သျှမ်းပြည်တွင် ကိုဗစ်-၁၉ အတည်ပြု လူနာ ၁၆ ဦး ထပ်မံတွေ့ရှိကြောင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီး ဌာနက ယနေ့ (အောက်တိုဘာ ၂၂) ရက် ည ၆ နာရီ ထုတ်ပြန်ချက်အရ သိရသည်။

အောက်တိုဘာ ၂၁ ရက်နေ့ ဓာတ်ခွဲစစ်ဆေးမှုများတွင် တွေ့ရှိခဲ့သော ဓာတ်ခွဲအတည်ပြု လူနာ (၁,၁၉၄) ဦးအရ သျှမ်းပြည်တောင်ပိုင်း နှင့် မြောက်ပိုင်း တို့ပါဝင်ကြောင်း သိရသည်။
အဆိုပါ တွေ့ရှိလူနာ ၁၆ ဦးမှာ သျှမ်းပြည်တောင်ပိုင်း ကလော (၇) ဦး၊ ဆီဆိုင် (၁) ဦး၊ တောင်ကြီး (၁) ဦး နှင့် သျှမ်းပြည်မြောက်ပိုင်း မူဆယ် (၄) ဦး၊ သီပေါ(၁) ဦး၊ ကျောက်မဲ (၁) ဦး နှင့် လားရှိုး (၁) ဦးတို့ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ရေးသားထားသည်။
ထို့ကြောင့် ယနေ့ အချိန်ထိ သျှမ်းပြည်အတွင်း ကိုဗစ်-၁၉ ကူးစက်ခံရလူနာ စုစုပေါင်း (၉၆) ဦး ရှိပြီး၊ သေဆုံးသူ ၁ ဦးရှိကာ၊ ဆေးရုံမှ ဆင်းခွင့်ရသူ ၅၂ ဦးရှိကြောင်း သျှမ်းပြည်အစိုးရထံ စုံစမ်းသိရှိရသည်။
မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ အတည်ပြု လူနာ စုစုပေါင်း (၃၉၆၉၆) ဦးရှိပြီး ပြန်လည် သက်သာလာသူ ( ၁၈၈၆၅) ဦး နှင့် သေဆုံးသူ ( ၉ ၇၂) ဦး ရှိကြောင်း အောက်တိုဘာ ၂၁ ရက်ည ၈ နာရီ မှကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။












Leave a Comments