Wednesday, January 28, 2026

ကမ္ဘာ့ကူးစက်မြန်ရောဂါကြောင့် လူစုလူဝေးသင်္ကြန်ပွဲ မကျင်းပရန် သမ္မတရုံးထုတ်ပြန်

(ယိင်းယိင်း ရေးသားပေးပို့သည်)

ကမ္ဘာ့ကူးစက်မြန်ရောဂါကြောင့် မဏ္ဍပ်ဖြင့် ရိုးရာသင်္ကြန်ပွဲတော်အပါအဝင် ရုပ်ရှင်ရုံ နှင့် လူစည်ကားပွဲများ အားလုံး ၂၀၂၀ ဧပြီလကုန်သည့်အထိ ပိတ် ထားရန် လိုအပ်ပါက ပိတ်ရက်ထပ်တိုးရန် နိုင်ငံတော် သမ္မတရုံးက ယနေ့ ထုတ်ပြန် လိုက် သည်။

ပွဲလမ်းသဘင်နှင့်ပတ်သက်ပြီး နိုင်ငံတော် သမ္မတရုံးပြော ခွင့်ရ ဦးဇော်ဌေး ကသတင်းမီဒီယာများအား သတင်းစာရှင်းလင်းနေစဉ်

၂၀၂၀ မတ်လ ၁၃ ရက် က အချက် ၅ ချက်ပါ နိုင်ငံတော် သမ္မတရုံးမှ ပြည်သူသို့ ပန်ကြားချက်တွင် – အသက် ရှူ လမ်းကြောင်းဆိုင်ရာရောဂါ Coronavirus Disease 2019 ( COVID – 19 ) သည် လူစုလူဝေးများပြားရာ နေရာများတွင် လျှင်မြန်စွာ ကူးစက်နိုင်သည့်အတွက် ပြည်သူလူထုအနေဖြင့် မြန်မာ့ရိုးရာသင်္ကြန်ပွဲတော် အတွက် မဏ္ဍပ်ဆောက်လုပ်ကျင်းပခြင်း အပါအဝင်၊ အခမ်းအနား ပွဲလမ်းသဘင်များ အား ဧပြီလ ၃၀ ရက်နေ့ အထိ မပြုလုပ်ကြရန်၊ လိုအပ်ပါက ရပ်ဆိုင်းကာလ ထပ်မံတိုးမြှင့်သတ်မှတ်သွားမည်ဟု ထုတ်ပြန်ထားသည်။

ပြည်ထောင်စုမြန်မာနိုင်ငံ သမ္မတ အိမ်တော် ပုံမှန် သတင်းစာရှင်းလင်းပွဲတွင် နိုင်ငံတော် သမ္မတရုံးပြော ခွင့်ရ ဦးဇော်ဌေး က – “မတ်လ ၁၁ ရက်နေ့ညနေပိုင်းမှာဘဲ WHO ကနေပြီးတော့ ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါ မှတ်တမ်းအဖြစ်ကြေငြာ ခဲ့ပြီးတော့ ကျနော်တို့ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် မတ်လ ၁၂ ရက်နေ့ နေ့လည်ပိုင်း မွန်းလွဲ ၂ နာရီမှာ နိုင်ငံတော်အတိုင်အပင်ခံပုဂ္ဂိုလ် ဦးဆောင်ပြီးတော့ အရေးပေါ်အစည်းအဝေး ကျင်းပခဲ့ပါတယ်။ အထူးသဖြင့် ရောဂါ ကာကွယ်ရေး ၊ထိန်းချုပ်ရေး၊ ကုသရေးအစီအမံတွေ နောက်ရေရှည်ကာလ မှာဖြစ်လာ နိုင်တဲ့ ဆိုးကျိုးတွေ ၊ စီးပွါးရေးအပါအဝင် ထိခိုက်နိုင်တဲ့ ကဏ္ဍတွေကိုကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးပြီးတော့ ကြိုတင်ပြင် ဆင်တဲ့အပိုင်းတွေကို အဓိကထား ဆောင်ရွက်နေတာဖြစ်ပါတယ် ” – ဟု ပြောသည်။


သျှမ်းပြည်နယ်အစိုးရ ညွှန်ကြားစာတွင် – မြန်မာနိုင်ငံ၏ COVID 19 ရောဂါဖြစ်ပွားမှု အခြေအနေမှာ မတ်လ ၁ ရက်နေ့အထိ သံသယလူနာ နှင့် စောင့်ကြည့်လူနာ ရန်ကုန်တွင် ၁၄ ဦး၊ သျှမ်းပြည်တွင် ၁၂ ဦး၊ မန္တလေး တွင် ၈ ဦး အခြား ပြည်နယ်နှင့်တိုင်းတွင် ၁၁ ဦး စုစုပေါင်း ၄၅ ဦးရှိပြီး ဓါတ်ခွဲစစ်ဆေးရာမှာ ရောဂါပိုး မတွေ့ရှိရ ကြောင်း၊ ကပ်ရောဂါ ကြိုတင်ကာကွယ်နှိမ်နှင်းရန်အတွက် သျှမ်းပြည်နယ်အတွင်း ရိုးရာဓလေ့ ပွဲတော်များ ကျင်းပမှု ရက်ရွှေ့ဆိုင်းခြင်း ဖျက်သိမ်းခြင်းများ ပြုလုပ်ရန်လိုအပ်ကြောင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ များအပါ အဝင် ခရိုင် ၊ မြို့နယ်အသီးသီးအား အကြောင်းကြားစာပေးပို့ထားသည်။

ယနေ့ ကမ္ဘာတဝှမ်း COVID 19 ရောဂါဖြစ်ပွားမှု နောက်ဆုံးအခြေအနေမှာ ရောဂါကူးစက်မှုအများဆုံး သည် တရုတ်နိုင်ငံဖြစ်ပြီး ကူးစက်သူ ၈ သောင်းကျော် ၊ ကုသပျောက်ကင်းသူ ၆၄၀၀၀ ကျော်၊ သေဆုံးသူ ၃၁၇၇ ဦးရှိကြောင်း၊ ဒုတိယ အများဆုံးမှာ အီတလီနိုင်ငံဖြစ်ပြီး ကူးစက်သူ ၁၅၀၀၀ ကျော် ကုသပျောက်ကင်းသူ ၁၂၀၀၀ ကျော် ၊ သေဆုံးသူ ၁၀၁၆ ဦး ရှိသွားပြီဖြစ်ကြောင်း၊ မြန်မာနိုင်ငံနှင့် နယ်နိမိတ်ထိစပ်နေသည့် ထိုင်းနိုင်ငံတွင်မူ ရောဂါကူးစက်ခံရသူ ရ၅ ဦး ကုသ ပျောက်ကင်းသူ ၃၅ ဦး ကုသနေဆဲ ၃၉ ဦး သေဆုံးသူ ၁ ဦး ရှိကြောင်း၊ ရောဂါကူးစက်မှုရှိသည့်နိုင်ငံအဆင့် ၄၁ ဖြစ်ကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ့်ခမ်း TNLA ဦးဆောင်ပြီး တိုက်ပွဲကြား ကျင်းပမည့် သင်္ကြန်ပွဲကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်

0
သျှမ်းပြည် နမ့်ခမ်းမြို့တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA မှ ဦးဆောင်ပြီး တိုက်ပွဲကာလအတွင်း ကျင်းပမည့် သင်္ကြန်ပွဲတော်ကြောင့် ဒေသခံများက လုံခြုံရေး စိုးရိမ်နေကြောင်း စုံစမ်းသိရသည်။ သင်္ကြန်ပွဲတော် ကာလဖြစ်သည့် ဧပြီလ ၁၄ ရက်မှ ၁၇ ရက်အထိ နမ့်ခမ်းမြို့၌ တအာင်း(ပလောင်)တပ်ဖွဲ့ TNLA မှ...

ကိုဗစ်ကာလ ပါတီများမှ လူစုလူဝေးဖြင့် အင်အားပြမဲဆွယ်သည့်အပေါ် တောင်ကြီးဒေသခံများဝေဖန်

ကိုဗစ်ကာလ နိုင်ငံရေးပါတီများမှ လူစုလူဝေးဖြင့် အင်အားပြမဲဆွယ်သည့်အပေါ် တောင်ကြီးဒေသခံများက ဝေဖန်လျက်ရှိသည်။ တောင်ကြီးမြို့ပေါ်တွင် နိုင်ငံရေးပါတီများအင်အားပြမဲဆွယ်ခြင်းကို မကြာခဏပြုလုပ်လျက်ရှိပြီး ယင်းသို့လှည့်လည်မှုကြောင့် ကိုဗစ်ဗိုင်းရပ်ပြန့်ပွားမည်ကို စိုးရိမ်မိကြောင်း တောင်ကြီးမြို့ ကိုဗစ်အထူးအဖွဲ့မှ စေတနာ့ဝန်ထမ်း ဦးဝင်နိုင်စိုးကပြောသည်။ “ပါတီတွေ မဲဆွယ်တဲ့ကာလဖြစ်နေတော့ စည်းရုံးရေးလုပ်တဲ့အခါ စနစ်တကျဖြစ်စေချင်တယ်။ ရွေးကောက်ပွဲ နီးကပ်လာတာနဲ့အမျှ လူစုလူဝေးလိုက် လမ်းပေါ်ထွက်လာကြတယ်။ Mask တွေလဲမတပ်ဘူး။...

ကိုဗစ်ကာလအစိုးရ ရက်ထပ်တိုးချိန် မောက်မယ်မြို့ ပြည်သူ့လွှတ်တော်အမတ် ဂေါက်သီးရိုက်ပြိုင်ပွဲကျင်းပ

0
ကိုဗစ်-၁၉ ကပ်ရောဂါ ကာလ  လူစုလူဝေး မပြုလုပ်ရေး  နေပြည်တော်အစိုးရမှ ဇူလိုင်လ ၁၅ ရက်အထိ တိုးမြင့်သတ်မှတ်ထား ချိန် သျှမ်းပြည်တောင်ပိုင်း မောက်မယ်မြို့  တွင်ဂေါက်သီး  ရိုက်ပြိုင်ပွဲ ကျင်းပနေကြောင်း ဒေသအတွင်း သတင်းရပ်ကွက်မှသိရပါသည်။ ၂၀၂၀ ခု ဇွန်လ ၂၇ ညနေပိုင်းက လင်းခေးခရိုင် မောက်မယ်မြို့တွင်...

ကိုဗစ်-၁၉ ကာလ လူ ၅ဦးထက် ပိုမစုဝေးရ

0
COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် လူစုလူဝေး မဖြစ်စေရန် ၅ ဦး ထက် ပိုမစုဝေး ရန် ပြည်ထောင်စု အစိုးရ ထုတ်ပြန်ထားသည်။   အဆိုပါ ထုတ်ပြန်ချက်သည် ဧပြီ ၁၆ ရက် ည ၈နာရီ သတင်းတွင် ကြေညာလိုက်သည်။ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ပိုး...

သျှမ်းတောင် နမ့်စန်တွင် လူစုလူဝေးဖြင့် ည မထွက်ရ အမိန့်ထုတ်ထား

0
သျှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့နယ်တွင် COVID-19 ပြန့်ပွားမှု ထိန်းချုပ်နို်င်ရန်အတွက် လူစုလူဝေး ဖြင့် ညမထွက်ရ အမိန့်ထုတ်ထားကြောင်း မြို့နယ်စီမံခန့်ရေး ကော်မတီမှ စုံစမ်းသိရသည်။ အဆိုပါ ထုတ်ပြန်ချက်သည် ဧပြီ ၁ ရက်နေ့ မှ ဧပြီ ၃၀ ရက်နေ့ထိ ဖြစ်ပြီး ညနေ (၇) နာရီမှ...