန်ပွဲ မကျင်းပရန် သမ္မတရုံးထုတ်ပြန်

0
(ယိင်းယိင်း ရေးသားပေးပို့သည်) ကမ္ဘာ့ကူးစက်မြန်ရောဂါကြောင့် မဏ္ဍပ်ဖြင့် ရိုးရာသင်္ကြန်ပွဲတော်အပါအဝင် ရုပ်ရှင်ရုံ နှင့် လူစည်ကားပွဲများ အားလုံး ၂၀၂၀ ဧပြီလကုန်သည့်အထိ ပိတ် ထားရန် လိုအပ်ပါက ပိတ်ရက်ထပ်တိုးရန် နိုင်ငံတော် သမ္မတရုံးက ယနေ့ ထုတ်ပြန် လိုက် သည်။ ၂၀၂၀ မတ်လ ၁၃ ရက် က...