Tuesday, April 16, 2024

သျှမ်းပြည်တဝှမ်း ကိုဗစ်လူနာ ၁၂၅ဦး ထိ ရှိလာပြီး

Must read

သျှမ်းပြည်တွင် ကိုဗစ်-၁၉ အတည်ပြု လူနာ စုစုပေါင်း ၁၂၅ ဦးရှိကြောင်း စုံစမ်းသိရှိရသည်။

အောက်တိုဘာ ၂၆ ရက်နေ့အထိ ကိုဗစ်-၁၉ အတည်ပြုလူနားများမှာ သျှမ်းပြည်တောင်ပိုင်းတွင် (၇၈) ဦးရှိပြီး၊ သျှမ်းပြည်အရှေ့တွင် (၁၁) ဦး နှင့် သျှမ်းမြောက်တွင် (၃၆) ဦးရှိကြောင်း သက်ဆိုင်ရာ တာဝန်ရှိသူများထံမှ စုံစမ်းသိရှိရသည်။

“သျှမ်းတောင်မှာ ကိုဗစ်-၁၉ အတည်ပြု လူနာ ၇၈ ဦးရှိပါပြီ။ လက်ရှိ ဆေးကုသမှု ခံယူနေတာက ၂၃ ဦး ရှိပါတယ်” ဟု သျှမ်းပြည်နယ် ကျန်းမာရေး နှင့် ကုသရေး ဦးစီးဌာနမှူး ဒေါက်တာ သူဇာချစ်တင် ကပြောသည်။

လက်ရှိ သျှမ်းတောင်မှာ ဆေးကုသမှု ခံယူနေသည့် ကိုဗစ် -၁၉ အတည်ပြု လူနာ ၂၃ ဦးသည် စဝ်စံထွန်းဆေးရုံမှာ (၇) ဦး၊ ကလောပြည်သူ့ဆေးရုံမှာ (၁၀) ဦး နှင့် အောင်ပန်းကုတင် (၇၀၀) ဆေးရုံမှာ ၆ ဦး ရှိကြောင်း သျှမ်းပြည်နယ် ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ဇဝနကို ကပြောသည်။

“သျှမ်းရှေ့မှာက အတည်ပြု လူနာ ၁၁ ဦးရှိပြီး လက်ရှိဆေးကုသမှု ခံယူနေတာ ၂ ဦးပဲ ကျန်ပါတော့တယ်။ မိုင်းပျဉ်းဆေးရုံမှ ဆေးကုသမှု ခံယူနေပါတယ်။” ဟု သျှမ်းပြည်အရှေ့ပိုင်း လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ဘစိုးသက် ကပြောသည်။

သျှမ်းပြည်မြောက်ပိုင်းတွင် ကိုဗစ်-၁၉ အတည်ပြု လူနာ ၃၆ ဦးရှိကြောင်း စုံစမ်းသိရှိရသည်။

ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာ စုစုပေါင်း (၁၂၅) ဦး အနက် ဓါတ်ခွဲခန်းမှ ကိုဗစ် အတည်ပြု လူနာ (၉၆) ဦးရှိပြီး RDT test ဖြင့် ကိုဗစ်-၁၉ အတည်ပြု လူနာ (၂၉ ) ဦး ရှိကြောင်း သျှမ်းပြည်အစိုးရထံမှ စုံစမ်းသိရှိရသည်။ သျှမ်းပြည်တစ်ဝှမ်းတွင် ကိုဗစ်-၁၉ အတည်ပြု လူနာမှ ဆေးရုံဆင်းခွင့် ရသူ (၆၁) ဦးရှိပြီး ၁ ဦးသေဆုံး ခဲ့ကြောင်း သျှမ်းပြည်နယ် လူမှုရေး ဝန်ကြီး ဒေါက်တာမျိုးထွန်းထံမှ စုံစမ်းသိရှိရသည်။

အောက်တိုဘာ ၂၆ ရက်နေ့ ည ၈ နာရီ ထိ ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် ကိုဗစ် -၁၉ အတည်ပြု လူနာ စုစုပေါင်း (၄၆,၂၀၀) ဦးရှိပြီး လက်ရှိ လူနာ (၁၉,၀၇၁) ဦး နှင့် သေဆုံးသူ (၁,၁၂၂) ဦးရှိကြောင်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article