Wednesday, January 28, 2026

တောင်ပေါ်ဒေသမျိုးဆက်သစ်များအတွက် အမှောင်ခွင်း၍ ပညာအလင်းဆောင်မယ်ဆိုတဲ့ လုံးစိုင်းလုံ

တောင်ပေါ်ဒေသမှာ ပညာရေး အားနည်းမှုကြောင့် စာအရေးအဖတ်မကျွမ်းကျင် မတတ်မြောက်သူတွေအမြောက်အများရှိနေပါတယ် ။ ပညာရေးမပြည့်ဝမှုကြောင့် တောင်ပေါ်လူထုအများစုဟာ နိုင်ငံရေးမှာလည်း စိတ်မဝင်စားကြပါဘူး။ အနာဂတ်မှာ မိမိပြည်နယ်နဲ့လူမျိုး နိုင်ငံတကာနဲ့ရင်ဘောင်တန်းနိုင်ရေးအတွက် ကနေ့ခေတ်မှာ ပညာရေးကို အဓိက ပြုပြင်ပြောင်းလဲမြှင့်တင်ဖို့ အထူးလိုအပ်နေပါပြီ။ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်က အမျိုးသားလွှတ်တော်မဲဆန္ဒနယ် အမှတ်(၃) မှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် လုံးစိုင်းလုံ တယောက်လည်း တောင်ပေါ်ဒေသမှာ ပညာရေးအခွင့်အလမ်းနည်းပါးနေတဲ့ လူငယ် ၊မျိုးဆက်သစ်တွေအတွက် ပညာရေးလမ်းခင်းပေးချင်တယ်လို့ ပြောဆိုလိုက်ပါတယ်။

လုံးစိုင်းလုံ ဟာ တောင်သူလယ်သမားအရေးတွေ၊ မြေယာကိစ္စတွေ၊ လူငယ်ဖွံ့ဖြိုး တိုးတက်ရေး တွေ စာပေ၊ယဉ်ကျေးမှု ကိစ္စတွေကို လုပ်ဆောင်ခဲ့သူတဦးဖြစ်လည်းဖြစ်ပါတယ်။ လက်ရှိမှာတော့ လုံးစိုင်းလုံ ဝင်ရောက်ယှဉ်ပြိုင်မယ့် နယ်မြေ အတွင်း ကြုံတွေ့ရတဲ့အခက်အခဲတွေ စိန်ခေါ်မှုတွေကို သျှမ်းသံတော်ဆင့် သတင်းထောက် နန်းဆိုင်ဖူး က ဆက်သွယ်မေးမြန်းထားပါတယ်။

မေး။ ။ပထမဆုံး မေးချင်တာက လုံးစိုင်းလုံ အနေနဲ့ ဘာကြောင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ( SNLD) ထဲကနေပြီးဝင်ရောက် ယှဉ်ပြိုင်ရပါသလဲရှင့်။

ဖြေ။ ။ SNLD ရဲ့ မူဝါဒ လမ်းစဉ်ကို ကြိုက်လို့ ဝင်ခဲ့ပါတယ်။ SNLD က လူမျိုးစုကို အခြေခံပြီးတော့ သွားမယ့် မူဝါဒ မဟုတ်တော့ဘူး။ ပြည်နယ်ကို အခြေခံပြီး သွားမယ့် မူဝါဒဆိုတော့ အဲတာကို ပိုပြီး သဘောကျလို့ပါ။

မေး။ ။ ဘယ်နေရာမှာ ဝင်ရောက်ယှဉ်ပြိုင်မလဲရှင့်။

ဖြေ။ ။ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် မဲဆန္ဒနယ် အမှတ်(၃) ဖြစ်ပါတယ်။ တာချီလိတ် ခရိုင်နှင့် မိုင်းဆတ်ခရိုင် ပါ။

မေး။ ။ လုံးစိုင်းလုံ ဝင်ပြိုင်မယ့် နေရာက ဘယ်လို အခက်ခဲတွေ စိန်ခေါ်မှုတွေ ရှိပါသလဲရှင့်။

ဖြေ။ ။အခက်အခဲ ဆိုတဲ့ဟာက ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး ကာလမှာ ကိုဗစ် ရောဂါကြောင့် တချို့ ရွာတွေက သိပ်အဝင်မခံတာရှိတယ်။ နောက်တချို့နေရာတွေ ကျတော့လည်း တခြားပါတီတွေ ပါတီဝင်ဖြစ်ပြီးသားဆိုတော့ ပါတီဝင်ချင်းမတူတော့ သိပ်လက်မခံချင်တဲ့ အပိုင်းလည်း ကြုံခဲ့ဖူးပါတယ်။ တခြား သိပ်ခက်ခဲတာတွေတော့ မရှိပါဘူး။

မေး။ ။ လွှတ်တော်ထဲ ရောက်သွားရင် ဘယ်အရာကို ပြုပြင်ချင်ပါသလဲရှင့်။

ဖြေ။ ။ အများအားဖြင့်တော့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေက ပြည်သူတွေအတွက် အဟန့်အတားဖြစ်နေတဲ့ ဟာကို ပိုပြီးတော့ ပြင်ဆင်ချင်ပါတယ်။

မေး။ ။ သျှမ်းအရှေ့ပိုင်းမှာဆိုရင် အများအားဖြင့် ဓာတ်သတ္တု တူးဖော်တာတွေ ရေကြီးတဲ့ ပြဿနာတွေ ရှိတယ်။ အဲ့ဒါတွေကို ပြုပြင်ပြောင်းလဲ ချင်တာတွေ ရှိပါသလားရှင့်။

ဖြေ။ ။ ရှိတာပေါ့။ ဒီ ဥပဒေ နဲ့ အညီ နောက်ဒေသအတွက် အကျိုးပြုမယ့်ဟာ မဟုတ်တဲ့ဟာတွေကျတော့လည်း ကန့်ကွက်ချင်တယ်။ ဒေသအတွက် အကျိုးဖြစ်မယ်။ နိုင်ငံတော်အတွက်လည်း အကျိုးဖြစ်မယ်ဆိုရင်တော့ ဒါကတော့ ကန့်ကွက်စရာ အကြောင်းမရှိပါဘူး။

မေး။ ။ လုံးစိုင်းလုံ အနေနဲ့ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့မယ်ဆိုရင် ပထမဆုံး အနေနဲ့ လွှတ်တော်ထဲရောက်သွားရင် ဘယ်အရာကို ဦးစားပေး လုပ်ဆောင်ချင်ပါသလဲ။

ဖြေ။ ။ ပထမဆုံးကတော့ ပြည်သူလူထုအတွက်က အများအားဖြင့် နိုင်ငံရေးမှာ စိတ်ဝင်မစားဘူး ဆိုတာကတော့ မဟုတ်ဘူး။ ဘာဖြစ်လို့တုန်းဆိုတော့ စာပေဘက်မှာ အားမသန်တာက များတယ်။ အထူးသဖြင့် တောင်ပေါ်ဒေသတွေမှာဆိုရင်တော့ စာမတတ်လို့ စာမဖတ်လို့ နိုင်ငံရေး အကြောင်း နားမလည်တာတွေရှိတယ်။ ဒါကြောင့်မလို့ ပညာရေးကို အရင်ဆုံး ဦးစားပေးပြီးတော့ လုပ်ပေးချင်ပါတယ်။

မေး။ ။ ပညာရေးကို ဘယ်လို ပြန်လည် ပြုပြင်ချင်ပါသလဲရှင့်။

ဖြေ။ ။ ဒီ ပညာရေးပိုင်းနဲ့ ပတ်သက်ပြီးတော့ ဘယ်လိုပြောမလဲ အဆင့်အတန်းရှိတဲ့ အဆင့်မြင့်တဲ့ လူတိုင်းအတွက် အသုံးပြုနိုင်တဲ့ ပညာရေးပိုင်းပေါ့။ နောက်တခုက ပညာရေးအတွက် နောက်ကျနေတဲ့ လူတွေ အတွက်အသက်မွေးဝမ်းကြောင်းမှာ အသုံးပြုနိုင်တဲ့ စနစ်ပိုင်းတွေကို ပိုပြီးတော့ ဦးစားချင် ပါတယ်။

မေး။ ။ လက်ရှိ ပညာရေးနဲ့ ပတ်သက်ပြီးတော့ ပြောပြပေးပါဦး။

ဖြေ။ ။ လက်ရှိ ပညာရေးကတော့ သိတဲ့အတိုင်း ကျက် ဖြေ ပဲလေ။ ကျောင်းကနေ သင်ပေးတဲ့အတိုင်း ဒီအတိုင်းဆိုရင် ကလေးတွေရဲ့ ပညာရေးက တွေးခေါ်မှု သိပ်မရှိဘူးပေါ့နော်။ အဲ့လိုမျိုးဖြစ်နေတာပေါ့နော်။

မေး။ ။ သျှမ်းအရှေ့ပိုင်းမှာဆိုရင် လူကုန်ကူးမှု ပြဿနာတွေ ရှိသလို လူ့အခွင့်အရေး ချိုးဖောက်တာတွေလည်းရှိတယ်။ အဲ့ဒီ ပြဿနာတွေကိုကော ဖြေရှင်းချင်ပါသလားရှင့်။ဘယ်လို ကိုင်တွယ် သွားဖို့ ရှိပါသလဲရှင့်။

ဖြေ။ ။ ဒါကတော့ အတိုင်းအတာ တစ်ခုအနေနဲ့ ကိုယ့်တတ်နိုင်တဲ့ ဘက်ကတော့ ကိုယ် ဘယ်လိုပဲ ဖြစ်ဖြစ် လူထုအတွက် အကျိုးပြုမယ်ဆိုတဲ့ဟာမျိုးကျတော့ တတ်စွမ်းသလောက်တော့ လုပ်ပေးအုံးမှာပါပဲ။

မေး။ ။ လူငယ်တွေကို နိုင်ငံရေးထဲ များများ ပါဝင်ဖို့ ဘာများ တိုက်တွန်းချင်ပါသလဲရှင့်။

ဖြေ။ ။ လူငယ်တွေကျတော့ ဘယ်လိုပဲ ဖြစ်ဖြစ် ခေတ်စနစ်အရ ပြုပြင်ပြောင်းလဲလာတဲ့ အချိန်မှာ ပညာရေးပိုင်းဆိုင်ရာ ကျတော့ မရှိမဖြစ် အရမ်းကို လိုအပ်နေတဲ့ အနေအထား ဖြစ်နေတယ်။ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံတကာနဲ့ ဆက်ဆံတဲ့ နေရာမှာ ပညာရေးက အဓိက ဖြစ်နေတဲ့အတွက် ကြောင့် အဲ့ကြောင့် ဘာပဲ ဖြစ်ဖြစ် လူငယ်တွေကလည်းပဲ ကိုယ့်ဒေသအတွက် ဒေသခံ မဖြစ်စေပဲနဲ့ ဒေသခံ ဖြစ်အောင် ဝိုင်းဝန်း ကူညီ ကြိုးစားကြပါလို့ အဲ့ဒါပဲ ပြောချင်ပါတယ်။

မေး။ ။ နောက်ဆုံး အနေနဲ့ ၂၀၂၀ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ ဘာများ ဖြည့်စွက်ပြောချင်ပါသလဲရှင့်။

ဖြေ။ ။ ၂၀၂၀ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ ဘာများပြောချင်သလဲဆိုရင် လူတိုင်းလူတိုင်းက ကိုယ့်မှာ ဆန္ဒမဲ ပေးခြင်းအားဖြင့် လူထုအတွက် အကျိုးရှိမယ် ဆိုတော့ လူတိုင်းလူတိုင်းက မဲပေးကြပါ။ မဲပေးတဲ့ နေရာမှာလည်း မှန်ကန် တဲ့ နည်းနဲ့ ဘယ်လိုပြောမလဲ တရားမျှတမှု ရှိတဲ့နည်းနဲ့ ပေးဖို့ အဲ့ဒါပဲ ပြောချင်ပါတယ်။

အခုလို အချိန်ပေး ဖြေကြားပေးအတဲ့ အတွက် ကျေးဇူးတင်ပါတယ်ရှင့်။

ကျေးဇူးတင်ပါတယ်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“သျှမ်းပြည် စစ်ရေး၊ နိုင်ငံရေး အခင်းအကျင်းပေါ်မှာ ကြီးကြီးမားမား ရိုက်ခတ်မှု ရှိနိုင်ပါတယ်”

0
ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း ပြည်သူ့ဆန္ဒမငဲ့ဘဲ တစ်နိုင်ငံလုံး ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးကို မဖြစ်မနေ ရအောင် ကျင်းပသွားပါမယ်ဆိုပြီး ဩဂုတ်လလယ်ပိုင်းမှာ ရွေးကောက်ပွဲ မဲဆန္ဒနယ်၊ ကျင်းပမည့်ရက်၊ ကျင်းပမယ့်ပုံစံ တွေကို စစ်ကောင်စီအသွင်ပြောင်း စစ်ကော်မရှင်လက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဆက်တိုက် ကြေညာခဲ့ပါတယ်။ ရွေးကောက်ပွဲကို လာမယ့် ဒီဇင်ဘာလ ၂၈ ရက်မှာ စတင်ကျင်းပမှာဖြစ်ပြီး...

“နိုင်ငံရေးအဖြေ မဟုတ်တဲ့ ရွေးကောက်ပွဲကို ဘယ်လိုမှ လက်ခံစဉ်းစားလို့ မရတဲ့အတွက်ကြောင့်မလို့ ကျနော်တို့ ရပ်တည်ချက်ကနဂိုအတိုင်းပဲ ရှိတယ်”

0
စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC ထံ မှတ်ပုံပြန်မတင်ရန်  ၂၀၂၃ မတ်လကတည်းက ဆုံးဖြတ်ထားခဲ့သည့် SNLD ပါတီ၏ သဘောထားရပ်တည်ချက်၊ တရုတ်နိုင်ငံနှင့် နိုင်ငံခြားဆက်ဆံရေး၊ သျှမ်းပြည်နိုင်ငံရေး အခြေအနေများကို သျှမ်းသံတော်ဆင့် သတင်းထောက် စိုင်းခွမ်မိန်းမှ SNLD ပါတီ  ပြောရေးဆိုခွင့်ရှိသူ စိုင်းလိတ် ထံ ဆက်သွယ်မေးမြန်းထားသည်။

SNLD ရွေးကောက်ပွဲကော်မရှင်ထံ မှတ်ပုံပြန်တင်ရန် ကိစ္စ ဆွေးနွေးမှုပြုလုပ်နေ

0
သျှမ်းလူထုထောက်ခံမှုအများဆုံးရသည့် ပါတီဖြစ်သည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) ပါတီ မှတ်ပုံပြန်တင်ရန်၊ မတင်ရန် ကိစ္စနှင့် ပတ်သက်ပြီး ဆွေးနွေးမှုများ ပြုလုပ်နေကြောင်း စုံစမ်းသိရသည်။ စစ်ကောင်စီလက်အောက်တွင် ကျင်းပမည့် ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ရန် အတွက် ယခုရက်ပိုင်းတွင် လူမျိုးစုများဘက်မှ နိုင်ငံရေးပါတီများအဖြစ် ထပ်မံဖွဲ့စည်းခဲ့ကြပြီး ရွေးကောက်ပွဲ...

အာဏာရှင်စနစ်နှင့် ထောက်တိုင်များ အပြီးတိုင် ဖယ်ရှားရန် သျှမ်းပါတီ SNLD တိုက်တွန်း

0
ကမ္ဘာ့ စံချိန်တင် ကြာရှည်နေသည့် ပြည်တွင်းစစ်သည် အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကို လက်မခံသည့် အာဏာရှင်အဆက်ဆက်၏ ကျဉ်းမြောင်းယုတ်ညံ့သော နိုင်ငံရေးကလိမ်ကျမှုကြောင့် သက်ဆိုးရှည်နေခြင်း ဖြစ်သည်ဟုလည်း SNLD ပါတီက ယနေ့ ထုတ်ပြန်သည်။ အာဏာရှင်စနစ်နှင့် ယင်း၏ထောက်တိုင်များအား အပြီးတိုင်ဖယ်ရှားမှသာ နိုင်ငံရေး ပြဿနာ အရပ်ရပ်ကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းနိုင်မည်ဖြစ်ပြီး ခေတ်အခြေအနေနှင့်...

SNLD အတွင်းရေးမှူးဟောင်း ဦးစိုင်းတင်လှိုင်ကွယ်လွန်

0
ရှမ်းတိုင်းရင်းသားများ ဒီမီကရေစီအဖွဲ့ချုပ် SNLD (ကျားခေါင်းပါတီ) ၏ အတွင်းရေးမှူးဟောင်း ဦးစိုင်းတင်လှိုင် ယနေ့ (မေလ ၁၇) ရက် နံနက်အစောပိုင်းတွင် ကွယ်လွန်သွားကြောင်း သိရသည်။ SNLD အတွင်းရေးမှူးဟောင်း ဦးစိုင်းတင်လှိုင်သည် လူကြီးရောဂါဖြင့် နေအိမ်တွင်ကွယ်လွန်သွားခြင်းဖြစ်ပြီး ကွယ်လွန်ချိန်၌ အသက် ၈၄ နှစ်အရွယ်ရှိပြီဖြစ်ကြောင်း SNLD ရုံးအဖွဲ့မှူး...