တောင်ကြီးတွင် ကိုယ်စားလှယ်လောင်းတစ်ဦးသာ ဝင်ရောက်ယှဉ်ပြိုင်မည့် ကျားဖြူပါတီ

ကျားဖြူပါတီဟုလူသိများသော ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ် (SNDP) ပါတီအနေဖြင့် ရွေးကောက်ပွဲတွင် တောင်ကြီးမြို့နယ် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် အမှတ် (၁) နေရာ၌ ကိုယ်စားလှယ်လောင်းတစ်ဦးသာ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။

တောင်ကြီးမြို့နယ်အတွင်း ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် အမှတ် (၁) တွင် ကျားဖြူပါတီမှ စဝ်မျိုးတင့် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး ၎င်းသည် ညောင်ရွှေမြို့နယ်၊ စံကားဒေသမှ စံကားစော်ဘွားစဝ်ခွန်ကြည်၏ သားဖြစ်သည်။

စဝ်မျိုးတင့်သည် အငြိမ်းစားကျောင်းဆရာတစ်ဦးဖြစ်ပြီး လက်ရှိ (DNNA Private School Taunggyi) တွင် အထက်တန်း ပြဆရာတစ်ဦးအဖြစ် လုပ်ကိုင်လျက်ရှိကာ ပြည်နယ်အတွင်း ပညာရေးနှင့်သက်ဆိုင်သည့် ပြုပြင်ပြောင်းလဲရေးများ အဓိကလုပ်ဆောင်ရန် ဆန္ဒဖြင့် ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်ကြောင်း သိရသည်။

“ကျနော် တို့ဒေသမှာ ပညာရေးနဲ့ပတ်သက်ပြီး ဆုံးခန်းတိုင်အောင် မသင်ကြားနိုင်တဲ့ ကျောင်းသား/ကျောင်းသူတွေ၊ ပညာရေးရဲ့ အရသာကို သိပ်မခံစားလိုက်ရဘူး။ သူတို့အတွက် အခမဲ့ အဆောင်တွေဖွင့်ပေးပြီး သူတို့အတွက် လုပ်ဆောင်ပေးချင်တယ်” ဟု စဝ်မျိုး တင့်ကပြောသည်။

လက်ရှိပညာရေးနှင့်ပတ်သက်၍ ကျောင်းစာသင်ရိုးညွှန်းတမ်းများကို လက်တွေ့လုပ်ဆောင်ရာတွင် အားနည်းချက် ကြီးကြီးမားမားရှိနေကြောင်း ၎င်းကဝေဖန်သည်။

“ကျောင်းသားတွေ စာတွေ့ပဲရှိတယ်။ ကျောင်းသားတွေအနေနဲ့ လက်တွေ့အခန်းကဏ္ဍက အားနည်းနေတဲ့အတွက် လက်တွေ့လုပ်ဆောင်ချက်တွေနဲ့ သင်ယူစေချင်တယ်” ဟု စဝ်မျိုးတင့်ကပြောသည်။

၎င်းအနေနှင့် ဒေသတွင်း တောင်သူများအတွက် သီးနှံဈေးကွက် ဖန်တီးပေးနိုင်ရန်နှင့် သီးနှံအလေအလွင့်မဖြစ်အောင် တစ်နိုင်တစ်ပိုင် အိမ်တွင်းမှုလုပ်ငန်းများကိုလည်း ဖော်ဆောင်ပေးချင်ကြောင်း ပြောသည်။

“အနိုင်ရခြင်း/မရခြင်းက ပြည်သူတွေအပေါ် မူတည်တယ်။ ပြည်သူ့အကျိုးကို လုပ်ဆောင်ပေးနိုင်ဖို့ အဓိကတော့ လွှတ်တော်ထဲရောက်ဖို့လိုပါတယ်။ လွှတ်တော်ထဲမပါခဲ့ရင်တောင် လွှတ်တော်ပြင်ပကနေ ကူညီပေးသွားမယ်လို့ ဆုံးဖြတ်ထားပါတယ်” ဟု စဝ်မျိုးတင့်က ပြောသည်။

ကျားဖြူပါတီ အနေဖြင့် သျှမ်းပြည် တစ်ခုလုံးရှိ ၃၉ မြို့နယ်တွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး အမျိုးသားလွှတ်တော်နေရာတွင် ၁၀ ဦး၊ ပြည်သူ့လွှတ်တော်နေရာတွင် ၃၂ ဦး၊ ပြည်နယ်လွှတ်တော်တွင် ၆၄ ဦး ဝင်ပြိုင်မည်ဖြစ်ပြီး မန္တလေးတိုင်းနှင့် ကချင်ပြည်နယ်တို့တွင် တိုင်းရင်းသားရေးရာဝန်ကြီးနေရာများတွင် တစ်ဦးစီဖြင့် စုစုပေါင်း ၁၀၈ ဦး ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

ကျားဖြူပါတီအနေဖြင့် ပြီးခဲ့သည့် ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲတွင် ပြည်နယ်ဝန်ကြီး ခြောက်ဦးနှင့် လွှတ်တော်ကိုယ်စားလှယ် ၅၈ ဦးအနိုင်ရရှိခဲ့သော်လည်း ၂၀၁၅ ရွေးကောက်ပွဲတွင် ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းပန်မြို့နယ်တစ်နေရာသာ အနိုင်ရခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီး လူငယ်တဦး ပေါ်တာဆွဲခံရ၊ ပြန်ထုတ်ရန်ပွဲစားငှားရမ်းရာ လိမ်ခံရပြန်

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် စစ်ကော်ရှင်တပ်က လူငယ်တဉီးကို ဖမ်းဆီးပေါ်တာဆွဲခဲ့ရာ မိသားစုဝင်များ ကလူငယ်ကို ပြန်ထုန်ရန် အတွက် ပွဲစားငှားရမ်းရာာတွင် လိမ်ခံရပြန်ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ ပထမပတ်တွင် စစ်ကော်မရှင်၏ တပ်သားများသည် ညဈေးမှမုန့်ဝယ်ပြီး နေအိမ်သို့ ပြန်လာသည့် တောင်ကြီးမြို့ခံ အသက် (၂၈) နှစ်အရွယ် အမျိုးသားတစ်ဦးကို...

တောင်ကြီး လမ်းဘေးစျေးသည်များကို စည်ပင်က ရိုက်နှက်ပြီး ပစ္စည်းများ သိမ်းဆည်း

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ မြို့မဈေးအနီးရှိ လမ်းဘေးဈေးသည်များကို စည်ပင်က ရိုက်နှက်ပြီး ပစ္စည်းများ သိမ်းဆည်းသွားကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဩဂုတ်လ ၁၂ ရက်တွင် တောင်ကြီးမြို့ နံနက်ခင်းဈေးတခုတွင် လမ်းဘေးဈေးသည်များကို “ဈေးမသိမ်း”ဟူသော အကြောင်းပြချက်ဖြင့် စည်ပင်များကို ဝင်ရောက်ရိုက်နှက်ကာ ပစ္စည်းများကို သိမ်းဆည်းကာ ကားပေါ်တင်သွားကြောင်း သိရသည်။ အဆိုပါ...

ယာဉ်နံပတ်ပွား ဆီထုတ်မှုကြောင့် QR အသစ် ပြန်လျှောက်ရမည်

0
သျှမ်းပြည်အတွင်း စက်သုံးဆီများကို တန်းစီဝယ်ရာတွင် ယာဉ်နံပတ်များကို ပွားပြီး ဝယ်ယူမှုများတွေ့ရှိနေသဖြင့် ယာဉ်ပိုင်ရှင်များ QR ကုတ်အသစ် ပြန်လည်လျှောက်ထားရမည်ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန က ယမန့်နေ့ (ဇူလိုင် ၃၀)ရက်တွင် ထုတ်ပြန်ခဲ့သည်။  ထို QR ကုတ် အသစ် ပြန်လည်လျှောက်ထားရာတွင် မော်တော်ယာဉ်မှတ်ပုံတင် သက်သေခံ လက်မှတ် အစစ်အမှန်ဖြစ်ကြောင်း သက်ဆိုင်ရာ (ကညန)၏ ထောက်ခံချက်...

သျှမ်းတောင်တွင် ဝက်နာကျ သေဆုံးမှုဖြစ်ပြီးနောက် ဝက်သားစျေးကျ

0
သျှမ်းပြည်တောင်ပိုင်းတွင် ဝက်နာရောဂါဖြစ်ပွားပြီး ဆက်တိုက်သေဆုံးမှုများလာပြီးနောက် ဝက်သားစျေးနှုန်း ကျဆင်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇွန်လမှစပြီး သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်တွင် ဝက်နာရောဂါ စတင်ဖြစ်ပွားခဲ့ပြီးနောက် သေဆုံးမှု များရှိခဲ့ပြီးနောက် ဝက်သားဈေးနှုန်းများ ကျဆင်းလာပြီး ဝက်ဝယ်သူများလည်း နည်းပါးလာကြောင်း သိရသည်။ “ဝက်ကလည်း ရောင်းချင်နေပြီ ဝယ်သမားကလည်း မရှိဘူး၊ အရင်က သိန်း (၃၀)...

တောင်ကြီးတွင် ခွေးများကို ပစ်မှတ်ထား အစာအဆိပ်ခတ်ခံနေရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် အိမ်မွေးခွေးနှင့် လမ်းဘေးခွေးများကို ပစ်မှတ်ထားပြီး အစာအဆိပ်ခတ် နေသည့် အုပ်စုများရှိနေကြောင်း စုံစမ်းသိရသည်။ တောင်ကြီးမြို့တွင် အိမ်မွေးခွေးနှင့် လမ်းဘေးခွေးများကို ပစ်မှတ်ထားပြီး ထမင်းကဲ့သို့သော အစားအစာများဖြင့် အဆိပ်ခတ်သည့် ဖြစ်စဉ်သည် နေ့စဉ်နှင့်အမျှ ဖြစ်လာကြောင်း၊ ထိုအဆိပ်ခတ်နေသည့် ပုံစံသည် တူညီမှုများရှိနေသဖြင့် ခွေးများကို ဉီးတည်ပြီး သတ်နေသည့်...