Tuesday, February 10, 2026

RCSS နယ်မြေအတွင်း မဲဆွယ်ပါက အကြောင်းကြားဖို့ ထုတ်ပြန်

သျှမ်းပြည် အတွင်း သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည် တပ်မတော်(RCSS/SSA) နယ်မြေ အတွင်း မဲဆွယ်မည်ဆိုပါက အကြောင်းကြားရန် RCSS/SSA က ကြေငြာချက်တစောင်ထုတ်ပြန်လိုက်သည်။

Photo by Tai Freedom

RCSS/SSA နယ်မြေ ဒေသအတွင်း မဲဆွယ်မည်ဆိုပါက အဆင်ပြေ မှုရှိစေရန် အတွက် သက်ဆိုင်ရာ နိုင်ငံရေး ပါတီများအနေဖြင့် RCSS/SSA ဆက်ဆံရေး ရုံးများဖြစ်စေ၊ ဒေသအတွင်းရှိ နယ်မြေခံအုပ်ချုပ်ရေး ဆိုင်ရာ တာဝန်ရှိ ပုဂ္ဂိုလ်များ ဖြစ်စေ ကြိုတင် အကြောင်းကြားရန် လိုအပ်ကြောင်း RCSS/SSA မှ ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး အုမ်ခေး က သျှမ်းသံတော်ဆင့် အားပြောသည်။

“ ညှိနှိုင်းမှုတွေ နားလည်မှုတွေ မလုပ်ဘူးဆိုရင် စစ်ရေး အခြေအနေက မပြောနိုင်ဘူးလေ။ အခြေအနေ မကောင်းတဲ့နေရာ မျိုးမှာ တခုခုဖြစ်သွားရင် RCSS/SSA အနေနဲ့ မကောင်းမှာ စိုးလို့ပါ” ဟု ဒုဗိုလ်မှူးကြီး အုမ်ခေး က ဆိုသည်။

တရားဝင် နိုင်ငံရေး ပါတီ များ RCSS/SSA အုပ်ချုပ်ရေးနယ်မြေအတွင်း လာရောက် မဲဆွယ်ရာတွင် သျှမ်းပြည်အရေး ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ၏ ကြေညာချက်များ၊ အမိန့်နှင့် ညွှန်ကြားချက်များ၊ကျင့်ဝတ်နှင့် လုပ်ငန်းစဉ်များ ရွေးကောက်ပွဲ ဥပေဒများ၊ COVID-19 ကပ်ရောဂါဆိုင်ရာ ကျန်းမာရေး လမ်းညွှန်ချက်များအညီ လွတ်လပ်စွာ မဲဆွယ်ခြင်းများကို ပြုလုပ်ဆောင်ရွက်နိုင်ကြောင်း ယနေ့ (စက်တင်ဘာ ၁)ရက်စွဲဖြင့် ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

လွန်ခဲ့သည့် သြဂုတ် ၁၅ ရက်က မိုင်းကိုင် အခြေစိုက် RCSS/SSA တပ်ဖွဲ့သည် မိုင်းကိုင်မြို့နယ် အတွင်း တအာင်း (ပလောင်) အမျိုးသားပါတီ (TNP) အားခေါ်ယူပြီး ရွေးကောက်ပွဲ ဝင်မပြိုင်ရန် ခြိမ်းခြောက်မှုများပြုလုပ်ခဲ့ကြောင်း မိုင်းကိုင်(TNP) ပါတီ အလုပ်အမှုဆောင် အဖွဲ့ဝင် မိုင်းအောင်ဆန်း က သျှမ်းသံတောင်ဆင့်ကို ပြောသည်။

“ ကျနော်တို့ကို မိုင်းကိုင်မှာ ဝင်မပြိုင်ဖို့ ပြောတယ်။ ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ပြိုင်ချင်ရင် ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတဲ့နေရာမှာပဲပြိုင်ဖို့ ပြောလာပါတယ်” ဟု မိုင်းအောင်ဆန်း က ပြောသည်။

လွန်ခဲ့သည့် ၂၀၁၀ ၊ ၂၀၁၅ ရွေးကောက်ပွဲကလည်း RCSS/SSA ဌာနချုပ်က ယခုကဲ့သို့ ကြေငြာချက် ထုတ်ပြန်ခဲ့ပြီး၊ အောက်ခြေ တပ်သားများမှာမူ ထုတ်ပြန်ချက်ကို မလိုက်နာပဲ TNP ကို ခြိမ်းခြောက် ဖမ်းဆီးမှု ပြုလုပ်ခဲ့သေးကြောင်း လည်း မိုင်းအောင်ဆန်း က ပြောသည်။

“ RCSS/SSA ဗဟိုက ထုတ်ပြန်ချက် အရဆိုရင်တော့ ကျနော်တို့ ဝမ်းသာတယ်။ကြိုဆိုတယ်။ ဒါပေမယ့် ဗဟိုကထုတ်ပြီးအောက်ခြေ တပ်သားတွေ က မလိုက်နာရင်တော့ မကောင်းဘူးပေါ့” ဟု မိုင်းအောင်ဆန်း က ထပ်လောင်းပြောသည်။

သို့သော် သြဂုတ် ၁၅ ရက်က RCSS/SSA မှ TNP ပါတီကို ခြိမ်းခြောက်မှု ပြုလုပ်ခဲ့သည့် ကိစ္စနှင့် ပတ်သက်ပြီး ဒုဗိုလ်မှူးကြီး အုမ်ခေး က “ ဒါက နားမလည်မှု လွှဲတာပါ။ ကျနော်တို့ ဘက်က ခြိမ်းခြောက်မှုတွေ မရှိပါဘူး” ဟု သျှမ်းသံတော်ဆင့် ကို ပြောဆိုလိုက်သည်။

လာမည့် နိုဝင်ဘာ (၈)ရက်တွင် ကျင်းပမည့် ရွေးကောက်ပွဲ တွင် လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲဖြစ်စေရန် RCSS/SSA အနေဖြင့် လိုအပ်သည့် ဆောင်ရွက်မှုများကို တတ်နိုင်သမျှ ကူညီပံ့ပိုးပေးသွားမည် ဖြစ်ကြောင်း ယနေ့ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အတိတ်က အမှားကို သင်ခန်းစာယူပြီး အနာဂတ် အတွက် ပြင်ဆင်ရန်” RCSS ဥက္ကဌ ပြော

0
ခေတ်သစ်ဗမာ့ခေါင်းဆောင်များ၊ တိုင်းရင်းသားခေါင်းဆောင်များအနေဖြင့် အတိတ်က အမှားတွေကို သင်ခန်းစာယူပြီး အနာဂတ်အတွက် ပြင်ဆင်ဆောင်ရွက်ရန် RCSS ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်စစ်က က အကြံပြုပြောဆိုလိုက်သည်။ အဆိုပါပြောဆိုချက်သည် သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ/ သျှမ်းပြည် တပ်မတော် ( RCSS/SSA) ၏ ဌာနချုပ် လွိုင်တိုင်းလျန်းတွင် ကျင်းပသည့်...

ပြည်ထောင်စု ပြဿနာ နိဂုံးချုပ်သင့်ပြီ။

0
ဆောင်းရောက်လေပြီ။ အေးမြသည့် ဆောင်းရာသီနှင့်အတူ သျှမ်းပြည်မြောက်ပိုင်း၌ သေနတ်သံများ တိတ်ဆိတ်နေပြီ ဖြစ်သည်။ မရေရာမှုများစွာ ဖြစ်ပေါ်နေဆဲ ဆိုပေမယ့် ငြိမ်းချမ်းတော့မည်လော၊ သို့တည်းမဟုတ် နိုင်ငံရေးအရ ပိုမိုရှုပ်ထွေးပြီး ပို၍ ပြင်းထန်သည့် အနာဂတ် တိုက်ပွဲများအတွက် ပြင်ဆင်နေကြပြီလော။ ဒုတိယ ကမ္ဘာစစ် မဖြစ်ပွားမီ စစ်ကြိုကာလက အစပြုခဲ့သည့် ခေတ်သစ်...

နှစ်ဦးနှစ်ဖက်အကြား ယုံကြည်မှုမတည်ဆောက်နိုင်ခြင်းကြောင့် NCA အကောင်အထည် မဖော်နိုင်ခဲ့ဟု RCSS ပြော

0
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ကို ရည်မှန်းထားသည့်အတိုင်း မဆောင်ရွက်နိုင်ခဲ့ခြင်းသည် နှစ်ဦးနှစ်ဖက်အကြား ယုံကြည်မှုမတည်ဆောက်နိုင်ခြင်းကြောင့် RCSS က ပြောဆိုလိုက်သည်။ ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့က ဦးသိန်းစိန် ဦးဆောင်သည့် အရပ်သားတစ်ပိုင်း အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအကြား လက်မှတ်ရေးထိုးခဲ့သည့်...

ညီနောင်မဟာမိတ်ဆန့်ကျင်ကြောင်း စစ်ကော်မရှင်ဆန္ဒပြခိုင်းမှု တိုင်းရင်းသားအချင်းချင်း ပဋိပက္ခဖြစ်အောင် ဖန်တီးနေဟု RCSS ပြော

0
သျှမ်းပြည်တောင်ပိုင်း ဒေသခံများကို စစ်ကော်မရှင်လက်အောက်ခံများက ညီနောင်မဟာမိတ်တပ်များကို ဆန့်ကျင်ကြောင်း ဆန္ဒပြခိုင်းခြင်းသည် တိုင်းရင်းသားအချင်းချင်း ပဋိပက္ခဖြစ်အောင် ဖန်တီးနေခြင်းဖြစ်ကြောင်း RCSS/SSA ဘက်က ပြောဆိုလိုက်သည်။ ယနေ့ (ဩဂုတ်လ ၁၈ ရက်) နံနက်ပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းရှိ မိုးနဲမြို့၊ မိုင်းပန်မြို့နှင့် ကွန်ဟိန်းမြို့တို့မှ ဒေသခံများကို စစ်ကော်မရှင်လက်အောက်ခံများမှ ညီနောင်မဟာမိတ်အဖွဲ့ဝင် TNLA...

နမ့်စန်မြို့နယ် မွေတော်ဘုရားပွဲသို့ RCSS ဥက္ကဋ္ဌနှင့် စစ်ဦးစီးချုပ် တက်ရောက်ခဲ့

0
သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်သည် နမ့်စန်မြို့နယ် ဝမ်နောင်ကျေးရွာအုပ်စုရှိ မွေတော်ဘုရား ဓမ္မာရုံ ရေစက်ချလှူဒါန်းပွဲသို့ တက်ရောက်ခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (မတ်လ ၁၉ ရက်) မွန်းလွဲပိုင်း၌ နမ့်စန်မြို့နယ် ဝမ်နောင်ကျေးရွာအုပ်စု ဟိုတိကျေးရွာရှိ တိလုံမွေတော်ဘုရားတွင် ပြုလုပ်သည့် စေတီရေစက်ချ...