တောင်ကြီး တွင် Quarantine ဝင်နေသူ ( သို့) ကိုဗစ် Positive ဧည့်စာရင်းများ ကြိုတင်မဲပေးရန် ခက်ခဲ

သျှမ်းပြည်တွင် Quarantine ဝင်နေသူ များ ၂၀၂၀ ရွေးကောက်ပွဲအတွက် ကြိုတင်မဲပေးခွင့်ရှိသည်ဟုဆိုသော်လည်း နယ်သား/ဒေသခံ မဟုတ် (ဧည့်စာရင်းဖြစ်နေ) ပါက မဲပေးရန် ခက်ခဲကြောင်း သတင်းရရှိသည်။

Photo by Win Naing Soe/ Facebook

၂၀၂၀ ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပရန် ၁၅ ရက်သာကျန်ရှိချိန်၊ မြန်မာနိုင်ငံတဝှမ်း ကိုဗစ်-၁၉ ကူးစက်မှုနှုန်းသည်လည်း တရက်လျှင် တထောင်ကျော် တိုးလာနေပါသည်။ အလားတူ သေဆုံးသူဦးရေ မှာ လည်းမြင့်တက်လာပါသည်။

ကိုဗစ်-၁၉ သံသယလူနာ နှင့် ကိုဗစ်-၁၉ လူနာနှင့်ထိတွေ့သူများလည်း တရက်လျှင် ထောင်ချီရှိနေကြောင်း သိရသည်။

ထို့ကြောင့် ရွေးကောက်ပွဲ မတိုင်ခင် Quarantine ဝင်နေသူများနှင့် ကိုဗစ်-၁၉ လူနာအတွက် ကြိုတင်မဲပေးနိုင်ရန် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က စီစဉ်ထားသည်။
တစ်ခြားမြို့နယ်မှ လာပြီး တောင်ကြီးမြို့နယ်တွင် Quarantine ဝင်ရပါက ကြိုတင်မဲ ပုံစံ ၁၅ ကိုလျှောက်ထား နိုင်သော်လည်း မဲပေးနိင်ရန် အတွက် အခက်အခဲအနည်းငယ် ရှိကြောင်း သျှမ်းပြည် ရွေးကောက်ပွဲ ကော်မရှင် အတွင်းရေးမှူး ဦးဇော်မြင့်ဝင်း က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ နယ်မြေကျော်ကလာပြီး Quarantine ဝင်ရင်တော့ မဲဆန္ဒရှင်ရဲ့ ပုံစံ ၁၅ ကို သက်ဆိုင်ရာမြို့နယ်ကနေ Email, Fax နဲပို့ရတာ လွယ်ပေ့မဲ့ မဲလက်မှတ်ကတော့ သက်ဆိုင်ရာမြို့နယ်ကို ပို့လို့မရဘူး ” ဟု ရွေးကောက်ပွဲကော်မရှင် အတွင်းရေး မှူး ဦးဇော်မြင့်ဝင်းက ပြောသည်။

အလားတူ တစ်ခြားမြို့နယ်မှ လာပြီး Positive လူနာဖြစ်ပါက မဲပေးနိင်ရန် အခက်အခဲရှိကြောင်းလည်း ဦးဇော်မြင့်ဝင်း က ဆိုသည်။

တောင်ကြီးမြို့နယ်တွင် Quarantine ဝင်ထားရသူများ ကြိုတင်မဲပေးနိုင်ရန်အတွက် အောက်တိုဘာ ၂၅ ရက် ပုံစံ (၁၅) နောက်ဆုံးလျှောက်ထားရမည် ဖြစ်သည်။

“တောင်ကြီးမြို့နယ်မှာ Quarantine ဝင်လာတဲ့သူတွေက ၂၅ ရက်နေ့ နောက်ဆုံးထားပြီး ကြိုတင်မဲ လျှောက်ထားလို့ရ မယ်။ တခြားမြို့နယ်ကနေပြီးတော့ Quarantine လာဝင်ရင်တော့ မဲပေးဖို့တော့ ခက်ခဲမှုရှိမယ်” ဟု ဦးဇော်မြင့်ဝင်း က သျှမ်းသံတော်ဆင့်ကိုပြောသည်။
ကြိုတင်မဲပေးကို အောက်တိုဘာ ၂၉ ရက်မှစပြီး နိုဝင်ဘာ ၄ ရက်နေ့ထိ မဲပေးနိင်ကြောင်းသိရသည်။

ထိုကြိုတင်မဲပေးနိင်ရန်အတွက် Quarantine ဝင်ထားသူများ၊ မသန်စွမ်းသူများ နှင့် အသက် ၆၀ နှင့် အထက်ရှိသူများကို ဦးစားပေးစီစဉ်ထားပေးသည်ဟုလည်း သိရသည်။
ထို့ကြောင့် ကြိုတင်မဲကို အောက်တိုဘာ ၂၉ ရက်တစ်ကြိမ် နှင့် နိုဝင်ဘာ ၂ ရက်နေ့ တစ်ကြိမ် ကောက်ယူသွား မည်ဖြစ်ကြောင်းသိရသည်။

တောင်ကြီးမြို့နယ်တွင် Quarantine center ဝင်ထားသူ စုစုပေါင်း (၇၀၀) ကျော်ရှိကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးမင်းထိုက် ကပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့ပြင်ဘက် စစ်တပ် က ဖုန်းများ စစ်ဆေးနေ

0
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့ပြင်ဘက်တွင် စစ်ကောင်စီတပ်သားများက လမ်းသွားလမ်းလာများကို တားဆီးကာ ဖုန်းများကို စစ်ဆေးမှု ပြုလုပ်နေကြောင်း သတင်းရရှိသည်။ ယခုတစ်ပတ်အတွင်း တောင်ကြီးမြို့ သျှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ်ဘက်သို့ သွားသည့်လမ်းတွင် စစ်ကောင်စီတပ်သားများက ဆိုင်ကယ်များကို တားဆီးပြီး ဖုန်းအတွင်းရှိ အချက်အလက်များနှင့် အွန်လိုင်းလောင်းကစားဆိုင်ရာ အသုံးပြုမှုများကို စစ်ဆေးနေကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့သည့် အသက်...

ဘဏ်အကောင့်ဖွင့်ပေးမည်ဆိုပြီး မှတ်ပုံတင်များကို ပုံရိုက်ယူကာ ကျားဖြန့်ထံရောင်းစားသူများရှိ

0
သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့နယ်အတွင်းတွင် ကားရပ်နားရာ နေရာများနှင့် အခြားသော လူသွားလူလာ များပြားသည့် နေရာများတွင် လူတစုမှ ဧရာဝတီဘဏ်အကောင့်နှင့် ကမ္ဘောဇဘဏ် အကောင့် ဖွင့်ပေးမည်ဆို၍ မှတ်ပုံတင်နှင့် မျက်နှာကို ပုံရယူကာ ကျားဖြန့်များထံ ရောင်းစားမှုရှိနေကြောင်း စုံစမ်းသိရသည်။ သျှမ်းတောင်၊ တောင်ကြီးမြို့နယ် အောင်ပန်းမြို့ ဘက်တွင် သက်လတ်ပိုင်းလူတစုက...

တောင်ကြီး ရပ်ကွက်အချို့ စစ်တပ်က ဧည့်စာရင်းလိုက်လံစစ်ဆေး အသက်ပြည့်သူများကို စစ်မှုထမ်းရန် စာရင်းသွင်း

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ ရပ်ကွက်အချို့တွင် စစ်တပ်က ဧည့်စာရင်းလိုက်လံ စစ်ဆေးပြီး အသက်ပြည့်သည့် လူငယ်အမျိုးသားများကို စစ်မှုထမ်းရန် စာရင်းသွင်းထားကြောင်း သတင်းရရှိသည်။ စစ်ကော်မရှင်တပ်သည် တောင်ကြီးမြို့အတွင်း စစ်ဘေးလာရှောင်သူများကိုလည်း တစ်လတစ်ကြိမ် ပုံမှန် ဧည့်စာရင်းတိုင်ခိုင်းနေပြီး ရပ်ကွက်အတွင်း စစ်မှုထမ်းရန်လူလိုလျှင် အသက်ပြည့်ပြီးသည့် လူငယ် စစ်ဘေးရှောင်များကိုလည်း စစ်မှုထမ်းရန် စာရင်းသွင်းခိုင်းထားကြောင်း ဒေသခံများက...

ရက် ၁၀၀ စီမံချက်အပြီး နိုင်ငံခြားကုန်စည် သွားတိုက်ဆေး ပါ တင်ခွင့်မပြု

0
စစ်ကောင်စီ၏ ရက် ၁၀၀ စီမံချက်ကာလ ပြီးဆုံးသော်လည်း သျှမ်းပြည်အတွင်း နိုင်ငံခြား ကုန်စည်များ တင်ဆောင်သည့် ကားများကို စစ်ဆေးဖမ်းဆီးမှုများ ဆက်လက်ရှိနေပြီး နိုင်ငံခြားကုန်ပစ္စည်းဖြစ်သည့် သွားတိုက်ဆေးပါ တင်ခွင့်မပြုကြောင်း သတင်းရရှိသည်။ လက်ရှိ သျှမ်းပြည် တောင်ပိုင်း ကျေးသီး၊ လဲချား၊ မိုင်းပွန်၊ တောင်ကြီး ၄ မိုင်...

တောင်ကြီး လူငယ်တဦး ပေါ်တာဆွဲခံရ၊ ပြန်ထုတ်ရန်ပွဲစားငှားရမ်းရာ လိမ်ခံရပြန်

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် စစ်ကော်ရှင်တပ်က လူငယ်တဉီးကို ဖမ်းဆီးပေါ်တာဆွဲခဲ့ရာ မိသားစုဝင်များ ကလူငယ်ကို ပြန်ထုန်ရန် အတွက် ပွဲစားငှားရမ်းရာာတွင် လိမ်ခံရပြန်ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ ပထမပတ်တွင် စစ်ကော်မရှင်၏ တပ်သားများသည် ညဈေးမှမုန့်ဝယ်ပြီး နေအိမ်သို့ ပြန်လာသည့် တောင်ကြီးမြို့ခံ အသက် (၂၈) နှစ်အရွယ် အမျိုးသားတစ်ဦးကို...