Wednesday, January 28, 2026

သျှမ်းတောင် နမ့်စန်တွင် လူစုလူဝေးဖြင့် ည မထွက်ရ အမိန့်ထုတ်ထား

သျှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့နယ်တွင် COVID-19 ပြန့်ပွားမှု ထိန်းချုပ်နို်င်ရန်အတွက် လူစုလူဝေး ဖြင့် ညမထွက်ရ အမိန့်ထုတ်ထားကြောင်း မြို့နယ်စီမံခန့်ရေး ကော်မတီမှ စုံစမ်းသိရသည်။

အဆိုပါ ထုတ်ပြန်ချက်သည် ဧပြီ ၁ ရက်နေ့ မှ ဧပြီ ၃၀ ရက်နေ့ထိ ဖြစ်ပြီး ညနေ (၇) နာရီမှ မနက် (၆) နာရီ ထိ အိမ်ပြင်မထွက်ရ ဟု ပါရှိပါသည်။

ထုတ်ပြန်ချက်တွင် လူစုလူဝေးဖြတ်သန်းသွားလာခြင်းမပြုရ၊ ပြည်ပမှ ပြန်လည်ဝင်ရောက်လာသူများကို ရပ်ကွက်အုပ်ချုပ်ရေးမှူး ထံ အကြောင်းကြားရမည်ဖြစ်ကြောင်း နှင့် မဖြစ်မနေ အိမ်ပြင်ထွက်ရန်လိုအပ်ပါက အများဆုံး ၃ ယောက်သာ ထွက်သင့် ကြောင်း နမ့်စန်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးညီညီအောင် ကပြောသည်။

“အဓိက လူစုလူဝေးမဖြစ်စေချင်ဘူး။ အရေးမကြီးရင် အိမ်အပြင်မထွက်စေချင်ဘူး” ဟု ဦးညီညီအောင် က ဆိုသည်။

နမ့်စန်မြို့နယ်တွင် COVID-19 စောင့်ကြည့်လူနာ ၂ ဦးရှိပြီး၊၂ ဦးစလုံး ကျန်းမာရေး ကောင်း မွန်ကြောင်း သိရသည်။

COVID-19 ရောဂါ တနိုင်ငံလုံးပြန့်ပွားနေသည့် အခြေအနေ မှာ နမ့်စန်မြို့ အနေဖြင့် တဦးကို တဦး ကူးစက်မှု မရှိအောင်၊ နောက်ပြီး မြို့ပြင်ထွက်သူ မများအောင် ထိန်းချုပ်သည့် ပုံစံဖြင့် ထုတ်လိုက်ခြင်းဖြစ်ကြောင်း နမ့်စန်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဥက္ကဌ ဦးနေဇော်နိုင် ကပြောသည်။

ထို ထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး ဦးနေဇော်နိုင် က “မြို့တွင်းကလူတွေတော့ အားလုံး လိုက်နာမှုရှိတယ်။ ဒါပေမယ့် ခရီးသွားတွေက မနေ့က လုံခြုံရေးအရ လိုက်စစ်တဲ့ချိန်ကျတော့ တာချီလိတ်ကနေ ပြန်လာတဲ့ မြန်မာပြည် နတ်မောက်မှာနေတဲ့ အလုပ်သမား ၃၀၀၊ ၄၀၀ လောက် ပြန်လာတာ ရှိတယ်” ဟု ဆိုသည်။

သျှမ်းပြည် အတွင်း COVID-19 စောင့်ကြည့် လူနာ ၉၃ ဦးရှိပြီး၊ ဆေးရုံတွင် စောင့်ကြည့် ကုသဆဲ ၅၇ ဦးရှိကြောင်း COVID-19 အတည်ပြုလူနာ ၁ဦးရှိကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

Namsang_Polling_Station

နမ့်စန်နှင့် လင်း‌ခေးမြို့နယ်တို့တွင် ရွေးကောက်ပွဲနေ့ စစ်တပ် လုံခြုံရေးတင်းကြပ်

0
သျှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့နယ်နှင့် လင်းခေးမြို့နယ်ရှိ မဲရုံများတွင် စစ်ကော်မရှင်တပ်နှင့် ၎င်းလက်အောက်ခံ ပြည်သူ့စစ်များ လုံခြုံရေး တင်းကြပ်ထားကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဒီဇင်ဘာလ ၂၈ ရက်) တွင် စစ်ကော်မရှင်ဘက်မှ ရွေးကောက်ပွဲ ပထမပိုင်းကို နမ့်စန်မြို့နယ်နှင့် လင်းခေးမြို့နယ် အပါအဝင် သျှမ်းပြည်မှ မြို့နယ် ၁၂ ခုတွင်...

သျှမ်းတောင်နှင့် ကရင်နီတွင် စစ်ရေးဖောင်ဆောင်ရန်အတွက် SSNDF တပ်သားသစ်ခေါ်ယူ

0
သျှမ်းပြည်တောင်ပိုင်းနှင့် ကရင်နီ (ကယား) ပြည်အတွင်းရှိ စစ်ကောင်စီတပ်များကို အမြန်ဆုံး တိုက်ထုတ်နိုင်ရန်အတွက် သျှမ်းတောင်အမျိုးသားများကာကွယ်ရေးတပ် SSNDF/ KNDF က တပ်သားသစ်ခေါ်ယူနေကြောင်း သတင်းရရှိသည်။ ရှေ့တန်းစစ်မျက်နှာပြင်တွင်ရှိသော စစ်ကောင်စီတပ်ကို တော်လှန်နေသည့် ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF ဗျူဟာအမှတ် (၉) မှ SSNDF/ KNDF B-103...

ပဋိပက္ခကြား မူးယစ်ဆေး သုံးစွဲမှု ပိုကြီးထွားနေ

0
“WY ဆေးနှစ်ပြားလောက် သုံးထားရင် အရမ်းကို နေလို့ကောင်းသွားတယ်၊ မပင်ပန်းဘူး” လို့ စိုက်ပျိုးရေးလုပ်ကိုင်သူ တစ်ဦးဖြစ်တဲ့ ကိုမောင်ငယ်က ပြောနေပါတယ်။ ကိုမောင်ငယ်က စိုက်ပျိုးရေးလုပ်ကိုင်သူ ဖြစ်တဲ့အလျောက် ပေါက်ပြားတစ်လက်နဲ့ ခြံဆွရတယ်။ တောတွေ ရှင်းရတယ်၊ ထင်းခုတ်ရတယ်။ ဒီအလုပ်က သူ့ရဲ့နိစ္စဓူဝ လုပ်ရတော့ ပင်ပန်းမှုတွေ ဖြစ်လာတဲ့အတွက် တစ်ရက် “၁၀၀၀”ကျပ်...

နမ့်စန်မြို့ ဖမ်းဆီးခံကျားဖြန့်များအတွက် အခမဲ့ ဝေပေးသည့်ထမင်းထုပ်ကို လဝကရုံးဝန်ထမ်းများ ပြန်ရောင်းစား

0
သျှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့တွင် ထိန်းသိမ်းခံထားရသည့် အွန်လိုင်းကျားဖြန့် ငွေလိမ်ဂိုဏ်းများအတွက် ပြည်သူမှ အခမဲ့ ဝေပေးသည့် ထမင်းထုပ်များကို လူဝင်မှုကြီးကြပ်ရေး လဝကရုံး ဝန်ထမ်းများက ပြန်ရောင်းစားနေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် မတ်လ ၂၂ ရက်တွင် စစ်ကောင်စီတပ်ဖွဲ့မှ ကျေးသီး၊ နမ့်စန်၊ ခိုလမ်နှင့် လဲချားမြို့နယ်အတွင်း ဖမ်းဆီးရမိခဲ့သည့် ကျားဖြန့်လုပ်ကိုင်သူ...

သျှမ်းပြည်တောင်ပိုင်း စစ်ရှောင်များအတွက် သန္ဓေတားဆေး ပြတ်လပ်မှုဖြစ်လာနိုင်

0
သျှမ်းပြည်တောင်ပိုင်းအတွင်း ရောက်ရှိနေသည့် စစ်ဘေးရှောင်များအတွက် ဆေးဝါးပြတ်လပ်မှု စတင်ကြုံတွေ့နေရပြီး အမျိုးသမီးများအတွက်လည်း အရေးပေါ် သန္ဓေတားဆေး ပြတ်လပ်မှု ဖြစ်လာနိုင်ကြောင်း သတင်းရရှိသည်။ လက်ရှိ ဆေးဝါးပြတ်လပ်နေသည့် စစ်ဘေးရှောင်စခန်းများမှာ ဆီဆိုင်၊ အင်းလေးဒေသ နှင့် သျှမ်း-ကရင်နီ နယ်စပ်တကြော ဖြစ်သည်။ “ကျမတို့ဆီမှာက ဆေးဝါးတွေကတော့ စပြတ်နေပြီ၊ အမျိုးသမီးတွေ အတွက်ကတော့ သန္ဓေတားဆေး...