Wednesday, January 28, 2026

ကိုဗစ်-၁၉ ကာလ လူ ၅ဦးထက် ပိုမစုဝေးရ

COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် လူစုလူဝေး မဖြစ်စေရန် ၅ ဦး ထက် ပိုမစုဝေး ရန် ပြည်ထောင်စု အစိုးရ ထုတ်ပြန်ထားသည်။

 


Photo by ပင်လောင်းဒေသခံတဦး/ ကိုဗစ်-၁၉ ကာလ အတွင်း ကျေးရွာများ လူဝင်ထွက် ခွင့် ပိတ်ထား

အဆိုပါ ထုတ်ပြန်ချက်သည် ဧပြီ ၁၆ ရက် ည ၈နာရီ သတင်းတွင် ကြေညာလိုက်သည်။

မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ပိုး ထိန်းချုပ်နိုင်ရန်အတွက် မလိုအပ်ပဲ အိမ်အပြင်မထွက်စေရန် လူစုလူဝေး မဖြစ်စေရန် ထုတ်ပြန်ထားပေမယ့် ယခု အခါတွင် ၅ ဦးထက် ပို မစုဝေးရကြောင့် ပြန်လည် ထုတ်ပြန်ထားခြင်း ဖြစ်သည်။

ထို ထုတ်ပြန်ချက်တွင် လုပ်ငန်းခွင်သွားခြင်း၊ ပြန်ခြင်း၊ ခွင့်ပြုချက်ရထားသည့်ေ ဈး၊ကုန်တိုက်များ ဈေးဝယ်ခြင်း၊ ကုန်စည်သယ်ယူပို့ဆောင်ရေး ဆောင်ရွက်ခြင်းတို့ လူ ၅ဦးထက် ပိုမစုဝေးရ ဟု ထည့်သွင်းရေးသားထားသည်။

ထို့ပြင် တရားစီရင်ရေး ဆိုင်ရာ ကိစ္စရပ်များ၊ အရေးပေါ် ကယ်ဆယ်ရေး လုပ်ငန်း နှင့် အရေးပေါ် ကိစ္စရပ်များ ဆောင်ရွက်ခြင်း၊ ကျန်းမာရေး နှင့် စပ်လျဉ်း၍ ဆေးရုံ၊ ဆေးခန်း သွားရောက်ခြင်း၊ နာရေး ကိစ္စရပ်များ ဆောင်ရွက်ခြင်းတို့တွင်လည်း လူ ၅ဦးထက် ပိုမစုရ ဟု ဖော်ပြထားသည်။


Photo by ပင်လောင်းဒေသခံတဦး/ ကိုဗစ်-၁၉ ကာလ အတွင်း ကျေးရွာများ လူဝင်ထွက် ခွင့် ပိတ်ထား

ကိုဗစ်-၁၉ နှင့် စပ်လျဉ်းပြီး ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန နှင့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ထုတ်ပြန်ထားသည့် ကို လိုက်နာမှု ပျက်ကွက်ပါက ကူးစက်ရောဂါများ ကာကွယ် နှိမ်နင်း ရေး ဥပဒေ အရ အရေးယူဆောင်ရွက်သွားမည် ဟု သိရသည်။

ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်သည့် အနေဖြင့် လူ ၅ဦး ထက် ပိုမစုရ ထုတ်ပြန်ချက်သည့် ကောင်းမွန်သော်လည်း တိကျသည့် ညွှန်ကြားချက် မရှိကြောင်း သျှမ်းပြည် လူထုများက ပြောဆိုလိုက်သည်။

“ဒီသင်္ကြန်ကျော်ပြီဆိုရင်တော့ ၅ ယောက် နဲ့ မကျော်ရ ခရီးသည်ကား လာရင် ဘယ်လို လုပ်ကြမလဲ။ တိတိကျကျ ညွှန်ကြားချက်မရှိတာ တော်တော်ခက်တယ်” ဟု Fight Covid-19 Taunggyi မမြဝန်းရံ က သျှမ်းသံတော်ဆင့် ကို ပြောသည်။

 


Photo by ပင်လောင်းဒေသခံတဦး/ ကိုဗစ်-၁၉ ကာလ အတွင်း ကျေးရွာများ လူဝင်ထွက် ခွင့် ပိတ်ထား

ယခု ကာလသည် မိမိအသိစိတ်ဖြင့် သီးခြားစီ နေထိုင်နေကြခြင်းဖြစ်ပြီး အစိုးရ ထုတ်ပြန်ချက် ကို သေချာ လိုက်နာရန် အထူးလိုအပ်ကြောင်း လည်း သျှမ်းလူထု ကပြောဆိုလိုက်သည်။

“ ဒီကာလ ကတော့ မိမိ အသိစိတ်နဲ့ အိမ်မှာ နေတာကောင်းတယ်။ တချို့ က အိမ်မှာနေပေမယ့် စုပြီး သောက်စားနေတာတွေ့ရတယ်။ ဒါတွေ က မဖြစ်သင့်ဘူး။ တယောက်ချင်းစီရဲ့ အသိစိတ်ပါပဲ” ဟု မူဆယ်ဒေသခံ စိုင်းအောင် က ပြောသည်။

မြန်မာနိုင်ငံတွင် စက်ရုံတွင် အလုပ်လုပ်သည့်သူများ၊ ရုံးဝန်ထမ်းများ ရှိသော်လည်း ထိုသူများအတွက် တိကျသည့် လမ်းညွှန်မှု ထုတ်ပြန်ထားသည်ကို မရှိကြောင်း သျှမ်းနိုင်ငံရေး သုတေသီ တဦး က ပြောသည်။

“လူစု လူဝေး တားတာ မှန်တယ်။ ဒါမယ့် စက်ရုံ အလုပ်ရုံတွေ ပါတယ် ကုမ္ပဏီ ဆိုတဲ့ဟာ ပါတော့ ဥပမာ စက်ရုံတစ်ရုံဆိုရင် ရန်ကုန်မှာ လူနဲ့ ထောင်ချီများတယ်။ သူတို့ လည်ပတ်ဖို့အတွက် ဘယ်လို guideline ပေးမလဲ” ဟု သျှမ်းနိုင်ငံရေး သုတေသီ တဦး က သျှမ်းသံတော်ဆင့် သို့ပြောသည်။

ရောဂါ ထိန်းချုပ်ဖို့အတွက် လူစုလူဝေး ကိုတားမြစ်တဲ့ သဘောဆောင်ပေမယ့် အမှန်တကယ် အနှစ်သာရ ကြည့်လျှင် ချို့ယွင်းချက် များစွာရှိကြောင်းလည်း ၎င်းက ပြောသည်။

ထိုင်းနိုင်ငံတွင် လူစုလူဝေးဖြင့် ပျော်ပွဲစားခြင်း၊ ဘီယာသောက်ခြင်းများကို ထိုင်းရဲများက လိုက်လံ ဖမ်းဆီးကာ(အာမခံချက်ပေးခွင့်လုံးဝမရှိသည့်) ထောင်ဒဏ် ၄လ ချမှတ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ကိုဗစ် ၁၉ ကူးစက်ခံရသူ ၈၅ဦး ရှိပြီး သေဆုံးသူ ၄ဦးရှိလာသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ထိုင်းနယ်စပ်သွားမည့်ကားများ စစ်ဆေးမှုတင်းကြပ် ခရီးသည်နည်းပါးလာ

0
သျှမ်းပြည် တောင်ပိုင်း မှ ထိုင်းနယ်စပ် တာချီလိတ်သို့ သွားသည့် လမ်းပိုင်းတွင် လက်နက်ကိုင်တပ်ဖွဲ့များ စစ်ဆေးမှု တင်းကြပ်လာပြီး ခရီးသည်များ နည်းပါးလာကြောင်း ကားသမားများထံ စုံစမ်းသိရသည်။ စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်း ဥပဒေ အကောင်အထည်ဖော်မှု၊ တိုင်းရင်းသားလက်နက်ကိုင်များ၏ တပ်သားသစ် စုဆောင်းမှုများကြောင့် ထိုင်းနယ်စပ် တာချီလိတ်မြို့ လမ်းကြောတလျောက်တွင် စစ်ဆေးမှုတင်းကြပ်လာပြီး၊...

မျှော်ပေမယ့် ဖြစ်မလာတဲ့ တာချီလိတ်နယ်စပ်ဂိတ်

0
“နယ်စပ်ဂိတ် ပြန်ဖွင့်တော့မယ်” ဆိုတဲ့ သတင်းတွေဟာ နယ်စပ်ကို အမှီပြုပြီး ရောင်းဝယ်ရေး လုပ်နေကြတဲ့ ပြည်သူတွေအနေနဲ့ မျှော်လင့်စောင့်စားနေကြရတာ ဖြစ်သလို မကြာခဏလည်း ကြားရတတ်တဲ့ သတင်းတွေလည်း ဖြစ်နေပါတယ်။ ဒါပေမယ့် မကြာခဏ သတင်းကြားရတဲ့ အတိုင်း မကြာခဏလည်း မျှော်လင့်ချက်တွေ ရိုက်ချိုးခံရတဲ့ နယ်စပ်သတင်းတွေ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ...

မြန်မာ-တရုတ် မန့်ဝိန်း-ကျယ်ဂေါင်နယ်စပ်ဂိတ် အကန့်အသတ်ဖြင့် ဖွင့်

0
ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် ၃နှစ်နီးပါး ပိတ်ထားသည့် မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ မန့်ဝိန်း-ဂျယ်ဂေါင်ဂိတ်ကို ယနေ့ (ဇန်နဝါရီ ၁၄)ရက် နံနက်ပိုင်းတွင် မြန်မာနိုင်ငံဘက်မှ ပြန်လည်ဖွင့်လှစ်လိုက်ကြောင်း သတင်းရရှိသည်။ မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ မန့်ဝိန်း- ဂျယ်ဂေါင် နယ်စပ်ဂိတ်ကို ယနေ့ (ဇန်နဝါရီ ၁၄)ရက် နံနက် ၇ နာရီတွင်...

ရွှေလီမြစ်ဝှမ်း ကြံစိုက်သူများ အခက်ကြုံနေ

0
ထုန့်မောဝ် (ရွှေလီမြစ်ဝှမ်း) ကြံစိုက်ခင်းပိုင်ရှင်များသည် တရုတ်နိုင်ငံတွင်းသို့ ကြံတင်ပို့ရောင်းချပေးပြီးသော်လည်း လက်ရှိအချိန်ထိ ငွေပြန်မရရှိသေးသည့်အတွက်ကြောင့် အခက်အခဲဖြစ်နေကြောင်း စုံစမ်းသိရှိရသည်။ ဒီဇင်ဘာ ပထမပတ်ကစပြီး သျှမ်းပြည်မြောက်ပိုင်း ရွှေလီမြစ်ဝှမ်းဒေသဖြစ်သည့် မူဆယ်မြို့နယ် နှင့် နမ့်ခမ်းမြို့နယ်တွင်း ကြံစိုက်ခင်းပိုင်ရှင်များက တရုတ်နိုင်ငံတွင်း တင်ပို့ပေးပြီးငွေပြန်မရရှိသေးသည့်အတွက်ကြောင့် ထပ်မံစိုက်ပျိုးရန်အတွက် အခက်ခဲဖြစ်နေကြောင်း သိရသည်။ “ အရမ်းခက်ခဲတယ်။ ကျနော်တို့လည်းစိုက်ပျိုးဖို့ ငွေအင်အား၊...

အင်းလေး စက်လှေသမားများ စားဝတ်နေရေး ခက်ခဲနေဆဲ

0
သျှမ်းပြည်တောင်းပိုင်း ညောင်ရွေမြို့နယ် အင်းလေးဒေသအတွင်းရှိ စက်လှေသမားများသည် ခရီးသွားဧည့်သည်များ မရှိသည့်အတွက် စားဝတ်နေရေး ခက်ခဲနေကြောင်း စုံစမ်းသိရသည်။ အင်းလေးကန်ကိုလာရောက်လည်ပတ်သည့် နိုင်ငံခြားဧည့်သည်များနှင့် ပြည်တွင်းခရီးသွားများကိုသာ အားကိုးနေရသည့် စက်လှေသမားများသည် တနှစ်ထက် တစ်နှစ် စားဝတ်နေရေး ပိုခက်ခဲလာကြသည်ဟု စက်လှေသမားများက ပြောဆိုသည်။ ၂၀၁၉ ခုနစ် မှစတင်ပြီး ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ခရီးသွားလာမှုရပ်တန့်ခဲ့ပြီး၊...